Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 4 April 2012

2020မှာဖြစ်လာမယ့်ဝန်ဆောင်မှု(ဟာသလေးပါ)

စားသုံးသူ။  ။ဟဲလို...ကျွန်တော်မှာစရာရှိ....
အော်ပရေတာ။  ။ကျနော်တို့ဆိုင်ကို ခေါ်ဆိုမှုအတွက်ကျေးဇူးတင်ပါတယ်။ဆရာ့ရဲ့စွယ်စုံသုံးကဒ်နံပါတ်လေးသိခွင့်ရှိမလားခင်ဗျာ...
စားသုံးသူ။  ။အဲဒါ..အင်း ခဏ...၈၈၉၈၃၆၄၈၅၇.....ပါ
အော်ပရေတာ။  ။ဟုတ်ကဲ့ပါ ဦးတင်ရွှေ ခင်ဗျာ..ဆရာရဲ့ အိမ်လိပ်စာက အိမ်အမှတ်(၂၃)၊အလကာင်္လမ်း ဖြစ်ပြီး ၊ရုံးဖုန်း ၅၆၇၄၃၂၁ နဲ့ မိုဘိုင်းဖုန်း ၀၆၆၅၄၃၂၁ဖြစ်ပါတယ်။ခု ဆရာဘယ်ကခေါ်နေတာပါလဲခင်ဗျာ...။
စားသုံးသူ။  ။အိမ်ကပေါ့ကွ။ဘယ်လိုလုပ် င့ါဖုန်းနံပါတ်တွေအကုန်သိနေတာလဲ.
အော်ပရေတာ။  ။ကျနော်တို့က စနစ်အားလုံးနဲ့ချိတ်ဆက်ထားလို့ပါ ဆရာ..။
စားသုံးသူ။  ။ထားပါတော့..ခု ပင်လယ်စာ ပီဇာ မှာချင်လို့..ရမလား။
အော်ပရေတာ။  ။အဲဒါ..ဆရာ့အတွက် သိပ်မကောင်းပါဘူး....
စားသုံးသူ။  ။ဟ...ဘာဖြစ်လို့လဲကွ။
အော်ပရေတာ။  ။ဆရာ့ရဲ့ဆေးစစ်ချက်မှတ်တမ်းအရ အခုဆရာ့မှာ သွေးတိုးရှိနေတဲ့အပြင် ကိုလက်စတောပါဝင်မှုလည်းများနေပါတယ်...
စားသုံးသူ။  ။ဘာဖြစ်တယ်! !ဒါဆိုရင်မင်းက ဘာစားသင့်တယ်လို့ထင်လဲ။
အော်ပရေတာ။  ။ဆီပါဝင်မှုနည်းတဲ့ ဂျပန် စတိုင်ပီဇာကို စမ်းစားကြည့်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ဆရာ  ကြိုက်မှာပါ။
စားသုံးသူ။  ။မင်းကဘာဖြစ်လို့ ငါကြိုက်မယ်လို့ပြောနိုင်တာလဲ...
အော်ပရေတာ။  ။ပြီးခဲ့တဲ့အပတ်က ဆရာနိုင်ငံပိုင် စာကြည့်တိုက်ကနေ စာအုပ်တစ်အုပ် ငှားထားပါတယ်။စာအုပ်နာမည်က "ထင်ရှားသော
                     ဂျပန်စတိုင်ဟင်းလျာများ"မိုလို့ပါ...
စားသုံးသူ။  ။ဟား....ဟုတ်ပြီ ဟုတ်ပြီ...ငါအရှုံးပေးပြီ။ငါ့ကို မိသားစုစာ(၃)ခုပေးစမ်းကွာ..။ဘယ်လောက်ကျသလဲ.....။
အော်ပရေတာ။ ။ဟုတ်ကဲ့..အခုဟာကတော့ ဆရာ့မိသားစု(၁၀)ယောက်စာ လုံလောက်ပါတယ်၊စုစုပေါင်း ၄၉.၉၉ ဒေါ်လာပါ။
စားသုံးသူ။  ။အကြွေးဝယ်ကဒ်နဲ့ ပေးလို့ရလာ.....
အော်ပရေတာ။  ။ဆရာ ကျနော့်ကို လက်ငင်းငွေသားနဲ့ရှင်းပေးစေချင်ပါတယ်။ဆရာ့အကြွေးဝယ်ကဒ်က သုံးခွင့်ပြုထားတဲ့ ပမာဏ ထက်ကျော်နေပါပြီ။နောက်ပြီး ဆရာ ဘဏ်ကိုပေးစရာ ၃၄၇၅.၄၅ ဒေါ်လာရှိပါသေးတယ်၊ပြီးခဲ့တဲ့ အောက်တိုဘာလ ကတည်းကပါ၊ဒါတောင်အိမ်ငှားခ တွေမပါသေးပါဘူး....
စားသုံးသူ။ ။ဒါဆို မင်းဆီက လာပို့တဲ့သူ မလာခင် ငါက ဒီနားက အေတီအမ်စက်မှာ သွားပြေးထုတ်ထားရမယ်ထင်တယ်....။
အော်ပရေတာ။ ။ဆရာထုတ်လို့ရမှာမဟုတ်ပါဘူး..မှတ်တမ်းတွေအရ ဆရာ ဒီနေ့အတွက်ခွင့်ပြုပမာဏကို ထုတ်ယူပြီးဖြစ်နေပါပြီ...။
စားသုံးသူ။  ။ကိစ္စမရှိပါဘူး..ပီဇာကိုသာရောက်အောင်ပို့လိုက်ပါ..ငါ့ဆီမှာ ငွေသားရှိပါတယ်...ဒါနဲ့ ဘယ်လောက်ကြာမှာလဲကွ..။
အော်ပရေတာ။ ။(၄၅)မိနစ်လောက်တော့ကြာပါမယ်ဆရာ..ဆရာမစောင့်နိုင်ဘူးဆိုရင်တော့ ဆရာ့ဆိုင်ကယ် ကိုစီးပြီး လာယူလို့ရပါတယ်..။
စားသုံးသူ။  ။ဘာ....!!!!!!!!!
အော်ပရေတာ။ ။စနစ်တွေမှာဖော်ပြထားတဲ့ အသေးစိတ်အချက်အလက်တွေအရ၊ဆရာ့မှာ ဆိုင်ကယ်တစ်စီးရှိပြီး မှတ်ပုံတင်နံပါတ်က ၅၆၇၉၀၂၃ ပါ..နောက်ထပ်ဘာအလိုရှိသေးလဲဆရာ...။
စားသုံးသူ။ ။မရှိတော့ဘူး။ဒါနဲ့ ကိုလာ (၃)လုံးလောက်ကြေငြာအနေနဲ့ မပေးနိုင်ဘူးလား...။
အော်ပရေတာ။  ။သာမန်အားဖြင့်တော့ပေးနိုင်ပါတယ်...ဒါပေမဲ့မှတ်တမ်းတွေအရ..ဆရာ့မှာ..ဆီးချို...
စားသုံးသူ။ ။'****%%&$%^#$)(##@@%%^^&&**@@***%%$$$$$
အော်ပရေတာ။ ။ဆရာ ပြောတာဆိုတာကိုကြည့်ပြောရင်ကောင်းပါမယ်...ဆရာ ၁၉၈၇ ဇူလိုင်လ (၁၂)ရက်တုန်းက ဆရာ ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုမှုအတွက် အပြစ်ဒဏ်ချခံရဖူးတာ အမှတ်ရပါ...။
စားသုံးသူ။  ။မူးလဲသွားပါတယ်။    ။:P

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့