Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 30 May 2013

ဟာသလေးများ...'

ရှေ့ပြောနောက်ကြည့်
“ဘာလို့ အလုပ်က ထွက်လာတာလဲ”
“သူဌေးက အပြောအဆိုမတတ်လို့ပါ”
“ဟေ ဘယ်လိုပြောလို့လဲ”
“ကျွန်မကို သိပ်လှတာပဲတဲ့”
“ဒါလောက်ကလေး ပြောတာနဲ့ စိတ်ဆိုးရသလား”
“ကျွန်မက စိတ်မဆိုးပါဘူး၊ သူ့မိန်းမစိတ်ဆိုးသွားတာ၊ သူ့မိန်းမရှေ့ပြောတာကိုး”
အရှင်းဆုံးအဖြေ
လူနာ – Doctor ကျွန်တော်မျက်လုံး ကိုက်နေတယ် ဘာလုပ်ရမလဲဟင်
ဆရာဝန် – တလောကကျွန်တော်သွားကိုက်တယ် ကိုက်တဲ့သွားကိုဆွဲနှုတ်လိုက်တာ
ပျောက်သွားတာပဲ
လူနာ – ဗျာ ?

သည်းခံတတ်သောမိန်းမ
ဖိုးသိန်း “မိန်းမ၊ မင်းနဲ့ငါပေါင်းလာတာ အနှစ်၂၀ ကျော်နေပြီ၊ စညားကတည်းက ငါမင်းကို
မူးလာတိုင်း ရိုက်နှက်
နေတာကို မင်းဘာလို့ အခု အချိန်ထိ သည်းခံပြီးပေါင်းနေနိုင်တာလဲ”
ကျင်စိန် “အော်၊ ရှင်လည်းစိတ်တွေကို လျှော့နေပြီဆိုတော့ ပြောပြရတာပေါ့၊
ဒီလိုရှင့်၊ ရှင်ကျမကို ရိုက်နှက်ပြီး
ရှင် အိပ်သွားပြီဆိုရင် ကျွန်မ အိမ်သာတစ်ခုလုံး ကြွေခွက်ပါမကျန်
တိုက်ချွတ်ဆေးကြောပြစ်လိုက်တာ
ပဲ”
ဖိုးသိန်း “အဲဒီလိုလုပ်တာနဲ့ မင်းကစိတ်ပြေသွားရေလား”
ကျင်စိန် “ပြေတာပေါ့ရှင့်၊ ကျွန်မအိမ်သာတိုက်တာ ရှင့်သွားပွတ်တံနဲ့လေ”

သိပ်ကောင်း
ရထားပေါ်တွင်ဖြစ်သည်။
ကကသ်လစ်ဘုန်းကြီးနှင့် ဂျူးဘာသာရေးတရားဟောဆရာတို့ တစ်ခန်းထဲ ထိုင်လာကြသည်။
ကက်သလစ်ဘုန်းကြီးက ဂျူးဘာသာရေးတရားဟောဆရာကို ပြောသည်။
“ကျနော့်မှာ ၀က်ပေါင်ခြောက် ပါတယ်၊ စားပါဦးလား”
“ကျနော်တို့ ဘာသာရေးက ၀က်သားမစားရလို့ တားမြစ်ထားပါတယ်”
“အင်း၊ ၀မ်းနည်းစရာပဲ၊ သိပ်အရသာရှိတာဗျ”
ဘူတာသို့ ရောက်သောအခါ ဂျူးဘာသာရေးတရားဟောဆရာက မဆင်းခင် ကက်သလစ်ဘုန်းကြီးကို
ပြောသည်။
“ဖာသာရဲ့ ဇနီးကို ဦးညွတ်တယ်လို့ ပြောပေးပါ။”
“ကျနော့်မှာ ဇနီးမရှိဘူး၊ ကျနော်တို့ဘာသာရေးက ကျနော်တို့ကို မိန်းမ မယူရဘူးလို့
တားမြစ်တယ်။”
“ဟုတ်လား ၊ ၀မ်းနည်းစရာပဲဗျာ၊ သိပ်အရသာရှိတာဗျ”

အကြောင်းအရင်း
တစ်နေ့ ပန်းချီဆရာ တစ်ယောက် က ပန်းချီပြခန်းမှာ ထိုင်နေသော သူငယ်ချင်း
ပန်းချီဆရာ တစ်ယောက် ကို
တွေ့လို့ မေးလိုက်တယ်…
“သူငယ်ချင်း ပြပွဲ မှာ လူကြီးတွေက မင်းပန်းချီကားကို ဘာလို့ ပြခွင့်မပေးတာလဲကွ”
“ပန်းချီကားထဲမှာ မိခင်ရဲ့ ရင်ခွင်ထဲက နို့စို့နေတဲ့ ကလေးငယ်ရဲ့ရုပ်ဟာ
အသက်အစိတ်လောက်ရှိနေတဲ့ ရုပ်ပေါက်နေလို့တဲ့”

တွေးကြည့်ပါဦး
ရထားလက်မှတ်စစ်သည် တွဲပေါ်တက်လာပြီး လက်မှတ်များ လိုက်လံ စစ်ဆေးသည်။
လက်မှတ်မဲ့စီးသူများအတွက် ဒဏ်ငွေမှာ ၅၀၀၀ ကျပ် ဖြစ်သည်။ အင်္ကျီလက်ပြတ်
ဝတ်ထားသည့် ပထမအမျိုးသမီးငယ် တစ်ဦးအား
ဒဏ်ငွေ ၃၀၀၀ ကျပ် ပေးဆောင်စေခဲ့သည်။

နောက်ကျောပြောင်နှင့် လည်ဟိုက်အင်္ကျီ လက်ပြတ်ဝတ်ထားသော ဒုတိယ
အမျိုးသမီးကိုမူ ဒဏ်ငွေ ၂၀၀၀ ကျပ် ပေးစေခဲ့သည်။

နောက်ကျောပြောင်နှင့် လည်ဟိုက်အင်္ကျီ လက်ပြတ်၊ မီနီစကတ်တို ၀တ်ထားသော
တတိယအမျိုးသမီးကိုမူ ဒဏ်ငွေ ၁၀၀၀ ကျပ် ဒဏ်တပ်ခဲ့သည်။

စတုတ္ထအမျိုးသမီးကိုမူ ပိုက်ဆံတစ်ပြားမှ မယူခဲ့ချေ။ အဘယ့်ကြောင့်ဟု သင်ထင်ပါသနည်း။
?????????????????????????????????????????????????????????????????????????????
အဲဒီအမျိုးသမီးမှာ လက်မှတ်ပါတယ်ဗျ။
ကလဲ့စား
လူအတော်အသင့်ရှိတဲ့ အရက်ဘားတစ်ခုထဲကို မိန်းကလေးတစ်ယောက် ၀င်လာတယ်။
ဘီယာတစ်ခွက်မှာပြီးတစ်ယောက်ထဲထိုင်သောက်နေတယ်။ ခဏနေတော့
ကောင်လေးတစ်ယောက်လာပြီး မိတ်ဆက်ပါလေရော

“နေကောင်းလား.. မင်းနာမယ်ဘယ်လိုခေါ်လဲ”..
ဒါနဲ့ကောင်မလေးလဲ ကောင်လေးရဲ့ အမေးကို ချက်ချင်းဖြေပေးလိုက်တယ်
“ရှင် ကျမကို ဘယ်လို အတန်းအစားထဲက ထင်လို့လဲ… ဘာကိစ္စရှင်နဲ့ ဟိုတယ်လိုက်အိပ်ရမှာလဲ”
ဆိုပြီး တော်ရုံကျယ်တဲ့အသံနဲ့ အော်ပြောလိုက်လေရဲ့.. ဘားတစ်ခုလုံးရဲ့
အကြည့်တွေဟာ ရဲနေတဲ့မျက်နာနဲ့ ကောင်လေးဆီမှာပေါ့.. ဘာမှ
မပြောသာတဲ့ကောင်လေးလဲ
ကိုယ့်နေရာကိုယ်ပြန်ပြီး ထိုင်နေလေရဲ့.. ခဏလဲနေရော ခုနှကကောင်မလေးဟာ ကောင်လေးဆီကို
ပြန်လာပြီး ဒီလိုပြောပြတယ်..

“ဒီမယ်.. ရှင်စိတ်ဆိုးသွားလား.. တကယ်တော့ ကျမက စိတ်ပညာ
နောက်ဆုံးနှစ်ကျောင်းသူပါ.. ယျောင်္းလေးတွေရဲ့ ရှက်ကိုးရှက်ကန်းဖြစ်သွားတဲ့
စိတ်နဲ့ အမူအယာတွေကို လေ့လာချင်လို့
ဒီလိုလုပ်လိုက်တာပါ”

ဆိုတဲ့စကား ဆုံးဆုံးချင်းပဲ ကောင်လေးပြန်ပြောလိုက်ပုံက ….
“ဘာ!!!! ဒေါ်လာ ၅၀၀.. ဟုတ်လား??
နင်အဲလောက်ဈေးကြီးမှန်းငါဘာ့ကြောင့်မခန့်မှန်းမိတာပါ့လိမ့်”
လို့အော်ပြီးပြောလိုက်လေရဲ့…

မဟုတ်ဘူးလား
စိတ်ရောက်ဂါကုဆရာဝန်က သူ့ ရဲ့ လူနာကိုမေးတယ်………
“၁၀၀ ထဲကနေ ၁ နှုတ်ရင် ဘယ်လောက်ကျန်သလဲ”
လူနာကအတော်ကြာကြာ စဉ်းစားပြီးမှ….
“သုံည (၂) လုံးကျန်မယ်ဆရာ”
သူငယ်ချင်းများအတွက် ဝေမျှလိုက်ပါတယ်။ ဘ၀အမောတွေကို ရီမောစွာဖြင့်ပြေပျောက်နိုင်ပါစေလို့။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့