Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 29 May 2013

ဇွန်လ ၁ ရက်နေ့မှ စတင်ကာ အာဇာနည် ဗိမာန်ကို ပုံမှန်ဖွင့်လှစ် သွားမည်


ရန်ကုန်တိုင်း ဒေသကြီး ၊ဗဟန်း မြို့နယ်ရှိ အာဇာနည် ဗိမာန်ကို ပြန်လည် မွန်းမံမှုများ ဆောင်ရွက်ကာ အများ ပြည်သူများ လေ့လာ ဂါရ၀ပြုနိုင်ရေး အတွက်
လာမယ့် ဇွန်လ ၁ ရက်နေ့က စတင်ပြီး ဖွင့်လှစ်ပေး သွားမှာ ဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီရဲ့ သတင်းများ အရ သိရပါတယ်။ အဆိုပါ အာဇာနည် ဗိမာန်ကို့ တနင်္လာ နေ့တိုင်းနဲ့ ပြန်တမ်းဝင် ရုံးပိတ်ရက်များမှ အပ ကျန်ရက်များမှာ နေ့စဉ် ဖွင့်လှစ်ပေး သွားမှာဖြစ်ပြီး နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ် ပေးသွားမှာ ဖြစ်ပါတယ်။
 
အာဇာနည် ဗိမာန် ၀င်ကြေး အနေနဲ့ လူကြီး တစ်ဦးကို ၂၀၀ ကျပ်နဲ့ ကလေး တစ်ဦးကို ၁၀၀ ကျပ် နှုန်းကောက်ခံ သွားမှာ ဖြစ်ပြီး မူလတန်းမှ တက္ကသိုလ် အထိ ကျောင်းသား၊ ကျောင်းသူများ ကိုတော့ ကျောင်းသား ကတ်ပြားများနဲ့ အခမဲ့ ၀င်ခွင့်ပြု သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံခြားသား တစ်ဦး ကိုတော့  အမေရိကန် ၃ ဒေါ်လာနှုန်း ကောက်ခံ သွားမှာဖြစ်ပြီး အာဇာနည်နေ့ မှာတော့ မည်သူမဆို အခမဲ့ ၀င်ခွင့်ပြု သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
အဆိုပါ အာဇာနည် ဗိမာန် ကိုတော့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အနေနဲ့ ယဉ်ကျေးမှု ၀န်ကြီးဌာန ထံမှ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က လွှဲပြောင်း ရယူခဲ့ပြီး  အာဇာနည် ဗိမာန်ကို ပြည်ထောင်စု အစိုးရ အဖွဲ့နဲ့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ရဲ့ ခွင့်ပြုချက်များ အရ အများပြည်သူများ လေ့လာ၊ ဂါရ၀ပြုနိုင်ရေး အတွက် ယခုလို ဖွင့်လှစ်ပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
   

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့