Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 29 May 2013

ဂျပန် ANA လေကြောင်းလိုင်းမှ ဘိုးရင်း 787 လေယာဉ်များ ပျံသန်းမှု ပြန်လည်စတင်


၂၀၁၃ ခုနှစ် ၊ ဇန်န၀ါရီလမှ စတင်ကာ လုံခြုံစိတ်ချရမှု ဆိုင်ရာ ဘေးအန္တရာယ်များကြောင့် မြေပြင်တွင် ရပ်နားထားသည့်
ဂျပန်နိုင်ငံ All Nippon Airways -ANA လေကြောင်းလိုင်းမှ Dreamliners ဘိုးရင်း-787  အမျိုးအစား ခရီးသည်တင် လေယာဉ်များ ပျံသန်းမှုကို အောင်မြင်စွာ ပြန်လည် စတင်နိုင်ခဲ့ပြီ ဖြစ်သည်။

ဂျပန်နိုင်ငံ မြောက်ပိုင်း ဆာပိုရိုမြို့ မှ စတင် ပျံသန်းကာ တိုကျိုမြို့ ဟာနေဒါ လေဆိပ်သို့ အောင်မြင်စွာ ဆင်းသက်ခဲ့သည်။ ၂၀၁၃ ခုနှစ် ၊ ဇန်န၀ါရီလ အတွင်းက ANA လေကြောင်းလိုင်းပိုင် ဘိုးရင်း 787 လေယာဉ်တစ်စင်းသည် lithium-ion ဘက်ထရီ အပူချိန်မြင့်မားကာ မီးခိုးများ ထွက်လာခဲ့သည့် အတွက် အရေးပေါ် ဆင်းသက်ကာ လုံခြုံစိတ်ချရမှုဆိုင်ရာ ဘေးအန္တရာယ်များကို ပြန်လည် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာတစ်ဝှန်းမှ ဘိုးရင်း 787 လေယာဉ် အားလုံးအား စစ်ဆေးမှုများ ပြုလုပ်ပြီး အမေရိကန် အာဏာပိုင်များနှင့် ဂျပန်နိုင်ငံ အရေအသွေး စစ်ဆေးရေး အဖွဲ့၏ စစ်ဆေးမှုများကို ခံယူပြီးဖြစ်ကာ ပြန်လည်ပြေးဆွဲခွင့်ရရှိခဲ့ခြင်းဖြစ်သည်။  အခြားလေကြောင်းလိုင်းများရှိ ယင်းလေယာဉ်အမျိုးအစားမှာလည်း ပြန်လည်ပျံသန်းရန် အဆင်သင့်ဖြစ်နေပြီး ANA လေကြောင်းလိုင်းမှာ ဘိုးရင်း 787 အမျိုးအစား လေယာဉ် အများဆုံး ပိုင်ဆိုင်ထားပြီး စင်းရေ ၁၇စင်း ပိုင်ဆိုင် ပြေးဆွဲနေသည်။

Source; AFP


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့