Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 29 May 2013

လက်ရွေးစင်အသင်းမှာ ပြန်လည်ရွေးချယ်ခြင်းခံခဲ့ရသည့် တောရက်စ်


ချဲလ်ဆီးတိုက်စစ်မှူး တောရက်စ် ကို လက်ရွေးစင်အသင်းဖြစ်တဲ့ စပိန်အသင်းက ပြန်လည်ရွေးချယ်ခဲ့တယ်လို့
သိရပါတယ်။ စပိန်အသင်းဟာ မကြာခင် ကွန်ဖက်ဒရေးရှင်းဖလား ယှဉ်ပြိုင်မှာဖြစ်တာကြောင့် အသင်းရဲ့တိုက်စစ်နေရာမှာ တောရက်စ် ကို ရွေးချယ်ခဲ့တာလည်းဖြစ်ပါတယ်။ တောရက်စ် ဟာ ယခင်တုန်းက ခြေစွမ်းပိုင်းများ ကျဆင်းနေခဲ့တာကြောင့် စပိန်အသင်းရဲ့ပွဲထွက် လူစာရင်းမှာ ချန်လှပ်ခံခဲ့ရသူဖြစ်ပါတယ်။ နောက်ပိုင်းမှာ တောရက်စ်ဟာ ခြေစွမ်းပြန်လည် ကောင်းမွန်လာတာကြောင့် လက်ရွေးစင်အသင်းနည်းပြ ဒယ်ဘောစကီး က အသင်းရဲ့ တိုက်စစ်မှာ ပြန်လည်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
 
စပိန်နည်းပြ ဒယ်ဘောစကီး ဟာ အစောပိုင်း ကာလတုန်းက အဆိုပါကွန်ဖက်ဒရေးရှင်းဖလားကို ယှဉ်ပြိုင်ဖို့ ကစားသမား ၂၆ ဦးကို ရွေးချယ်မယ်လို့ ဆုံးဖြတ်ထားခဲ့တာဖြစ်ပြီး အဆိုပါရွေးချယ်ထားတဲ့ ကစားသမားစာရင်းကို မနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ရွေးချယ်ထားတဲ့ လူစာရင်းမှာ စပိန်နာမည်ကြီးကစားသမားများစွာ ပါဝင်ခဲ့သလို ပရီးမီးယားလိဂ်မှာ ကစားနေတဲ့ ကစားသမားများစွာလည်း ပါဝင်ခဲ့ပါတယ်။ ယခုလူစာရင်းမှာ ပြန်လည်ရွေးချယ်ခံရတဲ့ တောရက်စ် အနေနဲ့ ယခုနှစ်ရာသီမှာ ချဲလ်ဆီးအသင်းတွက် လိဂ်ပြိုင်ပွဲအားလုံး ပွဲပေါင်း ၆၄ ပွဲပါဝင်ထားကစားထားကာ ဂိုးပေါင်း ၂၂ ဂိုးအထိ သွင်းယူပေးထားနိုင်တာကြောင့် နည်းပြ ဒယ်ဘောစကီး ကရွေးချယ်တဲ့ စိတ်ကြိုက်ကစားသမား ၂၆ ဦး စာရင်းမှာ ပြန်လည်ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ စပိန်အသင်းဟာ အဆိုပါ ကွန်ဖက်ဒရေးရှင်းဖလားရဲ့ အုပ်စု B မှာ ကျရောက်နေတာဖြစ် ပြီး ဂျွန်လ ၁၆ ရက်နေ့မှာ ဥရုဂွေးအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမှာ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။
 
 
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့