Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 29 May 2013

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ကွန်ကရစ်တုံးပေါင်း ရှစ်သောင်း ခုနစ်ထောင် ချထားပြီးဖြစ်


ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးမှာ ယာဉ်မတော်တဆမှုများ မဖြစ်စေဖို့
အတွက် ကွန်ကရစ်တုံးများ ချထားမှုတွေ ပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။ ဒီလို ပြုလုပ် လျက်ရှိရာ မှာတော့ အခုလက်ရှိ အမြန် လမ်းမကြီး ပေါ်မှာ ကွန်ကရစ်တုံးပေါင်း ရှစ်သောင်း ခုနစ်ထောင် ချထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ကွန်ကရစ်တုံးကြီး များကို စီမံချက်တွေနဲ့ ဆက်လက် ချထားသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အမြန်လမ်းမကြီးပေါ်မှာ ကျွဲ၊နွား များ မဖြတ်နိုင်အောင် ခြံစည်းရိုး ကာရံမှုများ ကိုလည်း နှစ်အလိုက် စီမံချက်များ ချမှတ်ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်မှုတွေ အပြင် အမြန်လမ်းမကြီး တစ်လျှောက် လမ်းဘေးနေရာ များမှာ အမျိုးသား၊ အမျိုးသမီး သန့်စင်ခန်းများ တည်ဆောက်မှုများ ဆောင်ရွက်လျက် ရှိပါတယ်။

ဒါ့အပြင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်လျှောက်မှာ မော်တော်ယာဉ်များ အန္တရာယ် မဖြစ်စေရေး အတွက် တစ်နာရီကို  ကီလိုမီတာ ၁၀၀ နှုန်း အထိသာ မောင်းနှင်ဖို့ သတ်မှတ် ထားတယ်လို့ သိရပါတယ်။ သတ်မှတ် မိုင်နှုန်းထက် ပိုမောင်းကျော်လွန် မောင်းနှင်တဲ့ မော်တော်ယာဉ် များကိုလည်း ဧပြီလ ၁ ရက်နေ့မှ စတင်ပြီး အရှိန်ထိန်းတိုင်း စက်အသုံးပြုပြီး ဖမ်းဆီး အရေးယူမှုတွေ ပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့