Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 28 May 2013

* * * * * မထင်နဲ့ * * * * *


............မထင်နဲ့..................
ဒါနပစ်ပယ် ၊ ကံဟောင်းဖယ် ၊ ကောင်းမယ် မထင်နဲ့ ။
ကိုယ်ကျင့်မပါ ၊ နင့်သိက္ခာ ၊ တက်မှာ မထင်နဲ့ ။
ငွေရှိသိက္ခာ ၊ ငွေနောက်ပါ ၊ မြဲမှာ မထင်နဲ့ ။
တန်ခိုးအာဏာ ၊ ရှိတုန်းသာ ၊ မြဲမှာ မထင်နဲ့ ။
ကိုယ်ကျင့်ပစ်ခွါ ၊ စီးပွါးရှာ ၊ တက်မှာ မထင်နဲ့ ။
ဒါနမပါ ၊ ကောင်းစားရှာ ၊ ရမှာ မထင်နဲ့ ။
သာ၍သာပေါင်း ၊ ရွံရွေရောင်း ၊ ကောင်းမယ် မထင်နဲ့ ။
အမျှော်နှင့်သာ ၊ ပေးစွန့်ရာ ၊ ပွါးမှာ မထင်နဲ့ ။
မာနချင်းပြိုင် ၊ နိုင်ရာကိုင် ၊ ပိုင်မယ် မထင်နဲ့ ။
တဏှာရင်းခံ ၊ နှီးနှောပြန် ၊ မှန်မယ် မထင်နဲ့ ။
ငါတစ်လုံးခံ ၊ နှီးနှောပြန် ၊ မှန်မယ် မထင်နဲ့ ။
အဆိုးလုပ်သော် ၊ အကောင်းမျှော် ၊ ပေါ်မယ် မထင်နဲ့ ။
အဆိုးလုပ်လျှက် ၊ အကောင်းထွက် ၊ ဆက်မယ် မထင်နဲ့ ။
မိတ်ပျက်နှင့်ပေါင်း ၊ နင့်အကြောင်း ၊ ကောင်းမယ် မထင်နဲ့ ။
ဝါဒမကောင်း ၊ နင်သွားပေါင်း ၊ ကောင်းမယ် မထင်နဲ့ ။
ဘာသာမမှန် ၊ နင်ဆက်ဆံ ၊ မှန်မယ် မထင်နဲ့ ။
်သူ့ဘာသာပြောင်း ၊ ကိုယ့်ယူစောင်း ၊ ကောင်းမယ် မထင်နဲ့ ။
သူကောင်းခေါ်ရာ ၊ နင်မပါ ၊ သာမယ် မထင်နဲ့ ။
စိတ်လိုလိုက်ကာ ၊ အကောင်းရှာ ၊ သာမယ် မထင်နဲ့ ။
ရသလောက်လို ၊ စိတ်ကြိုက်ကို ၊ ပိုမယ် မထင်နဲ့ ။
ကာမတဏှာ ၊ ကြီးစိုးရာ ၊ ချမ်းသာ မထင်နဲ့ ။
တဏှာပူဆာ ၊ ဖြေသိမ့်ရာ ၊ ချမ်းသာ မထင်နဲ့ ။
အလိုကြီးရာ ၊ လုပ်ရခါ ၊ ချမ်းသာ မထင်နဲ့ ။
ရေထဲသွားရာ ၊ ငါးနောက်ပါ ၊ ချမ်းသာ မထင်နဲ့ ။
အလိုရှေ့ ယိမ်း ၊ နင်လိုက်ထိန်း ၊ ငြိမ်းကိန်း မထင်နဲ့ ။........။

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
ရေးသားပြုပြင်စီရင်တော်မူသော
က၀ိဗန္ဓနကထာမှကူးယူဝေမျှပါသည်..။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့