Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 29 May 2013

တောင်ကိုးရီးယားနိုင်ငံရှိ အရာရှိများမှ မိမိတို့၏ ပိုင်ဆိုင်မှု စာရင်းများကို တရားဝင် ထုတ်ပြန်


တောင်ကိုးရီးယား အစိုးရ၏ အများပြည်သူ ကိုယ်ကျင့်သိက္ခာဆိုင်ရာ ကော်မတီ (the Government Public Ethic Committee) မှ
တောင်ကိုးရီးယား သမ္မတ Park Geun-hye အပါအ၀င် ကက်ဘိနက် အဖွဲ့ဝင်များ ဖြစ်သော ၀န်ကြီးချုပ် Chung Hong-won နှင့် ထိပ်တန်း အရာရှိကြီး ၂၇ဦးတို့၏ ကိုယ်ပိုင်ဥစ္စာ ပစ္စည်း ကြွယ်ဝမှုများကို ဖော်ပြခဲ့သည်။

တောင်ကိုးရီးယား အစိုးရ ထိပ်တန်း အရာရှိကြီးများ၏ ပျှမ်းမျှ ချမ်းသာကြွယ်ဝမှုမှာ ၀မ် ၁.၈၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၆၄ သန်း) ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သမ္မတ Park Geun-hye ၏ ချမ်းသာ ကြွယ်ဝမှုမှာ ၀မ်ငွေ ၂.၅၆ ဘီလီယံ ဖြစ်ပြီး ၀န်ကြီးချုပ် ချန်ဟွန်ဝန်၏ ချမ်းသာ ကြွယ်ဝမှုမှာ ၀မ်ငွေ ၁.၈၇ ဘီလီယံ ဖြစ်ကြောင်း တွေ့ရ သည်။ အနည်းဆုံးမှာ တောင်မြောက် ပေါင်းစည်းရေး ၀န်ကြီး Ryoo Kihl-jae ဖြစ်ပြီး ၀မ်ငွေ ၁၇၅ မီလီယံ ဖြစ်ပြီး အချမ်းသာဆုံးမှာ ကျားမ တန်းတူညီမျှရေးနှင့် မိသားစုရေးရာ ၀န်ကြီး Cho Yoon-sun ဖြစ်ပြီး ၀မ်ငွေ ၄.၆၉ ဘီလီယံချမ်းသာ ကြွယ်ဝကြောင်း ဖော်ပြထားသည်။

Source: Yonhap


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့