Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 29 May 2013

မိုးတွင်းကာလတွင် မော်တော်ယာဉ်များ သတိပြု မောင်းနှင်ရန် လိုအပ်


မိုးတွင်း ကာလသို့ ရောက်ရှိလာပြီ ဖြစ်တဲ့ အတွက် ယာဉ်မောင်းသူများ သတိပြု မောင်းနှင်ဖို့ လိုအပ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ယာဉ်စည်းကမ်း
ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီမှ နှိုးဆော် ထားကြောင်း သိရပါတယ်။ ဒီလို မောင်းနှင်ရာမှာ လမ်းပေါ်မှာ စက်ဆီ၊ ချောဆီများ ဖိတ်စင် နေပါက လမ်းချော်နိုင်ပြီး၊  မော်တော်ယာဉ် ဘီးများ ပန်းမရှိပါက လမ်းချော် နိုင်မှာ ဖြစ်ပါတယ်။
 
ဒါ့အပြင် မော်တော်ယာဉ်များ လေပေါင်ချိန် များလွန်းပါက လမ်းချော်မှုများ ဖြစ်နိုင်ပါတယ်။ ဒါတွေ တင်မကဘဲ လမ်းပေါ်မှာ ရွံ့နွံ့များ ရှိနေပါကလည်း လမ်းချော်မှုများ ဖြစ်ပွား နိုင်တယ်လို့ သတိပေး နှိုးဆော် ထားပါတယ်။ ဒါ့အပြင် ကားကို အရှိန်ပြင်းစွာ မောင်းနှင်မှု မပြုဖို့နဲ့ ဘရိတ်ကို ရုတ်တရက် မနင်းဖို့ တို့လည်း သတိပြုရမှာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်မှုတွေ အပြင် ကုန်တင်ယာဉ်များ ဟန်ချက်ညီဖို့နဲ့ ရေသုတ်တံ ကောင်းကောင်း ပါရှိရမှာ ဖြစ်ပါတယ်။
 
မိုးသည်းထန်စွာ ရွာသွန်းပြီး မြင်ကွင်း မကောင်း ပါက ရှေ့မီးကြီးကို ဖွင့်မောင်း ရမှာဖြစ်ပြီး မြေသယ်ယာဉ်၊ အုတ်၊ သဲ၊ ကျောက်သယ်ယာဉ်များ ဖိတ်စင်မှု မရှိစေဖို့ လုံခြုံစွာ တင်ဆောင် ရမှာ ဖြစ်ပါတယ်။ အဆိုပါ စည်းကမ်းချက် များကို ချိုးဖောက်ပြီး ယာဉ်တိုက်မှု၊ ယာဉ်တိမ်းမှောက်မှုများ ဖြစ်ပွား ပါက တည်ဆဲ ဥပဒေ အရ အရေးယူခြင်း ခံရမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီမှ ထုတ်ပြန် ကြေညာ ထားပါတယ်။
 
   

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့