Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 29 May 2013

ဗီဇာကတ် သုံးစွဲနိုင်ရန် ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ် တစ်ခု ကြိုးပမ်း ဆောင်ရွက်နေ


ပြည်တွင်းမှ ပုဂ္ဂလိက ဘဏ်တစ်ခု ဖြစ်တဲ့ အာရှစိမ်းလန်း ဖွံ့ဖြိုးရေးဘဏ် AGD ကို မေလ ၂၁ ရက်နေ့က ဗီဇာမှ AGD ဘဏ်ရဲ့ တာဝန်ရှိသူများ ထံသို့
Visa Principal Licease ကို လာရောက် ပေးအပ် ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဗီဇာကတ်ကို အသုံးပြုနိုင်ဖို့ အတွက် နည်းပညာပိုင်း ဆိုင်ရာ ဆောင်ရွက်မှုများကို AGD မှ ဆက်လက် ဆောင်ရွက် နေတယ်လို့ သိရပါတယ်။
 
ဒီလို ဆောင်ရွက်မှုများ ပြီးတဲ့အခါ မှာတော့ Visa ကတ်ကို နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ အနေနဲ့ ဇွန်လ အတွင်းမှာ မြန်မာနိုင်ငံ အနှံ့ရှိ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်ရဲ့ ATM စက်များ အားလုံးမှာ Visa Card များကို အသုံးပြုပြီး ငွေသား ထုတ်ယူခြင်းများ ဆောင်ရွက် နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို Visa Card များကို လက်ခံ ဆောင်ရွက် လိုတဲ့ Air Lines, Hotel, Restaurants, Sourvenir Shops, Super Market များနဲ့ အခြား လုပ်ငန်းရှင်များ အားလုံးဟာ အာရှစိမ်းလန်း ဖွံ့ဖြိုးရေးဘဏ်ရဲ့ ဘဏ်ခွဲများသို့ ဆက်သွယ် ဆောင်ရွက်နိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။
   

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့