Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 29 May 2013

မက္ကဆီကိုနိုင်ငံတွင် မြေပြိုမှုဖြစ်ပွားခဲ့


မက္ကဆီကိုနိုင်ငံအလယ်ပိုင်း Hidalgo ပြည်နယ် အလယ်ပိုင်းမှာ ပြီးခဲ့တဲ့ တနင်္လာနေ့က မြေပြိုမှုဖြစ်ပွားခဲ့တဲ့အတွက်
လူ ၇ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မြေပြိုမှုဟာ မက္ကဆီကို-ကွာရီတာရို အဝေးပြေးလမ်းမပေါ်မှာ ဖြစ်ပွားခဲ့ပြီး မြေပြိုမှုကြောင့် မော်တော်ယာဉ် ၅စီးထက်မနည်း ရွှံနွံတွေနဲ့နစ်မြုပ်ခဲ့ရပါတယ်။

Tepeji Del Rio မြို့မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ အတူ မိုးသီးကြွေတွေပါ ကြွေကျခဲ့တဲ့အတွက်  အခုလို မြေပြိုမှုဖြစ်ပွားခဲ့ရတာ ဖြစ်ပါတယ်။ အဆိုပါ မော်တော်ယာဉ်တွေဟာ အဝေးပြေးလမ်းမကို ဖြတ်သန်း သွားလာနေစဉ်မှာပဲ အခုလို ရုတ်တရက်မြေပြိုမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ သေဆုံးခဲ့သူ ၇ဦးအနက် အမျိုးသား ၃ဦးနဲ့ အမျိုး ၂ဦးကတော့ အဝေးပြေးလမ်းပေါ်ရှိ အငှားယာဉ်ထဲမှာ သေဆုံးသွားခဲ့တာဖြစ်ပြီး ကျန်အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား ၁ဦးကတော့ အလုံပိတ် မော်တော်ယာဉ်အတွင်းမှာပဲ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

အလုံပိတ် မော်တော်ယာဉ်အတွင်း ဒဏ်ရာရရှိသူ ခရီးသည် ၄ဦးကိုတော့ ဆေးရုံသို့ တင်ပို့ပေးခဲ့ကြပါတယ်။  မက္ကဆီကိုနိုင်ငံမှ ပို့ဆောင် ဆက်သွယ်ရေး ၀န်ကြီးဌာန၊ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကလည်း မြေပြိုမှုဖြစ်ပွားခဲ့ရာ နေရာမှာ ရှင်းလင်းရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင် လျက်ရှိပါတယ်။ ယခုမြေပြိုမှုဖြစ်ပွားခဲ့တဲ့ အဝေးပြေး လမ်းမဟာ နိုင်ငံရဲ့အရေးပါတဲ့ အဝေးပြေးလမ်းမတစ်ခုဖြစ်ပြီး ရှင်းလင်းရေးလုပ်ငန်းတွေကို လုပ်ဆောင်နေရတဲ့အတွက် အဝေးပြေး လမ်းမကို ယာယီပိတ်ထားရတယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့