Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 29 May 2013

ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်များကို မွေးမြူရေး လုပ်ငန်း ၅ မျိုးတွင် အလေးပေး ဆောင်ရွက် သွားမည်


မြန်မာနိုင်ငံမှာ လက်ရှိ ဆောင်ရွက် နေတဲ့ Regional Smallholder Dairy Development Project အနေနဲ့ ဆက်လက် လုပ်ဆောင် သွားမယ့်
လုပ်ငန်းများနဲ့ ပတ်သက်ပြီး မွေးမြူရေး လုပ်ငန်း ၅ မျိုးမှာ အလေးပေး ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ သတင်းများ အရ သိရပါတယ်။ အဆိုပါ Regional Smallholder Dairy Development Project ဟာ FAO, CFC, JLTA အစရှိတဲ့ အဖွဲ့များနဲ့ ပူးပေါင်း ဆောင်ရွက်ပြီး ၂ နှစ် သက်တမ်းရှိတဲ့ ပရောဂျက် တစ်ခုဖြစ် ပါတယ်။
 
ဒီလို ဆောင်ရွက်ရာမှာ လာမယ့် ၂ နှစ် အတွင်းမှာ မွေးမြူရေး ဆိုင်ရာ လုပ်ငန်းများ ဖြစ်တဲ့ စားကျက် မြက်မျိုးများ တိုးချဲ့စိုက်ပျိုးခြင်း၊ နို့စားနွား မွေးမြူရေးနဲ့ ပတ်သက်ပြီး စနစ်တကျ မွေးမြူတဲ့ နည်းလမ်းများ၊ နို့အရည်အသွေး ထိန်းသိမ်းခြင်းနဲ့ နို့ဈေးကွက် ဖော်ဆောင်ခြင်း စတဲ့ ကွင်းဆင်း ပညာပေး လုပ်ငန်း Extension Services နည်းပညာကို ပံ့ပိုးပေးခြင်း စံပြဇီဝဓာတ်ငွေ့ ထုတ်စက် Biogas Plant ၃ ခုကို နေရာ ၃ နေရာမှာ တည်ဆောက် သွားမှာ ဖြစ်ပါတယ်။ မွေးမြူရေး အညစ်အကြေး စနစ်တကျ စွန့်ပစ်တဲ့ နည်းပညာများ ဖြန့်ဖြူးခြင်း များကို ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။
 
ဒါ့အပြင် မူလတန်း ကျောင်းသားများကို နို့တိုက်ကျွေးတဲ့ လုပ်ငန်းများ ပိုမိုခိုင်မြဲ လာစေဖို့ အတွက် နို့ထွက်ပစ္စည်း ထုတ်လုပ်သူများကို စက်ကိရိယာ ပစ္စည်းများ ပံ့ပိုးပေးခြင်းနဲ့ နို့စားနွား မွေးမြူသူ တောင်သူ တစ်ထောင့်ငါးရာကို နို့စားနွား မွေးမြူ ထုတ်လုပ်ခြင်းနဲ့ နို့ထွက်ပစ္စည်းများ ပြုပြင် ထုတ်လုပ်ခြင်း ဆိုင်ရာ သင်တန်းများ တက်ရောက် စေခြင်းတို့ကို ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ပရောဂျက် ကိုတော့ ထိုင်း၊ မြန်မာ၊ လာအိုနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံများမှ ကိုယ်စားလှယ် များက လာမယ့် ၂ နှစ်အတွင်းမှာ လုပ်ကိုင် ဆောင်ရွက် သွားမယ့် လုပ်ငန်းစဉ်များနဲ့ပတ်သက်ပြီး ပါဝင်ရေးဆွဲခဲ့ ကြတာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
   

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့