သာသနာ့ အန္တရာယ် ဟူသည် ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံဝင်တော်မူပြီး၍ ရက်ပိုင်းအတွင်း၌ ပင် ပေါ်ပေါက်ခဲ့သည် ဆိုရပေမည်။
ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ပံ့သကူဒုကုဋ် သင်္ကန်းကို ခံယူရရှိသော ဓုတင် ဧတဒဂ်ဘွဲ့ ရ “အရှင်မဟာကဿပ မထေရ်မြတ်”သည်နောက်ပါရဟန်း(၅၀၀)ဖြင့်“ပါဝါပြည်”မှ“ကုသိနာရုံ”သို့ဗုဒ္ဓမြတ်စွာအားဖူးမြော်ရန်ကြွတော်မူလာစဉ်လမ်းခရီးအလယ် ၌ တက္ကတွန်းတစ်ဦးထံမှ “ကုသိနာရုံ၊မလ္လာမင်း အင်ကြင်းဥယျာဉ်ဝယ် ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူသည်မှာ(၇)ရက်ကြာပြီဖြစ်ကြောင်း”သတင်းစကားကြားသိရ၍ ရဟန်းတစ်ချို့ ယူကြုံးမရ ငိုကြွေးကြရာ၊တောထွက်ရဟန်းကြီး“သုဘဒ်”မှ-“ငါ့ရှင်တို့ငိုယိုပူဆွေးခြင်းမဖြစ်ကုန်နှင့်၊ယခုငါတို့လွတ်လွတ်လပ်လပ်ပြောဆိုနေထိုင်၍ခွင့်ရကြပြီ။ရဟန်းကြီးဂေါတမရှိစဉ်အခါတုန်းကအမျိုးမျိုးချုပ်ချယ်ခဲ့ကြရာယခုအခါဤပညတ်ချက်ချုပ်ချယ်မှုတို့မရှိပြီ ”ဟု ဆိုခဲ့၏။
ထိုသို့ပြောဆိုခဲ့သောတောထွက်ရဟန်းကြီးသုဘဒ်၏စကားသည်“အရှင်မဟာကဿပမထေရ်မြတ်ကြီး”၏ဦးထိပ်ပေါ်သို့ မိုးကြိုးစက်ကျသကဲ့သို့ခံစားခဲ့ရပြီးနောက်“သာသနာ့ အန္တာရာယ်အစ”ဟုအရှင်မဟာကဿပမထေရ် သိခဲ့ရသည်။
ထို့အတွက်ကြောင့် မထေရ်မြတ်ကြီးသည်..
(၁) မသူတော်တရားမပြန့်ပွားမီ။
(၂) သူတော်ကောင်းတရားမပျောက်ပျက်မီ။
(၃) အလ္လဇ္ဇီ အ၀ိနယ မထွန်းကားမီ။
(၄) လဇ္ဇီ ၀ိနည်းတရားမပျက်ပြားမီ။
(၅) အဓမ္မ၀ါဒီတို့ အင်အားမကောင်းမီ
(၆) ဓမ္မ၀ါဒီတို့အားမနည်းမီ။ “သင်္ဂါယနာ”တင်မှဖြစ်မည်ဟု စိတ်အကြံဖြစ်လျက်ကြိုးပမ်းဆောင်ရွက်ခဲ့ရသည်။
မျက်မှောက်ခေတ် မြန်မာနိုင်ငံ၏ ထေရ၀ါဒဗုဒ္ဓဘာသာဝင်များ၏အခြေအနေကိုအကဲခတ်ကြည့်လျှင်-ထေရ၀ါဒကို လုံးဝယုံကြည်လက်ခံသော ဗုဒ္ဓဘာသာဝင်များက အနည်းစု၊နတ်၊ဗြဟ္မာဏအယူအဆ နှင့်ထေရ၀ါဒကို ရောထွေးလျှက် လက်ခံယုံကြည်နေသူက အများစု ဖြစ်ကြောင်းတွေ့မြင်နိုင်သည်။
အိမ်တိုင်းလိုလိုနတ်စင်ရှိကြသည်။ကျန်းမာရေးမကောင်းလျှင်ဆေးဆရာနှင့်ကုသသလိုနတ်နှင့်လည်းကုသည်။စီးပွားပျက်လျှင်နတ်မေးသည်။ဗေဒင်မေးသည်။စီးပွားတက်လျှင်နတ်မသည်။ဘိုးတော်မသည်။ယတြာကောင်းသည် ဟု ဆိုကြ၏။
နှစ်စဉ် တခြိမ့်ခြိမ့် စည်စည်ကားကားသိုက်မြိုက်စွာကျင်းပနေသည့် “တောင်ပြုန်းပွဲ”သည်လည်းကောင်း၊
“ရွှေမျက်မှန် တ၀င်းဝင်းနှင့်အိုက်တင်ပေးနေသော ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး”သည်လည်းကောင်း၊
“လည်ဂုတ်တို၊ကြာရွက်မှောက်၊သံမှိုချက်ဖောက်ရာဗလပွနှင့်တည်ရှိနေသောမြန်မာပြည်အနှံ့ရှိ"ဒဏ္ခိဏသာခါရုပ်ပွားများ”သည်လည်းကောင်း။
“တိရိစ္ဆာန်ရုပ်”ကိုယ်စားပြုသည့် “ဂြိုလ်နက္ခတ်တိုင်များ”သည် လည်းကောင်း၊
အိမ်ခေါင်းရင်းတိုင်းတွင် “အုန်းသီး”မလွတ်ကင်းခြင်းသည်လည်းကောင်း၊ စသည် စသည် တို့သည် နတ်၊ဘိုးတော်၊ဗေဒင်၊ဗြဟ္မဏ၀ါဒများ တို့နှင့် ရောထွေးယှက်တင် ဖြစ်နေခြင်း၏ပြယုဂ်များပင်ဖြစ်၏။
(က)ပုဂ္ဂိုလ်အမှား သာသနာ့ အန္တရာယ်များ
ယခင်သာသနာတော်သမိုင်းတစ်လျှောက်သံင်္ဂါယနာအကြိမ်ကြိမ်တင်ရလောက်အောင်ဖောက်ပြန်ယိုယွင်းခ
ဲ့သောအဓမ္မ၀ါဒနှင့်အဓမ္မ၀ါဒီများသည်ယနေ့အချိန်အခါတွင်ပုဂ္ဂိုလ်အရသော်လည်းကောင်း၊၀ိနည်းအရသော်
လည်းကောင်း၊အကျင့်အရသော်လည်းကောင်း၊ပိဋကတ်တော်များအပေါ်ဆန့်ကျင်မှုအရသော်လည်းကောင်း၊
ထင်ထင်ရှားရှားကျူးလွန်မှုများ ပြုလာကြသည်ကို တွေ့နေရသည်။
ပထမအကြိမ် သံင်္ဂါယနာမတင်မီကတောထွက်“သုဘဒ်”ရဟန်းကြီး၏“ဘုရားရှင် ပရိနိဗ္ဗာန်စံမှ ငါတို့အချုပ်အနှောင်ကင်းပြီးနေချင်သလိုနေလို့ရမည်”ဟူသောအတွေးအခေါ်မျိုးဖြင့်နေထိုင်ချင်သူများပြားလာသည်။ဒုတိယသံင်္ဂါယနာတင်ရခြင်းအကြောင်းရင်းဖြစ်သည့်“အဓမ္မ၀တ္ထု(၁၀)မျိုး”မှ“ရွှေ၊ငွေကိုင်တွယ်သုံးစွဲခြင်း”သာမကစီးပွားရေးလုပ်ငန်းများ၊လောင်းကစားချဲဒိုင်လုပ်ငန်းများကိုပါဆောင်ရွက်နေကြသောပုဂ္ဂိုလ်များရှိလာ
သည်။
“၀ဇ္ဇီတိုင်းသားရဟန်း”တို့က“မွန်းလွဲနေ လက်တစ်သစ်”ကျော်ပြီးချိန်ထိ အစာစားနိုင်ရန် တင်ပြသည်။ ယခုမူ ညနေစာကိုပါ ပြောင်ပြောင်တင်းတင်း လူရှေ့၊သူရှေ့ စားသောက်ဆိုင်ထဲ ၀င်စားရဲလာကြသည်။အာပတ် အရအားဖြင့်“ပါရာဇိကနှင့်သံဃဒိသိက်အောက်အားလုံးကိစ္စမရှိ”ဟုထင်နေကြသည်။ဆင်ခြေပေးကြသည်။တစ်
်ကြိမ်လွန်ကျူးဖူးလျှင် နောက်ထပ်အကြိမ်များစွာ ထပ်မံကျူးလွန်ရန် မကြောက်တော့ပေ။
လုပ်ရိုးလုပ်စဉ်ဖြစ်လာသည်။အပြစ်အာပတ်ကိုအမှုမထား၊မကြောက်တော့။ထိုဒုဿီလစရိုက်များကိုအတုလိုက်၍ သံဃာငယ်များပါ ပျက်စီးလာသည်။
“၀ဇ္ဇီတိုင်းသားရဟန်းများ” က “သေနု”သာသောက်ခွင့်တောင်းလာသည်။ယခုအခါတွင်မူကား အရက်ပြင်းကို ပုလင်းခါးထိုး၍လက်ဖက်သုတ်ဆိုင်တွင်ထိုင်ရင်း ရေနွေးကြမ်းပန်းကန်နှင့်ဘုရားပွဲ လူအုပ်အလည်မှာ ခပ်တည်တည်သုံးဆောင်ဝံ့သောပုဂ္ဂိုလ်များကိုလည်း တွေ့လာရသည်။
ထိုဖြစ်ရပ်များက “သာသနာ့ဝန်ထမ်း သံဃာတော်အစစ်အမှန်များ”ကိုပါ အထင်အမြင်လွဲစေပြီး “ဒီပုတ် ထဲ က ဒီပဲတွေပါပဲ”ဟူသောအမြင်မျိုးဝင်လာသောအခါကုသိုလ်တရားတိုးပွားခွင့်များပိတ်ဆို့ပြီးအကုသိုလ်တရားပွားများကာ သာသနာတော်ဆုတ်ယုတ်မှုအခြေအနေများ ၀မ်းနည်းဖွယ် ဖြစ်လာသည်။
တတိယသံင်္ဂါယနာသည် ရဟန်းတုများကို စစ်ဆေးဖော်ထုတ်ခဲ့ရသကဲ့သို့ ယခုခေတ်တွင်လည်း နံနက်မိုးလင်းသည်နှင့်ဝိနည်းတော်နှင့် လားလားမျှ မအပ်စပ်သော ငွေကြေးအလှူခံမှုများကို နေရာအနှံ့ တွေ့ရှိနေရသည်။တစ်ဦးချင်း၊နှစ်ဦးချင်းရပ်ကွက်၊ကျေးရွာများထဲသို့တစ်အိမ်တက်တစ်အိမ်ဆင်းအကြောင်းအမျိုးမျိုးပြကာငွေကြေးလိုက်လံတောင်းခံနေသော သံဃာတုများလည်းပေါလာသည်။
လမ်းလယ်ခေါင်အတင်းပိတ်ဆို့ကာ“စာအုပ်ဝယ်ဖို့၊ဖိနပ်ပြတ်လို့၊ထီးဝယန်းဝယ်ဖို့၊လမ်းစရိတ်မရှိလို့”ဟုအကြောင်း
်ပြကာငွေကြေးများတောင်းခံနေသော သာသနာ့အဖျက်သမား အရေခြုံသင်္ကန်းဝတ်အတု များသည်လည်း နှိမ်နင်းမည့်သူမရှိတိုင်း ထ ကြွသောင်းကျန်းကာ သာသနာ့ဂုဏ်သရေကိုမွဲပြာကျအောင် ယုတ်မာစွာ လုပ်ဆောင်နေကြပေသည်။
ဤနေရာတွင် သတိပေးလိုသော အကြောင်းအရာတစ်ရပ်မှာ ထိုသို့ ၀ိနည်းစည်းကမ်းနှင့်မညီညွှတ်မှုမရှိပဲ သာသနာတော်တွင် သိက္ခာကျဆင်းစေမည့် လုပ်ရပ်များကို “လက်ခံအားပေးမည့်သူများမရှိလျှင်” ထို အချောင်သမားရဟန်းတုများသည်လည်း အလိုအလျှောက်ပျောက်ကွယ်သွားပေလိမ့်ကမည်။
(ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဘာသာရေးဗဟုသုတ အားနည်းပြီး “ကိုယ်လှူ ရင် ကိုယ်ကုသိုလ်ရတာပဲ”ဟု သာသနာတော်ရှေ့ရေးမတွေးတောပဲအဆိပ်ပင်ရေလောင်းသကဲ့သို့အလှူခံမစိစစ်ပဲဆောင်ရွက်နေသမျှကာလပတ်လုံးသာသနာဖျက်လုပ်ရပ်များကိုအားပေးရာရောက်နေပြီးသာသနာ့အန္တရာယ်ကျရောက်မှုများကိုလည်းဆက်လက်ကြုံတွေ့ရဦးမည်သာ။)
တစ်ချို့ ပုဂ္ဂိုလ်များက ဗုဒ္ဓမြတ်စွာဘုရားရှင် တားမြစ်တော်မူခဲ့သည့် မိစ္ဆာဇီဝ အကုသိုလ်အမှု ဖြစ်သော “ဗေဒင်လက္ခဏာဟောပြောခြင်း၊ယတြာပြုလုပ်ပေးခြင်း”တို့ကို ကျောင်းဝင်းထဲ၌အခြေကျကျ ဟန်ပါပါ ဆောင်ရွက်ပေးနေကြသည်။ချဲ၊နှစ်လုံးထိုးရန်အတိတ်ပေးတရားလိုလိုဟောကြား၍ငွေကြေးအလှူခံနေကြသည်။ သာယသနာ့ပြင်ပမှထွက်ရပ်ပေါက်သရုပ်ဆောင်စိတ္တဇရုပ်ကောင်များကိုကျောင်းပေါ်တင်၊ဘုရားပေါ်တင်ကိုး
ကွယ်ကာမသိနားမလည်သောလူအပေါင်းတို့ကိုကိုးကွယ်ရာအမှားပေးပြီးအကြီးမားဆုံးအကုသိုလ်အမှုပြုနေကြသည်မှာ ကိုးကွယ်ရာ ပုဂ္ဂိုလ်အမှား သာသနာအန္တရာယ်များပင် ဖြစ်လေသည်။
(ခ)ယုံကြည်မှု အမှားသာသနာ့ အန္တရာယ်များ
“ဘုရား၊တရား၊သံဃာ ရတနာမြတ်သုံးပါးမှတစ်ပါးတစ်ခြားကိုးကွယ်ဆည်းကပ်ရာမရှိပါဘုရား”ဟုသရဏဂုံသီလ နေ့စဉ်ခံယူနေသော်လည်း(၃၇)မင်းရိုးရာနတ်များသာမကနောက်ဆုံးပေါ်သွင်းကုန်များဖြစ်သော“အန်းကုန်းဘိုး
တော်၊ကွမ်ရင်မယ်တော်၊မဟိန္ဒရာဘိုးတော်၊သူရဿတီ၊နှင့်ဘိုးတော်၊မယ်တော်၊ထွက်ရပ်ပေါက်အဘမျိုးစုံ၊၀ိဇ္ဇာဘုန်းကြီးများ၊ထေရ၀ါဒပိဋကတ်တော်၌လုံးဝမပါသော"ရှင်ဥပဂုတ်”အပါအ၀င်ကိုယ်ထင်ရာကိုးကွယ်နေကြသော ရုပ်ထုပေါင်းစုံတို့သည်အိမ်ဦးခန်းတွင်နေရာယူကာ ဗုဒ္ဓဘာသာဟုအမည်ခေါ်ရုံမျှသာဖြစ်ပြီး သရဏဂုံသီလ ညှိုးနွမ်းဆုတ်ယုတ်နေကြသည်မှာဝမ်းနည်းဖွယ်ရာပင်ဖြစ်သည်။
လူတို့စိတ်ကူးပေါက်၍ထင်ရာလုပ်နေကြခြင်းသည်ထေရ၀ါဒဗုဒ္ဓသာသနာအတွက်ဘေးဆိုးရန်စွယ်ဓမ္မန္တရာယ်ကြီးသဖွယ်ဖြစ်နေကြောင်းကိုဆောင်ရွက်သူများကလည်းမကြောက်တတ်ကြ။နားလည်သူများကလည်းပြဿနာ
အဖြစ်မခံလိုကြ၍မပြောလိုကြ။ သို့နှင့်ပင် နောက်ဆုံးတွင် အလုံးအတူတကွ စုံးစုံးမြုပ်ရမည့်လမ်းမှားဟုလည်း နားမလည်ကြ။ထိတ်လန့်ဖွယ်ကောင်းလှသော သံဝေဂရစရာဖြစ်ရပ်ကြီးပင် ဖြစ်ပေသည်။
"လွတ်လပ်စွာကိုးကွယ်နိုင်ခြင်းအခွင့်အရေးကို အသုံးပြုခြင်း"ဟု အကြောင်းပြကြသေးသည်။
လူသားတိုင်းအတွက်လွတ်လပ်စွာကိုးကွယ်ခွင့်သည်မွေးရာပါအခွင့်အရေးဖြစ်၍ကန့်ကွက်တားဆီးရန်အ
ကြောင်းမရှိပါ။သို့ရာတွင်ထေရ၀ါဒဗုဒ္ဓဘာသာအမည်ခံပြီးမှထေရ၀ါဒသာသနာတော်နှင့်ဆန့်ကျင်ဘက်ဖြစ်သောအပြုအမူနှင့်အတွေးအခေါ်လုပ်ဆောင်မှုတို့သည်မူရင်းထေရ၀ါဒဗုဒ္ဓသာသနာတော်ကိုဆန့်ကျင်ထိပါးအယူမှား
စေသည့်အတွက်ထေရ၀ါဒအဆုံးအမဘက်မှရပ်တည်၍အဓမ္မ၀ါဒီများကိုရှင်းလင်းသန့်စင်စေရန်အခွင့်ရေးသည် သာသနာတော်ကိုမြတ်နိုးကာကွယ်လိုသူတိုင်း၏ လက်ဝယ်တွင်ရှိပေသည်။
ဗုဒ္ဓ၀ါဒအပေါ်တွင်ဗြဟ္မဏ၀ါဒ၏လွှမ်းမိုးမှုကိုအနီးကပ်ဆုံးဥပမာဖြစ်ရပ်ဖြင့်ပြရလျှင်ပုဏ္ဏားတို့၏အမွေဖြစ်သောဗေဒင်၊လက္ခဏာ၊နက္ခတ်ကျမ်းများကိုအခြေခံ၍ ကျောင်းကန်ဘုရားများတွင် တိရိစ္ဆာန်ရုပ်၊ဂြိုလ်တိုင်များနှင့် ရုပ်တုမျိုးစုံရောက်ရှိနေပုံသာမက ဗြဟ္မဏအလိုကျ နေ့သင့်၊နံသင့် နာမည်မှည့်ပုံမှာ လူပုဂ္ဂိုလ်များသာမက ရဟန်းတော်များ၏ဘွဲ့အမည်များကိုပင်
ဗေဒင်ကိန်းဖြင့်ထိန်းချုပ်ကာ အယူမှားနေကြပုံကို ရင်နာနာနှင့်မျက်စေ့အောက်ကြည့်နေရသည်မှာ ကြာပါပြီ။
ထိုကိုးကွယ်ရာအမှားများဆိုသည်မှာ(၃၇)မင်းအပါအ၀င်ရိုးရာအိမ်တွင်း၊အိမ်ပြင်နတ်များနှင့်ထွက်ရပ်ပေါက်ဝိဇ္ဇာအမည်ခံလူလည်များ၏အယောင်ဆောင်ရုပ်တုများသာမက၊အခြားနိုင်ငံမှပါဝင်လာသောလဘ်လာဘတိုးစရာ
ကိုးကွယ်ရာအသစ်အဆန်းများ လည်းပါဝင်သည်။
ထို့ပြင် လောဘ ကိုအကြောင်းပြု၍ ကိုးကွယ်နေသော ရွှေ။ငွေ၊ရတနာ ကိုယ်လုံးညွှတ်မျှ ဆင်ယင်ထားသောရုပ်တုများ၊ဘုရင်လိုလို၊နတ်လိုလို၊ဆင်ယင်ထားသောရုပ်တုများ၊မြင်းခံ၊ဆင်ခံ၊ကျားခံ၊နဂါးခံ၊ဂဠုန်ခံ၊စသည့်ယတြာရုပ်တုများ၊မဟာပုရိဿလက္ခဏာတော်(၃၂)ပါးကိုဆန့်ကျင်၍ခါးကုန်း၊ဂုတ်တို၊ကြာဖက
်ဆောင်းကာ သံမှိုကိုးချက် ကိုယ်မှာနှက်၍စီးပွားတက်ရန် နှင့် မီးဘေးကင်းရန် အသုံးချခံနေရရှာသော ဒက္ခိဏသာခါ အစရှိသော ဘာသာရေးအဖျက်သမား၊မသမာသူများဖန်တီးထားသည့် ယံကြည်မှုအမှား ၊အမွေဆိုးများကို ဆိုလိုသည်။
ထိုကဲ့သို့မှုန်ဝါးဝါး၊ယောင်တောင်တောင်၊ရောသမမွှေအောင်ကိုးကွယ်နေကြသောသူများကိုလေ့လာကြည့်သောအခါ စိတ်ချမ်းသာစရာ နတ္ထိမရှိ၊လိုချင်စိတ်ကြီးလွန်း၍ပူလောင်၊လုံလောက်အောင်မရလို့ ဆင်းရဲ၊ပိုကဲပြီးမရလို့ ဒေါသထွက်၊အသက်(၁၀၀)နေရသော်လည်း ကုသိုလ်နှင့်အကုသိုလ်မကွဲပဲ ဆင်းရဲဒုက္ခများကို ခံစားရင်းနှင့်ပင် မလှမပ၊ဘ၀ဇာတ်သိမ်းရရှာလေသည်။ဗုဒ္ဓဘာသာ သာသနာတော်နှင့်ကြုံပါလျက်နှင့် လမ်းပေါ်မှာ လမ်းပျောက်ရခြင်းပင်။
(ဂ)အယူဝါဒအမှား သာသနာအ န္တရာယ်များ
"သံင်္ဂါယနာသမိုင်း"ကိုပြန်ကြည့်လိုက်လျှင်"အဇာတသတ်မင်း"လက်ထက်မှ"အာသောကမင်း"လက်ထက်ထိသံင်္ဂါယနာ(၃)ကြိမ် သည် ရဟန်းပုဂ္ဂိုလ်တို့၏ ၀ိနည်းဖောက်ပြန်မှုကြောင့်ဆောင်ရွက်ခဲ့ရခြင်းဖြစ်ပြီး နောက်ပိုင်း သံင်္ဂါယနာ(၃)ကြိမ်မှာ"ပိဋကတ်တော်များသန့်စင်တည်တံ့အောင်ရည်ရွယ်ချက်ဖြင့်ဆောင်ရွက်ခဲ့ရခြင်း"ဖြစ်သည်။
သာသနာတော်သမိုင်းနှစ်ကာလရှည်လျားကြာမြင့်လာသည်နှင့်အမျှစစ်ဘေးဒဏ်၊သဘာဝဘေးဒဏ်အသီးသီးတို့ကြောင့်တစ်စုတစ်စည်းတည်း မနေနိုင်ကြပဲ တစ်ကျောင်းတစ်ဂါထာ၊တစ်ရွာတစ်ပုဒ်ဆန်းကဲ့သို့ မူရင်းပါဠိတော်ကိုကူးယူရာတွင်လည်းကောင်း၊အဋ္ဌကထာဆရာသဘောအလိုကိုအဓိပ္ပါယ်ဖွင့်ရာတွင်လည်း
ကောင်း၊အယူအဆ၊ဝေါဟာရကွဲလွဲလာကာဆရာစဉ်ဆက်ဂိုဏ်းဂဏအသွင်ဆောင်အယူဝါဒရေးရာကွဲပြားမှုများရှိလာခဲ့သည်။
မြန်မာနိုင်ငံတွင်လည်းအတင်ဂိုဏ်း၊အရုံဂိုဏ်း၊ကံဂိုဏ်း၊ဒွာရဂိုဏ်းစသည့်အယူအဆမတူသည့်သံဃာ့ဂိုဏ်းကြီး(၉)ဂိုဏ်းထိ ကွဲပြားခဲ့သည်။သို့သော် ၁၃၄၂ခု ၊နယုန်လတွင် ကမ္ဘာအေး မဟာပါသဏလိုဏ်ဂူတော်ကြီးတွင် အစိုးရ၏လျှောက်ထားချက်ဖြင့် ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီးကိုကျင်းပနိုင်ခဲ့ကာ သံဃနာယက အဖွဲ့အဆင့်ဆင့်ဖွဲ့၍ ၀ိနယနှင့် ဓမ္မဆိုင်ရာ သာသနာ့တာဝန်များဆုံးဖြတ်ညွှန်ကြားဆောင်ရွက်တော်မူကြသည်။
ထေရ၀ါဒပိဋကတ်တော်များနှင့်မညီမညွှတ်၊ပုတ်ခတ်ဆန့်ကျင်ကိုယ်ထင်ရှားရေးကိုဟောကြား၊ရေးသား၊သင်
တန်းများဖွင့်လှစ်ကာ အမှားအကျင့် ကျင့်ကြံမှုကို ၀ိနည်းဓမ္မကံ ဓမ္မ၊ အဓမ္မ အမှုများကို ဆုံးဖြတ်တော်မူခဲ့သည်။
သာသနာ့အန္တရာယ် ကာကွယ်သောအားဖြင့် ထေရ၀ါဒပိဋကတ်တော်နှင့်မညီညွှတ်သောဝါဒများအဖြစ်-
(၁၃၄၂ ခုနှစ်) "ကျောက်သဘောင်္ဝါဒ" မှသည် (၁၅-၁၁-၂၀၁၁)"ရှင်ဉာဏ(မိုးပြာဝါဒ)" ထိ
"နိုင်ငံတော်သဃမဟာနာယကအဖွဲ့ကြီး"မှ "သာသနာတော်တည်တံ့ပြန်ပွားရေး"အတွက် ဓမ္မ၏ရန်စွယ် အဓမ္မများကို ဖယ်ရှားခဲ့ပါသည်။ရှင်းလင်းခဲ့ပါသည်။ဗုဒ္ဓသာသနာတော်တည်တံ့ပြန်ပွားရေးဆောင်ရွက်၍ သာသနာပြုခဲ့ကြသည်။
("အဓမ္မ၀ါဒများ"ကို အကျဉ်းမျှ ရေးသားဖော်ပြလိုက်ပါသည်၊အပြည့်အစုံနှင့် အကျယ် သိလိုလျှင် ၊သာသနာရေးဝန်ကြီးဋ္ဌာနမှ ၀ိနိစ္ဆယ ကျမ်းစာအုပ်များအဖြစ် ထုတ်ဝေထားပြီးဖြစ်ပါသည်၊ရှာဖွေ ဖတ်ရှုကြည့်စေလိုပါသည်။)
"ပြည်ထောင်စုမြန်မာနိုင်ငံတော်""နိုင်ငံတော်သံဃမဟာနာယကအဖွဲ့"နှင့်"နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့"တို့က"အဓမ္မ၀ါဒီ" အဖြစ် ဆုံးဖြတ်ထားသော "အဓမ္မ၀ါဒများ" မှာ
(၁) ကျောက်သဘောင်္အဓမ္မ၀ါဒ-
ကျောက်ဆည်မြို့နယ်၊ရွှေသာလျောင်းတောင်ကလပ်ကျောင်း၊"ဦးကေသ၀"၏၀ါဒဖြစ်သည်။
(၂) လူသေလူဖြစ် အဓမ္မ၀ါဒ-
တောင်တွင်းကြီးနတ်မှီတောရကျောင်း၊"ဦးဥက္ကဋ္ဌ"နှင့်နောက်လိုက်"ရွှေအဘိဓမ္မာအဖွဲ့"၊"သမ္မာဒိဋ္ဌိသုတေသနအဖွဲ့"တို့၏ ကံပယ်၊ဘုံပယ်ဝါဒ ဖြစ်သည်။
(၃) ကြောင်ပန်းတောရ အဓမ္မ၀ါဒ-
ဘုတလင်မြို့နယ်၊"ကြောင်ပန်းတောရတိုက်"မှ စတင်ခဲ့သော ၀ါဒဖြစ်သည်။
(၄) ကျောက်ပုံတောရ အဓမ္မ၀ါဒ-
မြောက်ဥက္ကလာပ၊ကျောက်ပုံတောရကျောင်း၊(လူအမည်)"ဦးစံရင်"၏ မဂ်တု၊ဖိုလ်တု ရဟန္တာတု ၀ါဒဖြစ်သည်။
(၅) ဦးမာလာဝရ အဓမ္မ၀ါဒ-
ရေတာရှည်မြို့နယ်၊ကညင်အိုင်ကျေးရွာကျောင်း၊"ဦးမာလာဝရ"၏ ကံပယ်၊ဘုံပယ် ၀ါဒဖြစ်သည်။
(၆) ဓမ္မနီတိ အဓမ္မ၀ါဒ-
သာကေတမြို့နယ်၊ဓမ္မနီတိကျောင်း၊"ဦးပညာဝံသ"၏၀ါဒဖြစ်သည်။
(၇) မိုးညို အဓမ္မ၀ါဒ-
မြောက်ဥက္ကလာပမြို့နယ်၊ကျောက်ရေတွင်း(၈)ရပ်ကွက်၊မိုးညိုဝိပဿနာပြန့်ပွားရေးအဖွဲ့ခေါင်းဆောင်၊
"ဦးသူရိယ(ဦးထွန်းရှိန်)"၏ မဂ်တု၊ဖိုလ်တုဝါဒ ဖြစ်သည်။
(၈) ထွန်တုံးလက်ကျန် ဦးထင် အဓမ္မ၀ါဒ-
စစ်ကိုင်းတိုင်း၊မြောင်မြို့နယ်၊ကျောင်းဖြူကျောင်းကျေးရွာ၊"ဦးထင်" ၏ ၀ါဒဖြစ်သည်။
(၉) တွံတေး ဦးပုညာစာရ အဓမ္မ၀ါဒ-
တွံတေးမြို့နယ်၊ရှမ်းစုကြီးကျေးရွာ၊ရတနာမာန်အောင် ရွာဦးကျောင်း၊"ဦးပုညာစာရ"၏
သိမ်သမုတ်ခြင်းနှင့်ပတ်သက်သော ၀ါဒ ဖြစ်သည်။
(၁၀) ရွှေဝါမြိုင်ကျောင်း အဓမ္မ၀ါဒ-
မော်လမြိုင်မြို့၊"ရွှေဝါမြိုင်ကျောင်း ဘုန်းကြီး"၏ သိမ်သမုတ်ခြင်းနှင့်ပတ်သက်သော ၀ါဒ ဖြစ်သည်။
(၁၁) စမ်းကလေး အဓမ္မ၀ါဒ-
ပဲခူးတိုင်း၊ညောင်လေးပင်မြိ့နယ်၊စမ်းကလေးအရှေ့ကျောင်း၊"ဦးနန္ဒောဘာသ"၏မဂ်တု၊ဖိုလ်တု ရောင်ခြည်တော်တုဝါဒ ဖြစ်သည်။
(၁၂) ဘိက္ခုနီ ဘာဝါဘာဝ အဓမ္မ၀ါဒ-
မှော်ဘီမြို့၊"မသွဲ့သွဲ့ထွေး(ခေါ်) မသစ္စ၀ါဒီ"၏ဘိက္ခုနီ(ရဟန်းမ)၀တ်ရန်ဘုရားရှင်ဝိနည်းတော်အားဆန့်ကျင်သောဝါဒ ဖြစ်သည်။
(၁၃) ဦးသဒ္ဓမ္မကိတ္တိသာရ အောင်ဆန်းတောရ အဓမ္မ၀ါဒ-
အင်းစိန်မြို့နယ်၊"အောင်ဆန်းတောရတပ်ဦးကျောင်းဆရာတော်"၏ ပဋိစ္စသမုပ္ပါဒ်ဖြတ်လမ်းဝါဒဖြစ်သည်။
(၁၄) ဦးခေမိန္ဒ မိုးညှင်းမြို့ အဓမ္မ၀ါဒ-
ကချင်ပြည်နယ်၊မိုးညှင်းမြို့၊မဟာသတိပဋ္ဌာန်ရိပ်သာကျောင်း၊"ဦးခေမိန္ဒ"၏တောင်ဟော၊မြောက်ဟောဝါဒဖြစ်
သည်။
(၁၅) ဦးဝိစိတ္တသာရာဘိဝံသ(မိုးပြာဂိုဏ်း) အဓမ္မ၀ါဒ-
မြစ်ကြီးနားမြို့၊(ယခင် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း)၊"ဦးဝိစိတ္တသာရာဘိဝံသ"၏၀ါဒဖြစ်သည်။
၎င်း ပုဂ္ဂိုလ်သည် မိုးညှင်းမြို့၊မဟာသတိပဋ္ဌာန်ကျောင်း၊"ဦးခေမိန္ဒ" ၏ တပည့်ရင်းဖြစ်သလို "မိုးပြာဂိုဏ်း"၏
"တတိယ ခေါင်းဆောင်"လည်းဖြစ်သည်။
(၁၆) ဦးဉာဏ မိုးပြာဂိုဏ်း အဓမ္မ၀ါဒ-
မြောက်ဥက္ကလာပမြို့နယ်၊(ဌ)ရပ်ကွက်၊သစ္စာပန်းလမ်း၊ခြံအမှတ်(၂၀)ရှိ "ဦးဉာဏ"၏ ကြောင်တောင်တောင်ဝါဒပင် ဖြစ်သည်။
(၁၇) ဉာဏ စာဂီ အဓမ္မ၀ါဒ-
ဦးဉာဏ မိုးပြာဂိုဏ်း အဓမ္မ၀ါဒ၊ဘီလူးကျွန်း၊ချောင်းဆုံမြို့နယ် ၌ နေထိုင်စဉ်က ဟောပြောခဲ့ ၊ရေးသားခဲ့သော ၀ါဒဖြစ်သည်။
(၁၈) ဦးမြတ်သိန်းထွန်း အဓမ္မ၀ါဒ-
လက်ပန်တန်းမြို့၊"ဦးမြတ်သိန်းထွန်း"၏ ကာမ၀ါဒ ဖြစ်သည်။
(၁၉) ဆူးလေ ဦးမြင့်သိန်း အဓမ္မ၀ါဒ-
ဂိုဏ်း၏အမည်ရင်းမှာ "ထေရ၀ါဒ၀ိဘဇ္ဇ၀ါဒ၊သမ္မပထ အကြောင်းသတ် ၀ိပဿနာဂိုဏ်း" ဖြစ်၍
"ထေရ၀ါဒဒဿန သမ္ပဒါနည်း" ဟူ၍လည်းခေါ်သည်။
စသည်တို့ကိုဓမ္မ၊အဓမ္မကွဲပြားစေရန်စိစစ်ဆုံးဖြတ်၍တားမြစ်သင့်သည်ကိုတားမြစ်၊ပြုပြင်သင့်သည်ကိုပြုပြင်၍ဓမ္မစက်၊အာဏာစက် အကူအညီဖြင့် တည်တံ့အောင် ဆုံးဖြတ် ဆောင်ရွက်တော်မူခဲ့သည်။
ထိုသို့အရေးယူမှုပြုလုပ်နေသည့်ကြားမှပင်အဓမ္မ၀ါဒတရားများကိုဖြန့်ဖြူးဟောကြားကာကျယ်ပြန့်အောင်ဆောင်ရွက်လာကြသည်။
ထိုသူများသည်-
လက်ရှိ ပိဋကတ်(၃)ပုံကို ဘုရားဟောမဟုတ်၊(၃၁)ဘုံမယုံကြည်၊ဘ၀သံသရာ ဆိုသည်မှာလည်းစိတ်ကူးယဉ်ဝါဒအဖြစ်
သတ်မှတ်၊အဘိဓမ္မာတရားသည် လည်းဘုရားဟော မဟုတ်၊စသည်ဖြင့်ဟောပြောလာသည်။
အဆိုးဆုံးအချက်မှာထေရ၀ါဒဟုခေါင်းစဉ်ကြီးကြီးတပ်ကာထေရ၀ါဒပိဋကတ်တော်များကိုဆန့်ကျင်ပုတ်ခတ်ရယ်စရာလုပ်ဟောပြောနေကြသူများ၊ကိုယ်စိတ်ကူးတည့်ရာကြံစည်ရသမျှအတွေးအခေါ်တွေကိုဘုရားဟောတရား
ယောင်ယောင်သရုပ်ဆောင်ဟောပြောနေသူများ၊ရှိသမျှ ရိပ်သာ များကို ပုတ်ခတ်စော်ကားကာ အာနာပါန နှင့် သတိပဋ္ဌာန် တရားအလုပ်သည်ပင် ဖင်ညောင်း၊ခါးနာ၊ခြေလက်မပါသူတရားထိုင်လို့မရတဲ့အကျင့်မှား ဟု စော်စော်ကားကား အဓမ္မတရားများကို ဟောရဲသူများလည်း ထင်ရှားလာသည်။
ဘာသာရေးလိုက်စားလိုသူ လူကြီး၊လူငယ်အများစုမှာ ပိဋကတ်တော်ကျမ်းဂန်များလေ့လာရန် အချိန်မရ၊လက်လှမ်းမမှီမှုတို့ကိုအခွင့်ကောင်းယူကာဆန့်ကျင်ဘက်အဓမ္မအတွေးအခေါ်များဖြင့်စည်းရုံးသိမ်း
သွင်းနေကြသည်။
ထို အလဇ္ဇီပုဂ္ဂိုလ်များနှင့် သူတို့၏ အဓမ္မအယူဝါဒများကို ဆက်လက်၍လွတ်လပ်ခွင့်ပေးထားပါက မကြာမြင့်သောအချိန်ကာလတွင်ထေရ၀ါဒသာသနာတော်ကြီးအတွက်အပ်နှင့်ထွင်းရမည်ကိုပေါက်ဆိန်နှင
့်ခုတ်ဖြတ်ရမည့်ပြဿနာကြီးတစ်ရပ်ရပ်သည် ဧကန်မုချ ပေါ်ပေါက်လာပေတော့မည်။
ဖော်ပြခဲ့သော သာသနာ့အန္တရာယ်များမှကာကွယ်နိုင်ရေးသည်မျက်မှောက်ကာလတွင်အလွန်အရေးကြီးလှပါ၏။
ဤအရေးကို သွေးအေးအေးဖြင့်မနေကြပဲ ထေရ၀ါဒမြတ်ဗုဒ္ဓသာသနာတော်အပေါ် သဘောထားမှန်မှန်ဖြင့် မြတ်နိုးစောင့်ရှောက်လိုသူများအထူးကြပ်မတ်သတိချပ်၍မပြတ်စောင့်ကြည့်ကာသာသနာ့သမိုင်းမရိုင်းစေရန်အတွက်ဘာသာသွေးနွေးကြပါ ဟု တိုက်တွန်းလိုပါသည်။
မှီခိုရာကျမ်းကိုး-
"ဦးညွှန့်မောင်(ဓမ္မာစရိယ၊ဘီအေ၊အာရ်အယ်လ်)"၏ "အဓမ္မ၀ါဒ၀ိနိစ္ဆယကျမ်း(အကျဉ်းချုပ်)"
"ဦးဆန်းလင်း(ဆည်မြောင်း)"၏ "သာသနာနှင့်ထေရ်သံဃာ"
"ဦမောင်မောင်(ဓမ္မစက္က)"၏"ဘာသာသွေးနွေးဖို့လိုပြီ"
ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလံ
No comments:
Post a Comment