Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 29 May 2013

ဆန္ဒပြအလုပ်သမားများကို ထိုက်သင့်သောလစာပေးရန် ဦးမြင့်ဆွေတိုက်တွန်း

အလုပ်သမားများ ဆန္ဒပြတောင်းဆို မှုများအပေါ် ပြည်ပရင်းနှီး မြှုပ်နှံသူများက စိုးရိမ်မှုများ ရှိနေသောကြောင့် အလုပ်ရှင်များက အလုပ်သမားများကို ထိုက်သင့်သော လုပ်ခပေးသင့်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမြင့်ဆွေက လှိုင်သာယာ မြို့နယ်ရှိ ကနောင်ခန်းမတွင် တိုက်တွန်းပြောကြားခဲ့သည်။

“ရင်းနှီးမြှုပ်နှံမယ့်သူတွေက တစ်နေ့နှစ်ဖွဲ့၊ သုံးဖွဲ့ဆန္ဒပြတာ တွေ့နေတော့ မင်းတို့ စက်ရုံအလုပ်သမားတွေက နင်းကန်ပြီး တောင်းနေတာ လားလို့ အမြဲမေးတယ်။ ကျွန်တော်တို့ကလည်း အလုပ်သမားဥပဒေလည်း ထွက်နေပါပြီ။ အနိမ့်ဆုံးလုပ်ခလည်း ဘယ်လောက်ဆိုတာ သတ်မှတ် နေပါပြီလို့ပြောရတယ်။ ဒီဟာတွေကို သူတို့ဘက်ကကြောက်နေပါတယ်”ဟု ၀န်ကြီးချုပ်ဦးမြင့်ဆွေကပြောသည်။

ယခုနှစ် ဇန်န၀ါရီမှ မေလကုန်ပိုင်းအထိ အခြေခံလုပ်ခလစာတိုးမြှင့်ရေးနှင့် ပတ်သက်၍ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုဖြစ်ပွားသော စက်ရုံပေါင်း ၂၀ ကျော်ရှိကာ စုပေါင်းတောင်းဆိုသော လုပ်သားခြောက်ထောင်ကျော်ရှိခဲ့ကြောင်း သတင်းရရှိသည်။လုပ်ခလစာနှုန်းထားနှင့် ပတ်
သက်၍ လှိုင်သာယာ စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီဒုအတွင်းရေးမှူး ဦးအေးထွန်းက “အလုပ်ရှင်အများစုက ကျွန်တော်တို့ဘာလို့ပိုမပေးနိုင် လည်းဆိုရင် ကျွန်တော်တို့ အမြတ်များများရမှ ပေးနိုင်မှာပေါ့။ လက်ရှိ မြန်မာဈေးကွက်က သေးနေတော့ ပြဿနာဖြစ်နေတာ”ဟုဆိုသည်။

7Day News Journal


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့