( ၂ ) လုပ်အား
လုပ်အား ရဲ့ တန်ဖိုး ကတော့ ဆုပ်ထားထာတွေ ကို ဖြည်ခိုင်း တာပါပဲ ။ တနည်းပြောရင် ကာယကံ ၊ ၀စီကံ နဲ့  ဆိုင်တဲ့ လုပ်အားတွေ ကို အတတ်နိုင်ဆုံး လျော့ထားခိုင်းတာ ကို ပြောတာ။ ဒါကိုပဲ သီလစောင့် ထိန်း တယ် လို့  နား လည်ရမယ်နော်။ နားလည်အောင် ဥပမာ နဲ့  ပြောရရင် အရင်ဆုံး လက်သီး ဆုပ်ကြည့်ပါ။ ဘယ်လို ခံစားရမလဲ ?။ တင်းနေတယ်၊ ကျပ်နေတယ် ၊ ဒါကို သဘာဝအတိုင်း ဖြည်ထားလိုက် ရင် သက်သာမနေဘူးလား။ ဒီလိုပဲပေါ့ တစ်ခုခု လုပ်တဲ့အခါ အထူးတလည် အားစိုက်ပြီး တင်းနေတာမျိုးတွေကိုမလုပ်ပဲ နေလိုက်ရင် သက်သာသွားတာ ပေါ့ ။
(က) သူတစ်ပါး အသက်သတ်ခြင်း
ကိုယ်က တစ်စုံတစ်ယောက် ကို သတ်မယ်ဆိုတာနဲ့  သေစေလိုတဲ့စိတ်ကအရင် တင်းသွားပီနော်။ ဒါကမနောကံ။ နောက်သေစေဖို့  ကြံစည် ခိုင်းစေရမယ်ဆိုရင်ဝစီနဲ့ စီစဉ်တဲ့အခါ နုတ်ကပါ ပေါ့ပါးမှု မရှိတော့ဘူး ။ တကယ်သတ်ကြမယ် ဆိုတော့ ကိုယ်၊ နုတ်၊ စိတ် (၃)မျိုးစလုံး တင်းလို့  ကံ (၃)ပါးလုံး တင်းတဲ့ အလုပ်ကို လုပ်ရတယ်နော် ။ ဒါဆို ပြန် စဉ်စားလိုက် ဒီသက်ရှိဟာ သူ့ သဘောကိုက သေတတ်တဲ့ အမျိုးလေ။ ကိုယ်မသတ်လဲ သေမှာပဲ ။ ဒါဆို ဘာလို့  ကိုယ်က စိတ်ကော လူကော တင်းတဲ့ အလုပ်ကို လုပ်နေတော့မှာလဲ ။ ဒီလို သေစေဖို့  အထူုးအားစိုက်လို့  တင်းနေတဲ့ အလုပ်မျိုးကို လျော့ထားပြီး မလုပ်တော့ဘူးဆိုရင် ဒါသီလတစ်ခု စောင့်ပြီးသား ဖြစ်သွားပီနော်။ ဒါကလုပ်အားရဲ့တန်ဖိုးဖြစ်တဲ့ဆုပ်ထားတာတွေကိုဖြည်လျော့ပြီး သဘာဝအတိုင်းလေး သက်သက်သာသာ နေလိုက် တာပါပဲ ။ ဒီလို တန်ဖိုး သိပြီးနေနိုင်ရင် တန်ဖိုး ရှိလာမှာပါ ။
(ခ) သူတစ်ပါး ပစ္စည်းခိုးယူခြင်း
ဒါလည်း လုပ်အား သုံးရတာနော် ။ သူများ ပစ္စည်းခိုးပါတယ် ဆိုမှတော့ လူလစ်အောင် ချောင်းရတာနဲ့ ၊မသိအောင် ယူရတာနဲ့  ကိုယ်၊ နုတ်၊ စိတ် (၃)ပါးလုံး တင်းနေပီနော် ။ ဒါတွေကို မလုပ်ပဲ နေရင် လုပ်အား တန်ဖိုးကို သိပြီးနေတာမို့  တန်ဖိုးရှိသွားပြီ ။ သုံးရမယ့်  လုပ်အားကို လျော့ ထားရမယ် ဆိုတာ သိရင်ပဲ တန်ဖိုး သိသူ ဖြစ်နေပါပြီ ။ တနည်းလိုချင် တဲ့ ပစ္စည်းအပေါ် ဆုပ်ထားတာလေး လျော့ လိုက်ယုံပါပဲ ။ ဒါဆို မခိုးယုံပေါ့ ။ ဒါဆို သီလ တစ်ပါး ဆောက်တည်လိုက်ရင် ကုသိုလ်ရပြီနော်။
(ဂ) သူတစ်ပါး သားမယား ပြစ်မှားခြင်း
ဒါလည်း ကိုယ်၊ နုတ်၊ စိတ် အပြုမှားကြောင့်တင်းကျပ်နေရ တာတွေပေါ့ ။ ဒါတွေကို မလုပ်ဘူးဆိုရင် ပုံမှန်လေး ပဲ ကိုယ်၊ နုတ်၊ စိတ် ကလေးကို လျော့ထားပြီး ဒီလိုအပြုမှားတွေအတွက် အားမထုတ်တော့ဘူး ဆိုရင်ပဲ တော်တော်သက်သာရာရသွားပြီနော်။ မကောင်းတာ မတွေး ၊ မကြံ ၊ မလုပ်ဘူုးဆိုရင်ပဲ ဒီလုပ်အားကို လျော့ထားပြီမို့  တန်ဖိုးသိလို့  တန်ဖိုး ရှိသွားပြီ ပေါ့နော် ။
(ဃ) လိမ်ညာ ပြောဆိုခြင်း
ဒီနေရာမှာ ၀စီ ဒုစရိုက် တွေကို သိရမယ် ။ အဲဒါတွေကတော့ မဟုတ်တာကို အဟုတ် လုပ်ပြောတာ ၊ အဟုတ်ကို မဟုတ်လုပ်ပြောတာ ၊ ချောပြစ်ကုန်းတိုက်တာ ၊ ကြမ်းတမ်းစွာ ပြောဆိုတာ ၊ အသိမ်အဖျင်းပြောတာ အားလုံးပါတယ် ။ဒါတွေ အားလုံးလုပ်နေသမျှ ကိုယ်ရဲ့ ၀စီအပေါ်ထားတဲ့ လုပ်အားတွေ အားလုံး တင်းနေပြီနော် ။ တစ်ယောက်နဲ့ တစ်ယောက်မတည့် အောင် ၊ မကြည်အောင် လုပ်ရတာက စပြီး ဒီဝစီ ဒုစရိုက် တွေလုပ်ဖို့  ကြံစည် ၊ ပြောဆိုနေစဉ်မှာကိုကနုတ်ကောစိတ်ကောတင်းနေပြီလေ ။ ဒါဆို လုပ်အားရဲ့ တန်ဖိုးနဲ့ လွဲနေပြီ ။ လုပ်အားတန်ဖိုး က ဆုပ်ထားတာတွေ ဖြည့်ခိုင်းတာ ။ အခုကျတော့ဆုပ်ဖို့ကြိုးစားနေတာဆိုတော့ ပင်ပန်းပြီပေါ့။ ကိုယ်ပြောတဲ့စကား သည် ငြိမ်းဖို့ မဟုတ်ပဲ ဆူရာဆူကြောင်း ဖြစ်စေခဲ့မယ်ဆိုရင် ၀စီဒုစရိုက် မြောက်သွားပါပြီ။ ဒါတွေကို ရှောင်နိုင်မှ သမ္မာဝါစာ ဖြစ်မှာပါ ။ ဒါကြောင့် ခန္ဓာကိုယ်၏ လုပ်အားကို လျော့ပြီး သဘာဝကျကျ နေခြင်း သည် ဒီလုပ်အားရဲ့ တန်ဖိုးကိုသိပြီး နေခြင်းဖြစ်လို့ တန်ဖိုးရှိတဲ့ လူတစ်ယောက် ဖြစ်လာမှာပေါ့ ။
(င) အရက်သေစာ သောက်စားခြင်း
ဒါလည်း ဘာထူးလဲ။ အရက်သောက်ရင် မူးမယ် ဆိုတာ သိရက်နဲ့ သောက်နေတာသည် ကိုယ့်ကိုကိုယ် သက်သာမှုကနေ မသက်သာအောင် ဖန်တီးနေတာပါပဲ။ သူ့ သဘာဝအတိုင်း ပုံမှန် ရှင်သန်နေထိုင် လည်ပတ်နေရ တာတွေကို ဟန်ချက်ပျက်အောင် ၊ ယိမ်းယိုင် သွားအောင် အထုးတလည် လုပ်ဆောင်နေတာပဲ မဟုတ်လား ။ နောက်ပြီး ဒီအရက်သောက်နေတဲ့ လူရဲ့ မှတ်ဥာဏ်ဟာ အပျော့စား အရက်တစ်ခွက်စာ ၀င်ရင်ပဲ ကလာပ်စည်း ၇၀၀၀ ကျော် ပျက်စီးတယ်လေ ။ ဒါအပျော့စားနော် ။ အပြင်းစားဆိုရင် တွေးကြည့်ပေါ့ ။ ဒါကြောင့်လည်း ကိုယ်အ၀တ် ကိုယ် တောင် မနိုင်တဲ့ ဘ၀ရောက်သွားတာပေါ့နော် ။ နောက်ပြီး သူတို့ ရဲ့ မျက်လုံး တွေဟာ မှတ်ဥာဏ် အားတွေ ပျက်စီးကုန်တဲ့ကြောင်တောင်တောင်တွေဖြစ် ကုန်တယ်လေ။ နောက်ပြီး ဒုစရိုက်မှုတွေကို ကျူးလွန်စေဖို့အတွက်လည်း လမ်းဖွင့်ပေးသလို ဖြစ်နေပါပြီ ။ ဒါကြောင့်ပဲမှု့ခင်းတွေထဲမှာမတွေ့ ဘူးလား ။ ကိုယ့်သားကိုယ် ပြန်ဓားနဲ့ ခုတ်တာတို့  ၊ ကိုယ့်အဖေကိုယ် ပြန်သတ်တာတို့  ၊ အိုစုံလို့ ပါပဲ ဘ၀ သံသရာ စုန်းစုန်းမြုပ်စေမယ့် အကုသိုလ် အကြီးအမားတွေကိုအရက်သမား အသိဥာဏ်မဲ့သူတွေသာ ကျုးလွန်နေကြတာပါ ။ ဒါတွေ အားလုံးအထင်ကရတွေပါပဲ။ ဒါကြောင့်မို့ ဒီအရက်သေစာ သောက်စားခြင်းဖြင့် အကုသိုလ် အားလုံး ကျုးလွန်ဖို့် တင်းသွားတဲ့ စိတ်တွေကိုပဲ အရက် မသောက်ပဲ နေလိုက်ရင် အရာရာ အာလုံး လျော့ထားတာမို့  ဒါမလုပ်ရင် သီလ ဖြစ်သွားမယ်နော်။ ဒီလို လုပ်အားရဲ့ တန်ဖိုးကို လျော့ထားရမှာပါလား ဆိုတာ သိပြိး မသောက်ပဲ နေတဲ့ လူမျိုး ကိုသာ တန်ဖိုး သိလို့  တန်ဖိုးရှိတဲ့  လူလို့ ပြောနိုင်မှာပေါ့ ။ ဘယ် အရက်သမားသွားပြီး တန်ဖိုးရှိတဲ့ လူလို့  သတ်မှတ်လို့ ရမှာလဲနော် ။ ဒီသီလကို စောင့်ဖို့ ဆိုတာကလည်း မသောက်ပဲ နေလိုက်ရုံပါပဲ ။
(စ) ပန်းမာန် လိမ်းခြယ်ခြင်း
ဒါကလည်းလေ လုတိုင်း လှချင်ကြတာပေါ့နော် ။ လှဖို့ ဆိုရင် ဘယ်လို အပုခံရမလဲ ရတယ်။ ခေါင်းကို ရေနဲ့ စိမ်ထားမယ်ဆိုလည်း ရတယ် ။ လှမယ်ဆိုရင်တော့ ဘယ်လောက်လုပ်ရလုပ်ရ ပင်ပန်းတယ် မထင်ပါဆို သလို ပါပဲ ။အသေခံပြီးတောင် လှချင်ကြတာနော် ။ ဒီလိုလှဖို့ အတွက် ဟိုလိုပြင်ရ ၊ဒီလိုပြင်ရ လုပ်အားတွေ ဖြုန်းနေရတာ ပေါ့ပေါ့ပါးပါးနဲ့ လားစိတ်မှာ မလှမှာ ပုပြီး စိတ်ကြီးတင်းပြီး လုပ်ချင်လာတယ် ။ ဒီတော့ အားထုတ်ရပြီလေ ။ အင်းဆံပင်လေးကောက်ရင်လှမှာပဲလို့ထင်ပြီးကောက်လိုက်ပြီ။ဒီလိုအကောက်ခံ နေတုန်းမှာ ကိုပဲ အင်း..ပြီးများသွားရင် ငါနဲ့ မှ လိုက်ပ့ါမလားနော် ဆိုပြီး တွေးပုနေရသေးတာလေ ။ ဒါဟာ ကိုယ့်ရဲ့ လုပ်အားကို စိတ်ကြီးတင်းပြီး လုပ်နေရလို့ ပေါ့ ။ ဒါတွေ မလုပ်ပဲနေရင်ရော ဖြစ်တာပဲမလား ။ ဒါဆို ဒါတွေ မလုပ်နဲ့  စိတ်ပေါ့ပေါ့ ပါးပါးလေးနဲ့ ပုံမှန်လေး လုပ်အားကို သုံးနေမယ် ဆိုရင်တော့ ကိုယ်သုံးနေရတဲ့ လုပ်အားရဲ့ တန်ဖိုးကို သိပြီး နေနိုင်တာမို့  သဘာဝအတိုင်းလေးလျော့ထား ပြီးသားမို့  တန်ဖိုးတွေရှိနေပြီနော် ။ အတီး ၊ အမှုတ်၊အက၊အခုန် …အစစ အရာရာ ဒါတွေ အားလုံး သီဆို ဖျော်ဖြေနေ ရတာတွေ အားလုံးဟာ ကိုယ့်လုပ်အား တန်ဖိုးကို မသိပဲ လုပ်နေတာမို့  စိတ်လည်း ပင်ပန်း ၊ လူ လည်း ပင်ပန်းပါတယ် ။ ဒါတွေ မလုပ်ပဲ လျော့ထား နိုင်ရင် ဒါသီလဆောက်တည်ပြီး စောင့်ထိန်းရာရောက်သွားပါပြီ ။
(ဆ) မြင့်သော ၊မြတ်သောနေရာတွင် နေထိုင်ခြင်း
ဒါကတော့ ကောင်းပေ့ဆိုတဲ့ နေရာထိုင်ခင်းတွေ ပေါ်ထိုင်တဲ့ အခါမှာ စိတ်ဟာ ပေါ့ပါးမှု့မရှိပဲ ဒီအရာပေါ်မှာအာရုံက ရောက်လို့  စိတ်နဲ့ ဒီပစ္စည်းအာရုံနဲ့ ကြား ချုပ်နှောင်ထားသလိုဆိုတော့ ဒါတွေမလုပ်ရင်ပဲ လုပ်အား ရဲ့ တန်ဖိုးရှိသွားပါပြီ ။
(ဇ) ညစာ စားတာ
ရှစ်ပါးသီလ မှာ ညစာစားခြင်းလျော့ထားခိုင်းပါတယ်။ ဘုန်းကြီး ၊ သီလရှင်တွေတောင် ညစာ မစားပဲ နေနိုင်ရင် ကျန်တဲ့ လူတွေလည်း ဒီအတွက် အားစိုက်လုပ်ရမယ့် လုပ်အားတွေကို လျော့ပြီး နေနိုင်မှာမို့  ဒါသည် ပင် ဒီသီလ တစ်ပါးစောင့်ထိန်းနိုင်သွားပြီပေါ့ ။
ကဲဒါဆိုရင်သီလဆောက်တည်တယ်ဆိုတာ နုက်ကနေရွတ်ပြီး သီလတွေယူလို့  ပြီးရင် စိတ်မှာတင်းတဲ့ အလုပ်တွေ လုပ်နေမယ် ဆိုရင်တော့  တစ်ထိုင်သီလဖြစ်သွားမှာပါ။ တကယ်တော့ ဆုပ်ထားတာတွေကို လျော့ခိုင်း တာပါပဲ။ ဆုပ်ဖို့ကသာ ကြိုးစားရတာပါ။ လျော့ဖို့ကတော့ ပုံမှန်အတိုင်းလေး သဘာဝကျကျ နေနိုင်ရင်ရပြီ။ လုပ်ရ တာတွေကို စွန့်ထားရတာပါပဲ။ ဒါကြောင့် ခန္ဓာကိုယ် အင်အားရဲ့ တန်ဖိုးကို ကိုစွန့်ရမယ့်တရားလို့သိထားပါ။ နောက်တစ်ခုထပ်မှတ်လိုက်ပါဦး။ ဒီသီလကို ထပ်ခွဲလိုက်ရင်ပဲ (၂)မျိုးထွက်မယ်နော်။ (၁) ခန္ဓာကိုယ် အင်အား စွန့်လွတ် နေရတာသည် စာရိတ္တသီလလို့ ခေါ်ပြီး ၊ (၂) ဆုပ်ထားတာတွေကို လျော့လိုက်နိုင်တာသည် ၀ါရိတ္တသီလလို့ မှတ်ပါနော်။ သီလသည် နိဗ္ဗာန် သွားဖို့  ပထမဆုံး တံခါးပေါက်ဆိုရင် ပိုမှန်လိမ့်မယ် ။
ဒါဆို သီလ အကြောင်းတော့ ကောင်းကောင်း သဘောပေါက်လောက်ပါပြီနော်။ အဓိက အချုပ်ကတော့  လျော့တဲ့စိတ် နဲ့  ကိုယ်ရဲ့ ခန္ဓာကိုယ် အင်အားကို စွန့် နေရတယ် လို့ သိပေးပါ ။ သီလ ရဲ့တန်ဖိုး ကို သက်သာတယ် ၊ ချမ်းသာတယ် ၊ အဆင်ပြေတယ် လို့သိရင် တန်ဖိုးရှိ သွားပါပြီ ….။
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Tuesday, 28 May 2013
တန်ဖိုးသိမှ တန်ဖိုးရှိမည်....၂
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2013
(4597)
-
▼
May
(781)
- မကျေနပ်တဲ့ သံယောဇဉ်'
- ဟာသပုံလေးတွေ'
- ဟာသလေးများ...'
- Android Applications 20 in 1
- နောက်ကျချစ်ခွင့်” '
- အီရတ်နိုင်ငံတွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွ...
- အိုဘားမားနှင့်တွေ့ဆုံမှုမှ ရလဒ်ကောင်းများရရှိရန် တရ...
- တောင်ကိုးရီးယားနိုင်ငံရှိ အရာရှိများမှ မိမိတို့၏ ပ...
- ဂျပန် ANA လေကြောင်းလိုင်းမှ ဘိုးရင်း 787 လေယာဉ်မျာ...
- အသင်းပရိသတ်များကို မျက်ရည်ဖြင့် နှုတ်ဆက်ခဲ့သည့် နေမာ
- ဘိုင်ယန်မြူးနစ်အသင်းကို ရွေးချယ်ခဲ့သည့် လီဝမ်ဒေါ့စကီး
- အဖွင့်ပွဲစဉ်ကို အနိုင်ဖြင့် စတင်နိုင်ခဲ့တဲ့ နာဒယ်
- လက်ရွေးစင်အသင်းမှာ ပြန်လည်ရွေးချယ်ခြင်းခံခဲ့ရသည့် ...
- မက္ကဆီကိုနိုင်ငံတွင် မြေပြိုမှုဖြစ်ပွားခဲ့
- ဗီဇာကတ် သုံးစွဲနိုင်ရန် ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ် တစ...
- ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ကွန်ကရစ်တုံးပေါင...
- လာမည့် ဇွန်လကုန်တွင် အမှိုက်သိမ်းယာဉ် ၄၂ စီး ထပ်မံေ...
- ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်များကို မွေးမြူရေး လုပ...
- ဓာတ်ငွေ့တာဘိုင် လျှပ်စစ်ဓာတ်အားပေး စက်များ ပြုပြင်...
- ပြည်တွင်းရှိ လေယာဉ်များအား Safety ပိုင်းနှင့် လြုံ...
- ဇွန်လ ၁ ရက်နေ့မှ စတင်ကာ အာဇာနည် ဗိမာန်ကို ပုံမှန်ဖ...
- မိုးတွင်းကာလတွင် မော်တော်ယာဉ်များ သတိပြု မောင်းနှင...
- ကျောင်းပြင်ပ မူလတန်း ပညာရေး ဆောင်ရွက်မှု ၅ နှစ်ပြည့...
- ဘင်္ဂလားဒေ့ရှ်မှ ရခိုင်သို့ ပြောင်းရွှေ့လာသူများ အခက်...
- မကွေးတိုင်းအတွင်း လယ်သိမ်းခံရသူများကို လျော်ကြေးပေ...
- ကလေးဦးရေ ကန့်သတ်မှု ရခိုင်ပြည်နယ်အစိုးရ ရှင်းလင်းချက်
- သုံးခွမြို့နယ်တွင်လူသတ်မှုဖြစ်ပွါး
- လားရှိုး ယနေ့ အခြေအနေ
- လားရှိုးမြို့တွင် ဆူပူအကြမ်းဖက်မှုများ ထပ်မံဖြစ်ပွား
- လားရှိုးမြို့ မှာ ယနေ့  အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွ...
- လားရှိုးမြို့ ဆူပူအကြမ်းဖက်မှုဖြစ်စဉ်အကျဉ်းချုပ်
- ဆန္ဒပြအလုပ်သမားများကို ထိုက်သင့်သောလစာပေးရန် ဦးမြင့...
- ကျောင်းအပ်စဉ် အလှူငွေကောက်ခံမှုကြောင့် အုပ်ချုပ်ရေး...
- ဒေါ်လာကြောင့် ကုန်စည်ဈေးတက်
- တရုတ်ဆန်များတွင် ကက်ဒ်မီယံဓာတုပါဝင်မှု မြင့်မားနြေေ...
- မြေသိမ်းမှု၊ လက်နက်ကိုင်ဆောင်မှုနှင့် ပတ်သက်ပြီး ကရင...
- ဇွန်လ (၁) ရက်နေ့ ထုတ် Tech Space နည်းပညာ ဂျာနယ် V...
- မေလ(၂၈)ရက်နေ့ထုတ် မဇ္ဈိမ နေ့စဉ်ထုတ် သတင်းစာ အတွဲ (၁...
- မေလ(၂၈)ရက်နေ့ထုတ် ရွှေနိုင်ငံသစ်နေ့စဉ်သတင်းစာ အတွဲ ...
- မေလ(၂၉)ရက်နေ့ထုတ် ဗုဒ္ဓဟူးနေ့ ထုတ် ကြေးမုံ နေ့ စဉ်
- မေလ(၂၉)ရက်နေ့ထုတ် ဗုဒ္ဓဟူးနေ့ ထုတ် မြ၀တီ နေ့ စဉ် သတ...
- ငါးမန်းကိုက်ကြသူများ
- စက်မှုဇုန်များ မီးပြတ်နေမှု ဖြေရှင်းပေးမည်ဟု ရန်ကုန်...
- ဘင်္ဂါလီ ၊ ပသီသွေးနှော ၁၆ ဦးထံမှ KNU/KNLA (PC) အဖွဲ့...
- လားရှိုးမြို့ခံအမျိုးသမီး မီးရှို့ခံရမှုအကြောင်းပြ...
- အရှေ့တောင်အာရှ လိင်ကျွန်များဘဝ
- မနေ့ ညပိုင်းက အဓိကရုန်း ဖြစ်ပွားခဲ့တဲ့ လားရှိုးမြို...
- လားရှိုးတွင် ပဋိပက္ခဖြစ်၊ အဆောက်အအုံနှင့်ဆိုင်ခံများ...
- မေလ(၃၁)ရက်နေ့ ထုတ် The Hot News Weekly Journal Vol...
- မေလ(၂၇)ရက်နေ့ထုတ် ရွှေနိုင်ငံသစ်နေ့စဉ် သတင်းစာ အတွဲ...
- မေလထုတ် Star Focus Magazine Vol 1 Issue 5
- လားရှိုး ဆူပူမှု ဗလီနှစ်လုံး မီးလောင်
- လားရှိုးမြို့ မှာ ဇနီးသည်ကို ဓါတ်ဆီလောင်ပြီး မီးရှို...
- ထားဝယ်တက္ကသိုလ်အနီး ကျေးရွာရှိ ဆိုင်နှင့် လူများကို...
- ဆီအုန်း၊ ရာဘာနှင့် ပုဂ္ဂလိကစိုက်ခင်းများမစိုက်ဘဲြေ...
- အရည်အသွေးမမီ မြန်မာ့ဆန် ကင်မရွန်းဖျက်ဆီး ကိစ္စ စုံစ...
- » လေယာဉ်သစ်များ ဝယ်ယူပြေးဆွဲရန် သမ္မတညွှန်ကြား
- ရဲတပ်ဖွဲ့ဝင်တစ်ဦး ဆွဲကြိုးလု
- မဟာသမယသုတ် (မြန်မာပြန်)
- တန်ဖိုးသိမှ တန်ဖိုးရှိမည်....၂
- တန်ဖိုးသိမှ တန်ဖိုးရှိမည်....၁
- * * * * * မထင်နဲ့ * * * * *
- အနာထပိဏ် နဲ့ ၀ိသာခါ…
- ပုဗ္ဗ မုဉ္စ အပရစေတနာ ဆိုတာ..
- မျှော်လင့်ရင်းဝေး...
- ကံပြုတဲ့နေရာက စေတနာ
- ချစ်သူအတွက်
- ထူးဆန်းထွေလာပုံလေးများ
- ရှင်ရာဟုလာနဲ့ တံမြက်စည်း'
- မြစ်ဆုံနှင့် ယုဇန စီမံကိန်းများ လုံးဝ ရပ်ဆိုင်းရန်...
- ဒီပဲယင်းဆယ်နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ကြည်ရွ...
- » စံပြကျေးရွာပြောင်းသူများ အခက်ကြုံတွေ့
- ဘန်ကောက်မြို့ Like Jeans စက် ရုံမှမြန်မာရွှေ့ပြောင်...
- လက်ပတ်ကြိုးများဖြင့် အမျိုးသမီးနှင့် လူငယ်များကို ...
- အမေရိကန်စစ်ဘက် F-15 တိုက်လေယာဉ် ဂျပန်ကမ်းလွန်တွင် ...
- တကိုယ်တော် ဆန္ဒပြတဲ့ သရုပ်ဆောင်ရဲတိုက်ကို ရဲများ ခေ...
- အာဇာနည်ဗိမာန် ဇွန် ၁ ရက်ကစ အများပြည်သူ ၀င်ရောက်ဂါရ...
- ရဟန်းတော်တစ်ပါး မီရှို့ ဆန္ဒပြမူ သီရိလင်္ကာတွင် ဖြစ်ပွား
- ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုချက် အစိုးရ ကန့်...
- မေလ (၂၈)ရက် အင်္ဂါနေ့ ထုတ် မဇ္ဈိမ နေ့စဉ်ထုတ် သတင်းစာ ...
- ကာကွယ်ရေးဦးစီးချုပ်က ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက...
- မေလ (၂၈)ရက် အင်္ဂါနေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင...
- မေလ (၂၈)ရက် အင်္ဂါနေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
- မေလ (၂၈)ရက် အင်္ဂါနေ့ ထုတ် မြ၀တီ နေ့ စဉ် သတင်းစာ
- မေလ (၂၆)ရက်နေ့ ထုတ် Reporter News Journal Issue 21
- မေလ (၂၇)ရက်နေ့ ထုတ် စီးပွားရေး သတင်းဂျာနယ် အတွဲ ၁၃...
- မေလ(၂၈)ရက်နေ့ ထုတ် မိုးသောက်ပန်း ဂျာနယ် အတွဲ (၁၆)၊...
- ရေထိန်းတံခါးကြီး(၃)စင်းကြောင့် တောင်သူ လယ်သမားတွေ ...
- သူပုန်တွေ လက်ချက်နဲ့ ဖိလစ်ပိုင် ရဲတွေ သေဆုံး
- မြန်မာနိုင်ငံ သောက်သုံးရေ ရရှိဖို့အတွက် အမေရိကန်ကူညီ
- မေလ(၂၃)ရက်နေ့ ထုတ် ပြည်မြန်မာ သတင်း ဂျာနယ် အမှတ် ၈၇၁
- မေလ(၂၃)ရက်နေ့ ထုတ် အိုင်တီတိုင်းမ် ဂျာနယ် အမှတ် ၆၉
- မေလ(၂၂)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှ...
- မေလ (၂၀)ရက်နေ့ ထုတ် ဈေးဝယ်လမ်းညွန် အတွဲ(၃) အမှတ်...
- မေလ(၃၀)ရက်နေ့ ထုတ် shade journal အတွဲ(၇)၊အမှတ်(၁၉)
- ဖားကန့်မြို့နယ်မှာ ရေမဆေးကျောက်သမားတွေကို ဖမ်းဆီး
- မေလ(၃၀)ရက်နေ့ ထုတ် အင်တာနက် ဂျာနယ် အတွဲ (၁၄) အမှတ်...
- ဈေးချိုကို ဘယ်သူဖျက်တာလဲ
- မာန်အောင်ကျွန်းမှ မြေ ၃၇၈၀၀ ဧကကို မြေလွှတ်မြေရိုင်း...
- မန္တလေးနန်းတွင်းကြီး ပြည်သူ့အတွက် တကယ်ဖြစ်မှာလား
-
▼
May
(781)
No comments:
Post a Comment