Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 28 May 2013

ချစ်သူအတွက်

နင်းဖြတ်သွားလိုက်ပါ ... ချစ်သူ
ပေးဆပ်ခြင်းသက်သက်
နှလုံးသားတစ်ခု လမ်းခင်းထားတယ်
မင်းနင်းဖြတ်ဖို့အတွက်ဆို
မြက်ပန်းကလေးတွေလို ဘ၀မျိုးနဲ့လည်း
ငါပျော်နိုင်တယ် ။
လရောင်ဆမ်းမှ
ပွင့်ရှာရတာ ကုမုဒြာ ... တဲ့
အချိန်တွေအကြာကြီး ခွဲမထားနိုင်လို့ပါ
အချစ်ရှိရာမျှော်မှန်း ပြုံးအနမ်းနဲ့
နေကြာပန်းကလေးသာ ဖြစ်လိုက်ပါတော့ကွယ် ...

မင်းပွင့်လန်းဖို့အတွက်ဆိုရင်
နေ့စဉ်နဲ့အမျှ
တစ်ထောင့်တစ်နေရာကနေ
ငါ့ကိုယ်ငါ ကျွမ်းလောင်ပေးချင်လို့ပါ ။
ငါ့ရင်ဘတ်ကို အငွေ့ပျံလွှင့်တင်ပေးလိုက်သမျှ
မင်းချီဆောင်ရာလိုက်ပါ ...
မင်းစေညွှန်ရာရွက်လွှင့် ...
မင်းရည်ရွယ်ရာရွာသွန်း ...
ရေငွေ့သံသရာ အကြိမ်ကြိမ်ယွန်းစေဦးတော့
မေတ္တာတရားရဲ့ အသွားအပြန်သဘောကို
နည်းနည်းလေးမှ စောဒကမတက်ဝံ့သူပါလေ ...
လေပြေလေးချစ်သူရယ်
ငါဟာ ငါ့အတွက်ဆိုတဲ့ အတ္တ ခပ်ပါးပါးကလေးတောင်
အရောင်မဆိုးခဲ့တဲ့
ပင်လယ်လိုအချစ်မျိုး
ငါ့ရင်ခွင်တနံတလျား မင်းသာသိမ်းပိုက်ထားလေရဲ့ ။
အချစ်အတွက်ဆိုရင်
ငါ့သစ္စာတရားက မီးဆေးအားကောင်းလွန်းတဲ့
သံသေဓါးတစ်လက်
အထုအနှက်အကျွမ်းအလောင်တွေကြား
ငါ့မေတ္တာတရားက
နွယ်မြက်သစ်ပင်ဆေးဘက်ဝင်ရလောက်အောင်
ထက်ရှလွန်းနေခဲ့ပြီ ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့