Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 29 May 2013

အဖွင့်ပွဲစဉ်ကို အနိုင်ဖြင့် စတင်နိုင်ခဲ့တဲ့ နာဒယ်


စပိန်တင်းနစ်အကျော်အမော် ရာဖေးလ်နာဒယ် ဟာ  ပြင်သစ်အိုးပင်းပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်မှာ ဒန်နီရယ် ဘရန်းဒက်စ် ကို
အနိုင်ရရှိပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ကြောင်း သိရှိရပါတယ်။ နာဒယ် ဟာ ဘရန်းဒက်စ်ကို ၄-၆၊ ၇-၆၊ ၇-၄၊ ၆-၄၊ ၆-၃ နဲ့ အနိုင်ရရှိ ခဲ့တာဖြစ်ပါတယ်။ နာဒယ် အနေနဲ့ အခုလို အနိုင်ရရှိခဲ့တာကြောင့် ကစားသမားဘ၀တစ်လျှောက် တစ်ဦးချင်းပြိုင်ပွဲတွေမှာ ၅၃ ပွဲမြောက်နိုင်ပွဲကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
 
ပထမပွဲငယ်နှစ်ပွဲမှာ ဘရန်းဒက်စ် ရဲ့ စပေးဘောလုံးတွေက နာဒယ် ကို အကောင်းဆုံးဒုက္ခပေးနိုင်ခဲ့တာဖြစ်ပြီး ဒါကြောင့် နာဒယ် ဟာ ပထမပွဲငယ်မှာတော့ ဘရန်းဒက်စ် ကို အရှုံးပေးခဲ့ရတာဖြစ်ပါတယ်။ နာဒယ် က ကစားသမားတစ်ဦးဟာ အမြဲတမ်း အကောင်းဆုံးရိုက်ချက်တွေပဲ ရရှိနေမှာမဟုတ်ပေမယ့် အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားကြကြောင်း၊ မိမိရဲ့ ပထမပိုင်းလက်စွမ်းဟာ စိတ်ပျက်စရာကောင်းကြောင်း ပြောကြားခဲ့ပါတယ်။ နာဒယ် အနေနဲ့ ၂၀၀၅ ခုနှစ်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပြင်သစ်အိုးပင်းပွဲစဉ်အပြီးမှာ ပွဲစဉ်ပေါင်း ၅၄ ပွဲယှဉ်ပြိုင်ကစားခဲ့ပြီး ၁ ပွဲသာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဆက်လက်ပြီး အမျိုးသမီးပွဲစဉ်တွေမှာလည်း ရှာရာပိုဗာ ဟာနောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့