ကချင်ပြည်နယ်တွင်းရှိ မြစ်ဆုံ ရေကာတာ စီမံကိန်းနှင့် ယုဇန ကုမ္ပဏီ၏ စိုက်ပျိုးရေး စီမံကိန်းများကို လုံးဝရပ်ဆိုင်းပေးရန် ဒေသခံ များက သမ္မတနှင့် ကချင်ပြည်နယ်အစိုးရသို့ တင်ပြတောင်းဆိုမည်ဟု Mungchying Rawt Jat(MRJ) ကွန်ရက်အဖွဲ့က ဧရာဝတီ သို့ ပြောသည်။
မြစ်ဆုံ စီမံကိန်းအပါအဝင် ရေကာတာစီမံကိန်း ၇ ခုအပြင် ဟူးကောင်း ကျားထိန်းသိမ်းရေး နယ်မြေရှိ ယုဇနကုမ္ပဏီ၏ ပီလောပီနံ စိုက်ပျိုးရေး စီမံကိန်းများကြောင့် ဒေသခံများကို ၂၀၁၀ ပြည့်နှစ်က စံပြကျေးရွာစခန်းများ တည်ဆောက်ပေးပြီး ပြောင်းရွှေ့စေခဲ့ သော်လည်း ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ သောက်သုံးရေနှင့် စားဝတ်နေရေးအခက်အခဲများ ကြုံတွေ့နေရသည်ဟု ရန်ကုန်မြို့ Excel Tower တွင်ပြုလုပ်သည့် MRJ အဖွဲ့၏ ရှင်းလင်းပွဲတွင် ဒေသခံများ ကိုယ်တိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို ပြော ဆို ရှင်းလင်းသည်။
MRJ သည် အစိုးရ၏ ကချင်ပြည်နယ်အတွင်း အကြီးစား ဖွံ့ဖြိုးရေး စီမံကိန်းများကြောင့် တိုက်ရိုက်ဆိုးကျိုး ခံစားနေရသော ဒေသခံပြည်သူများဖြင့် ၂၀၁၂ စက်တင်ဘာလတွင် စတင်ဖွဲ့စည်းထားသော အဖွဲ့တခု ဖြစ်သည်။
ကိုယ်တိုင် အောင်မြင်သာ စခန်းသို့ ရွှေ့ပြောင်းခံထားရသူ MRJ အဖွဲ့ဝင် ဒေါ်ဂျာခေါန်က“ကျမတို့အားလုံး တိုင်ပင်ပြီးတော့ သမ္မတ နဲ့ ကချင်ပြည်နယ်အစိုးရကို တောင်းဆိုသွားမယ်။ ဒေသခံတွေကို အကျိုးမပြုတဲ့ မြစ်ဆုံ စီမံကိန်းကို လက်ရှိ သမ္မတကြီး ပြောတဲ့ အတိုင်း တကယ်ရပ်တန့်ပေးဖို့ တောင်းဆိုချင်တယ်”ဟု ပြောပြသည်။
ပြောင်းရွှေ့ခံရစဉ်က ဒေသခံများ၏ သန်းခေါင်စာရင်းနှင့်မှတ်ပုံတင်(မူရင်း) များကိုလည်း ယခုအချိန်အထိ သိမ်းဆည်း ထားကြောင်း၊ စီမံကိန်း ကန့်သတ်နယ်မြေများကြောင့် လုပ်ကိုင်စားသောက်၍ မရတော့ကြောင်း၊ ဒေသခံများ၏ လယ်ယာမြေများကို လည်း သိမ်းဆည်း ထားကြောင်း၊ ဟူးကောင်းနှင့် မြစ်ဆုံဒေသတွင် တရားမဝင် အကြီးစားရွှေတူးဖော်ရေး လုပ်ငန်းဆောင်ရွက်သူများလည်း ရှိနေပြီး အဆိုပါရွှေတူးဖော်လုပ်ငန်းများကြောင့် ဒေသခံများ၏ သောက်သုံးရေကန် ပျက်စီးခြင်း၊ ကျွဲ ၊ နွား၊ ငါး ၊ စသည့် သားရဲ တိရစ္ဆာန်များလည်း သေကြေ ပျက်စီးနေရကြောင်း ယမန်နေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ထည့်သွင်း ရှင်းလင်း သည်။
ဧရာဝတီ မြစ်ဆုံ စီမံကိန်းကို မြန်မာနှင့် တရုတ်နိုင်ငံ စွမ်းအင်ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း CPI တို့က ၂၀၀၆ ခုနှစ် တွင် သဘော တူ စာချုပ် ချုပ်ဆိုခဲ့ပြီး မေခမြစ်ကြောင်းတလျှောက်တွင် ရေကာတာ ၅ခုနှင့် မလိခမြစ်ကြောင်းတလျှောက် တွင် ရေကာတာ ၂ ခု တည်ဆောက်မည်ဟု နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာတွင် ၂၀၀၇ ခုနှစ် မေလပိုင်းက ဖော်ပြခဲ့သည်။
မြစ်ဆုံ စီမံကိန်းကို ဒေသခံများနှင့်နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များက ဝိုင်းဝန်း ကန့်ကွက်မှုကြောင့် သမ္မတ ဦးသိန်းစိန်က ၎င်း၏ အစိုးရ လက်ထက်အတွင်း ရပ်ဆိုင်းထားမည်ဟု ကြေညာထားသော်လည်း လက်ရှိတွင်မှု အဆိုပါ ဒေသတဝိုက် စီမံကိန်းများကို ဆက်လက် လုပ်ကိုင်နေကြကြောင်း အမှန်တကယ်ရပ်တန့် ထားစေလိုခြင်းဖြစ်သည်ဟု ဒေသခံများ၏ အဆိုအရ သိရသည်။
ယုဇန စိုက်ပျိုးရေး စီမံကိန်းကြောင့် နေရပ်မှပြောင်းရွှေ့ခဲ့ရသည့် ဟူးကောင်းဒေသခံ ဦးလဆိုင်းကလည်း “စံပြကျေးရွာဆိုတာ ပုံထဲမှာပဲ လှတယ်၊ တကယ့် လက်တွေ့မှာတော့ ဒေသခံတွေရဲ့ ဝမ်းစာ ရှာဖို့ခက်ခဲတယ်၊ ကလေးတွေကိုလည်း ကျောင်းမထားနိုင် တော့ဘူး၊ ရေရှားတယ်၊ အလုပ်အကိုင် အဆင်မပြေဘူး။ ဘာမှလည်း လုပ်ကိုင်စားသောက်လို့ မရကြဘူး”ဟု ဆိုသည်။
ပီလောပီနံ စိုက်ပျိုးရေးစီမံကိန်းကြောင့် ပြောင်းရွှေ့ခဲ့ရသည့် နေရာများသည် ဒေသခံများ လုပ်ကိုင်စားသောက် မရသည့် ဒေသများဖြစ်နေသည့်အတွက် မူးယစ်ဆေးဝါး မှောင်ခို ရောင်းဝယ်ခြင်း၊ လုပ်ခနည်းပါးသည့် နေ့စားအလုပ်သမားများအဖြစ် အသက်မွေးနေရခြင်း၊ တခြားသော ဒေသများသို့ သွားရောက်၍ အသက်မွေးဝမ်းကျောင်း နေရခြင်းများ စသည့် ပြဿနာရပ်များ ဖြစ်ပေါ်နေကြောင်း သိရသည်။
ဟူးကောင်း ကျားထိန်းသိမ်းရေးနယ်မြေမှ မြေဧက နှစ်သိန်း ကျော်ကို ယုဇန ကုမ္ပဏီက ကြံနှင့် ဇီဝလောင်စာဆီ ထုတ်လုပ်ရန် အတွက် ပီလောပီနံ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် ၂၀၀၆ ခုနှစ်တွင် အစိုးရထံမှ လုပ်ကိုင်ခွင့်ရရှိခဲ့သည်ဟု ကချင် လူမှုဖွံ့ဖြိုးရေးကွန်ရက်က ထုတ်ပြန်သည့် “Tyrants, Tycoons and Tigers ” အစီရင်ခံစာတွင် ပါရှိသည်။
စံပြစခန်းနေ ဦးလမုန်တန်ဂွန်းကလည်း “ကျနော်တို့ကို ဒီလိုလုပ်တာက ဟူးကောင်း လီဒိုလမ်းမ လမ်းပန်းဆက်သွယ်ရေး ကောင်း အောင်၊ ဘဝပြောင်းလဲအောင် လာလုပ်တယ် ဆိုပြီး ပြောကြတယ်၊ အခုတော့ ပိုပြီးချွတ်ခြုံကျတဲ့ ဘဝကိုပဲ ရောက်နေရတယ်”ဟု ပြောဆိုသည်။
မြစ်ဆုံ စီမံကိန်းနှင့် ယုဇန ကုမ္ပဏီ စိုက်ပျိုးရေး စီမံကိန်းများကြောင့် ဟူးကောင်းနှင့် မြစ်ဆုံဒေသရှိ မဇွပ်ရွာ၊ တန်ဖဲ၊ ပဒန်၊ ဒေါင်ပန်၊ အောင်ဂျာယာန်၊ ဒိန်ဂါဇွပ်၊ ဘန်ကောက်၊ အောင်ရာယန်၊ နာမ့်ဆိုင်၊ လောတ်ဂျာပါ၊ ဝါရာဇွပ်၊ ဂျထူးဇွပ် ကျေးရွာများမှ ဒေသခံ ၂၅၀၀ ကျော် ကို အောင်မြင်သာ စခန်း၊ မလိယာန် စခန်းများသို့ ၂၀၁၀ ပြည့်နှစ်တွင် အစိုးရက ပြောင်းရွှေ့စေခဲ့သည်။
တရုတ်ကွန်မြူနစ် ပါတီ၏ ဖိတ်ကြားချက်အရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီမှ ကိုယ်စားလှယ်များ တရုတ်နိုင်ငံ သို့ ယခု လဆန်းပိုင်းက အလည်အပတ်ခရီး သွားရောက်ခဲ့စဉ် မြစ်ဆုံ စီမံကိန်းကို ပြန်လည် ဆောင်ရွက်လိုသည်ဟု တရုတ် အာဏာ ပိုင်များက ထုတ်ဖော်ပြောဆိုကြောင်း ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်နှင့် NLD ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးညီပု က ဧရာဝတီသို့ က ပြောဆိုခဲ့ဖူးသည်။
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Tuesday, 28 May 2013
မြစ်ဆုံနှင့် ယုဇန စီမံကိန်းများ လုံးဝ ရပ်ဆိုင်းရန် သမ္မတကို တောင်းဆိုမည်
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2013
(4597)
-
▼
May
(781)
- မကျေနပ်တဲ့ သံယောဇဉ်'
- ဟာသပုံလေးတွေ'
- ဟာသလေးများ...'
- Android Applications 20 in 1
- နောက်ကျချစ်ခွင့်” '
- အီရတ်နိုင်ငံတွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွ...
- အိုဘားမားနှင့်တွေ့ဆုံမှုမှ ရလဒ်ကောင်းများရရှိရန် တရ...
- တောင်ကိုးရီးယားနိုင်ငံရှိ အရာရှိများမှ မိမိတို့၏ ပ...
- ဂျပန် ANA လေကြောင်းလိုင်းမှ ဘိုးရင်း 787 လေယာဉ်မျာ...
- အသင်းပရိသတ်များကို မျက်ရည်ဖြင့် နှုတ်ဆက်ခဲ့သည့် နေမာ
- ဘိုင်ယန်မြူးနစ်အသင်းကို ရွေးချယ်ခဲ့သည့် လီဝမ်ဒေါ့စကီး
- အဖွင့်ပွဲစဉ်ကို အနိုင်ဖြင့် စတင်နိုင်ခဲ့တဲ့ နာဒယ်
- လက်ရွေးစင်အသင်းမှာ ပြန်လည်ရွေးချယ်ခြင်းခံခဲ့ရသည့် ...
- မက္ကဆီကိုနိုင်ငံတွင် မြေပြိုမှုဖြစ်ပွားခဲ့
- ဗီဇာကတ် သုံးစွဲနိုင်ရန် ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ် တစ...
- ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ကွန်ကရစ်တုံးပေါင...
- လာမည့် ဇွန်လကုန်တွင် အမှိုက်သိမ်းယာဉ် ၄၂ စီး ထပ်မံေ...
- ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်များကို မွေးမြူရေး လုပ...
- ဓာတ်ငွေ့တာဘိုင် လျှပ်စစ်ဓာတ်အားပေး စက်များ ပြုပြင်...
- ပြည်တွင်းရှိ လေယာဉ်များအား Safety ပိုင်းနှင့် လြုံ...
- ဇွန်လ ၁ ရက်နေ့မှ စတင်ကာ အာဇာနည် ဗိမာန်ကို ပုံမှန်ဖ...
- မိုးတွင်းကာလတွင် မော်တော်ယာဉ်များ သတိပြု မောင်းနှင...
- ကျောင်းပြင်ပ မူလတန်း ပညာရေး ဆောင်ရွက်မှု ၅ နှစ်ပြည့...
- ဘင်္ဂလားဒေ့ရှ်မှ ရခိုင်သို့ ပြောင်းရွှေ့လာသူများ အခက်...
- မကွေးတိုင်းအတွင်း လယ်သိမ်းခံရသူများကို လျော်ကြေးပေ...
- ကလေးဦးရေ ကန့်သတ်မှု ရခိုင်ပြည်နယ်အစိုးရ ရှင်းလင်းချက်
- သုံးခွမြို့နယ်တွင်လူသတ်မှုဖြစ်ပွါး
- လားရှိုး ယနေ့ အခြေအနေ
- လားရှိုးမြို့တွင် ဆူပူအကြမ်းဖက်မှုများ ထပ်မံဖြစ်ပွား
- လားရှိုးမြို့ မှာ ယနေ့  အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွ...
- လားရှိုးမြို့ ဆူပူအကြမ်းဖက်မှုဖြစ်စဉ်အကျဉ်းချုပ်
- ဆန္ဒပြအလုပ်သမားများကို ထိုက်သင့်သောလစာပေးရန် ဦးမြင့...
- ကျောင်းအပ်စဉ် အလှူငွေကောက်ခံမှုကြောင့် အုပ်ချုပ်ရေး...
- ဒေါ်လာကြောင့် ကုန်စည်ဈေးတက်
- တရုတ်ဆန်များတွင် ကက်ဒ်မီယံဓာတုပါဝင်မှု မြင့်မားနြေေ...
- မြေသိမ်းမှု၊ လက်နက်ကိုင်ဆောင်မှုနှင့် ပတ်သက်ပြီး ကရင...
- ဇွန်လ (၁) ရက်နေ့ ထုတ် Tech Space နည်းပညာ ဂျာနယ် V...
- မေလ(၂၈)ရက်နေ့ထုတ် မဇ္ဈိမ နေ့စဉ်ထုတ် သတင်းစာ အတွဲ (၁...
- မေလ(၂၈)ရက်နေ့ထုတ် ရွှေနိုင်ငံသစ်နေ့စဉ်သတင်းစာ အတွဲ ...
- မေလ(၂၉)ရက်နေ့ထုတ် ဗုဒ္ဓဟူးနေ့ ထုတ် ကြေးမုံ နေ့ စဉ်
- မေလ(၂၉)ရက်နေ့ထုတ် ဗုဒ္ဓဟူးနေ့ ထုတ် မြ၀တီ နေ့ စဉ် သတ...
- ငါးမန်းကိုက်ကြသူများ
- စက်မှုဇုန်များ မီးပြတ်နေမှု ဖြေရှင်းပေးမည်ဟု ရန်ကုန်...
- ဘင်္ဂါလီ ၊ ပသီသွေးနှော ၁၆ ဦးထံမှ KNU/KNLA (PC) အဖွဲ့...
- လားရှိုးမြို့ခံအမျိုးသမီး မီးရှို့ခံရမှုအကြောင်းပြ...
- အရှေ့တောင်အာရှ လိင်ကျွန်များဘဝ
- မနေ့ ညပိုင်းက အဓိကရုန်း ဖြစ်ပွားခဲ့တဲ့ လားရှိုးမြို...
- လားရှိုးတွင် ပဋိပက္ခဖြစ်၊ အဆောက်အအုံနှင့်ဆိုင်ခံများ...
- မေလ(၃၁)ရက်နေ့ ထုတ် The Hot News Weekly Journal Vol...
- မေလ(၂၇)ရက်နေ့ထုတ် ရွှေနိုင်ငံသစ်နေ့စဉ် သတင်းစာ အတွဲ...
- မေလထုတ် Star Focus Magazine Vol 1 Issue 5
- လားရှိုး ဆူပူမှု ဗလီနှစ်လုံး မီးလောင်
- လားရှိုးမြို့ မှာ ဇနီးသည်ကို ဓါတ်ဆီလောင်ပြီး မီးရှို...
- ထားဝယ်တက္ကသိုလ်အနီး ကျေးရွာရှိ ဆိုင်နှင့် လူများကို...
- ဆီအုန်း၊ ရာဘာနှင့် ပုဂ္ဂလိကစိုက်ခင်းများမစိုက်ဘဲြေ...
- အရည်အသွေးမမီ မြန်မာ့ဆန် ကင်မရွန်းဖျက်ဆီး ကိစ္စ စုံစ...
- » လေယာဉ်သစ်များ ဝယ်ယူပြေးဆွဲရန် သမ္မတညွှန်ကြား
- ရဲတပ်ဖွဲ့ဝင်တစ်ဦး ဆွဲကြိုးလု
- မဟာသမယသုတ် (မြန်မာပြန်)
- တန်ဖိုးသိမှ တန်ဖိုးရှိမည်....၂
- တန်ဖိုးသိမှ တန်ဖိုးရှိမည်....၁
- * * * * * မထင်နဲ့ * * * * *
- အနာထပိဏ် နဲ့ ၀ိသာခါ…
- ပုဗ္ဗ မုဉ္စ အပရစေတနာ ဆိုတာ..
- မျှော်လင့်ရင်းဝေး...
- ကံပြုတဲ့နေရာက စေတနာ
- ချစ်သူအတွက်
- ထူးဆန်းထွေလာပုံလေးများ
- ရှင်ရာဟုလာနဲ့ တံမြက်စည်း'
- မြစ်ဆုံနှင့် ယုဇန စီမံကိန်းများ လုံးဝ ရပ်ဆိုင်းရန်...
- ဒီပဲယင်းဆယ်နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ကြည်ရွ...
- » စံပြကျေးရွာပြောင်းသူများ အခက်ကြုံတွေ့
- ဘန်ကောက်မြို့ Like Jeans စက် ရုံမှမြန်မာရွှေ့ပြောင်...
- လက်ပတ်ကြိုးများဖြင့် အမျိုးသမီးနှင့် လူငယ်များကို ...
- အမေရိကန်စစ်ဘက် F-15 တိုက်လေယာဉ် ဂျပန်ကမ်းလွန်တွင် ...
- တကိုယ်တော် ဆန္ဒပြတဲ့ သရုပ်ဆောင်ရဲတိုက်ကို ရဲများ ခေ...
- အာဇာနည်ဗိမာန် ဇွန် ၁ ရက်ကစ အများပြည်သူ ၀င်ရောက်ဂါရ...
- ရဟန်းတော်တစ်ပါး မီရှို့ ဆန္ဒပြမူ သီရိလင်္ကာတွင် ဖြစ်ပွား
- ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုချက် အစိုးရ ကန့်...
- မေလ (၂၈)ရက် အင်္ဂါနေ့ ထုတ် မဇ္ဈိမ နေ့စဉ်ထုတ် သတင်းစာ ...
- ကာကွယ်ရေးဦးစီးချုပ်က ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက...
- မေလ (၂၈)ရက် အင်္ဂါနေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင...
- မေလ (၂၈)ရက် အင်္ဂါနေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
- မေလ (၂၈)ရက် အင်္ဂါနေ့ ထုတ် မြ၀တီ နေ့ စဉ် သတင်းစာ
- မေလ (၂၆)ရက်နေ့ ထုတ် Reporter News Journal Issue 21
- မေလ (၂၇)ရက်နေ့ ထုတ် စီးပွားရေး သတင်းဂျာနယ် အတွဲ ၁၃...
- မေလ(၂၈)ရက်နေ့ ထုတ် မိုးသောက်ပန်း ဂျာနယ် အတွဲ (၁၆)၊...
- ရေထိန်းတံခါးကြီး(၃)စင်းကြောင့် တောင်သူ လယ်သမားတွေ ...
- သူပုန်တွေ လက်ချက်နဲ့ ဖိလစ်ပိုင် ရဲတွေ သေဆုံး
- မြန်မာနိုင်ငံ သောက်သုံးရေ ရရှိဖို့အတွက် အမေရိကန်ကူညီ
- မေလ(၂၃)ရက်နေ့ ထုတ် ပြည်မြန်မာ သတင်း ဂျာနယ် အမှတ် ၈၇၁
- မေလ(၂၃)ရက်နေ့ ထုတ် အိုင်တီတိုင်းမ် ဂျာနယ် အမှတ် ၆၉
- မေလ(၂၂)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှ...
- မေလ (၂၀)ရက်နေ့ ထုတ် ဈေးဝယ်လမ်းညွန် အတွဲ(၃) အမှတ်...
- မေလ(၃၀)ရက်နေ့ ထုတ် shade journal အတွဲ(၇)၊အမှတ်(၁၉)
- ဖားကန့်မြို့နယ်မှာ ရေမဆေးကျောက်သမားတွေကို ဖမ်းဆီး
- မေလ(၃၀)ရက်နေ့ ထုတ် အင်တာနက် ဂျာနယ် အတွဲ (၁၄) အမှတ်...
- ဈေးချိုကို ဘယ်သူဖျက်တာလဲ
- မာန်အောင်ကျွန်းမှ မြေ ၃၇၈၀၀ ဧကကို မြေလွှတ်မြေရိုင်း...
- မန္တလေးနန်းတွင်းကြီး ပြည်သူ့အတွက် တကယ်ဖြစ်မှာလား
-
▼
May
(781)
No comments:
Post a Comment