Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 29 May 2013

ကျောင်းပြင်ပ မူလတန်း ပညာရေး ဆောင်ရွက်မှု ၅ နှစ်ပြည့်ခဲ့ပြီဖြစ်


မေလ ၂၈ ရက်နေ့က ရန်ကုန် တက္ကသိုလ် စိန်ရတု ခန်းမမှာ ၂၀၁၂-၂၀၁၃ ပညာသင်နှစ် အတွက် ကျောင်းပြင်ပ မူလတန်း ပညာရေး အလှူရှင် ဂုဏ်ပြုပွဲ
အခမ်းအနားကို ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ကျောင်းပြင်ပ မူလတန်း ပညာရေးစနစ်ကို အကောင်အထည် ဖော်ခဲ့တာဆိုရင် ၅ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။
 
အဲ့ဒီ ကျောင်းပြင်ပ မူလတန်း စနစ် စတင် အကောင်အထည် ဖော်မှုကို ၂၀၀၈-၂၀၀၉ ပညာသင်နှစ်မှာ ပညာရေး ၀န်ကြီးဌာနနဲ့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့တို့ ပူးပေါင်းပြီး မြို့နယ် ၅ မြို့နယ်မှ စတင်ပြီး အကောင် အထည်ဖော် ဆောင်ရွက် ခဲ့တာ ဖြစ်ပါတယ်။ အခု လက်ရှိမှာ ပြည်တွင်းမှ ပညာရေး စေတနာရှင် အလှူရှင်များ ကလည်း ပူးပေါင်း ပါဝင် လှူဒါန်းမှုများ ရှိလာကြ ပါတယ်။  ဒါကြောင့် စတင် အကောင်အထည် ဖော်ဆောင်ခဲ့စဉ် ကထက် ပိုမိုတိုးတက်မှု ရှိလာခဲ့ပြီး အလှူရှင်တွေ အနေနဲ့လည်း တစ်နှစ်ထက် တစ်နှစ် ပိုမိုတိုး လာခဲ့တာ ဖြစ်ပါတယ်။
 
ပြင်ပ အလှူရှင် တွေပါဝင်ခဲ့တဲ့ နှစ်မှစပြီး ကျောင်းပြင်ပ မူလတန်း ပညာရေး စနစ်ကို ပြည်တွင်းမှ မြို့နယ်တွေ အလိုက် ဆောင်ရွက်ရာမှာ ၃ မြို့နယ်မှ ၄၅ မြို့နယ် အထိ တိုးလာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂-၂၀၁၃ ပညာသင်နှစ် အတွင်း စေတနာရှင် အင်အား အနေနဲ့ မြို့နယ် ၇၃ မြို့နယ် အထိ တိုးတက် လာခဲ့ပြီ ဖြစ်ပါတယ်။ အခုလို ကျောင်းပြင်ပ မူလတန်း ပညာရေးကို ထားရှိရ တာဟာ အကြောင်း အမျိုးမျိုးကြောင့် ကျောင်းနေ အရွယ်မှာ ကျောင်းမတက် နိုင်ဘဲ ကျန်ရစ်နေတဲ့ ကလေးတွေ အပြင် မူလတန်း ပညာရေးကို ပြီးဆုံးအောင် မတက်နိုင်ဘဲ တစ်ဝက် တစ်ပျက်နဲ့ ကျောင်းထွက် သွားရတဲ့ ကလေးတွေ လျော့နည်းစေဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့