Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 28 May 2013

အမေရိကန်စစ်ဘက် F-15 တိုက်လေယာဉ် ဂျပန်ကမ်းလွန်တွင် ပျက်ကျ

အမေရိကန် စစ်ဘက်မှ F-15 တိုက်လေယာဉ် တစ်စင်းသည် ဂျပန်ကမ်းလွန်တွင် ပျက်ကျမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ အင်္ဂါနေ့ အစောပိုင်းက ဂျပန်တောင်ပိုင်း အိုကီနာဝါကျွန်းအနီးတွင် F-15 လေယာဉ်တစ်စင်း ပျက်ကျသွားကြောင်း ဂျပန် သတင်းဌာနများက ဖော်ပြခဲ့သည်။

အဆိုပါ လေယာဉ်သည် ဝေဟင်ထဲ ပျံသန်းနေစဉ် စက်ပိုင်းဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်ခဲ့သည်ဟု ယူဆရပြီး ပျက်ကျခဲ့ခြင်း ဖြစ်သည်။ လေယာဉ်မှူးမှာ အောင်မြင်စွာ လွတ်မြောက်အောင် ပျံထွက်နိုင်ခဲ့ပြီး ချောချောမောမောပင် ကယ်တင်ခြင်းကို ခံခဲ့ရသည်။ F-15လေယာဉ်သည် ကာဒီနာ လေတပ်စခန်းမှ စတင် ပျံတက်လာခြင်း ဖြစ်သည်။

Planet Myanmar Network


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့