Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 4 April 2012

ဗေဒါပန်းနှင့်ကျွန်မ>>>>>

လူဂုဏ်ဒြပ်တွေကြားတင့်တည်မှုမရှိလို့ အားငယ်နေလား ဗေဒါ ....

အားမငယ်ပါနဲ့ ဗေဒါ သူတို့တွေနင့်ရဲ့ စိတ်ဓာတ်နဲ့ အသုံးဝင်ပုံတွေကိုသူတို့မသိကြလို့ပါ။။
ရေစုန်ရေဆန်မုန်းတိုင်တွေကြားအြ
ပုံးမပျက်...
နင့်ရဲ့ စိတ်ဓာတ် လူအများ မသိကြဘူးလေ...
အနံအဆင်မပြည့်စုံပေမယ့် နင့်ရဲ့ စိတ်ဓာတ်မာကျော့မှုတွေကို
ငါလေးစားမိတယ် ဗေဒါ ငါလေ နင့်ကိုအရမ်းအားကျမိတယ်.။။။.

တန်ဖိုးမဲ့လို့ နင်စိတ်ဓာတ်ကျအားမငယ်ပဲ ပင်လယ်ကျယ်ကြီးထဲ
မျောလွင့်ရင် နင်ငိုခဲ့တဲ့နေ့ တွေလည်းရှိမှာပေါ့နော်...
ငါကိုယ်ချင်စားမိတယ် ဗေဒါရယ်..။။။


နင့်ရဲ့ ဖွဲ့ စည်းပုံနဲ့ တွဲထားတဲ့အရောင်လေးက
အစိမ်းနဲ့ အပြာ လောကဓံကို နင်ခက်စိမ်းစိမ်းကြည့်နိုင်သလို
ချစ်ချင်မေတ္တာတို့ ရဲ့ သင်္ကေတဖြစ်တဲ့ အပြာလေးကလည်းဖော်ဆောင်နေလေရက်ေ
ပါ့ ..ဗေဒါ

ရေရှိတဲ့အရပ်ဒေသမှာပဲနင်ပျော်ေ
နတတ်တာဟာ အေးချမ်းမှုကိုနှစ်သက်တဲ့သဘောလားဗေဒါ
တခါတလေငါလည်းအေးချမ်းတဲ့နင်ကြို
ကည့်ပြီ ပီတိဖြစ်မိတယ်..
ရေစုန်ရေဆန်မျောနေတဲ့နင် အန္တရာယ်ကြားပန်းပန်လျှက်ပဲနော်။။။။ ...
သဇင်၊ နှင်းဆီ၊စံပယ် တို့လိုလူတွေကနင့်ကို ဈေးကြီးပေးမ၀ယ်ကြပေမဲ့ သူတို့ အသုံးဝင်တော့လည်း
နင့်ကို အမျိုးမျိုးသုံးကြပါလေရောလား။။။ ဗေဒါ ..

တနေ့အဒေါ်ကြီးတစ်ယောက်နင့်ကို သူတို့ အတ္တတွေကြောင့် အားမနာတမ်း
နင့်ရဲ့ အပွင့်ကို ခူးဆွတ်လို့ ပေါ့ ဘာတဲ့လည်း သွေးတိုး ဆီးချိုပျောက်တယ်ကြားလို့တဲ့
နင့်ရေပူပူထဲရောက်အုံးမှာပေါ့ေ
နာ် ဗေဒါ။။။။...
ဒါပေမဲ့ အားမငယ်ပါနဲ့ ဗေဒါရယ် ဒီလိုပါပဲ ငါတို့လူတွေလည်း အတ္တ၊ လောဘတွေကြား
ပူလောင်ကြပါတယ် ...ဗေဒါရယ်။

ဗေဒါနင့်ကိုမြို့ ပြလိုနေရာတွေမှာ သိပ့်မတွေ့ မိဘူးနော် အေးချမ်းရိုးသားတဲ့တောရွာလို
နေရာမှာတွေ့ ရတာများတယ်..  မြို့ ပြရဲ့ ပူလောင်မှုတွေကိုနင်သဘောမကျဘူးထင်တယ်။။။ငါလည်းမြို့ ပြက
ရောင်စုံလူတွေ ကြားဟန်ဆောင်မျက်နာဖုံးတွေနဲ့ ငါမပျော်ပါဘူး ဗေဒါရယ်။။။။
ငါနင့်ကိုအရမ်းသတိရတယ်။။။..
တနေ့နင်ရှိတဲ့အရပ်ကို ရောက်အောင်ပြန်လာပြီ နင့်နဲ့ စကားတွေအများကြီးပြောချင်မိတဲ့
ငါ့ရဲ့ စိတ်တွေပြင်းပြနေတယ်။။။ ဗေဒါရယ်..ငါလေနင့်ကို ငယ်ငယ်လေးထဲက ကြိုက်တယ်။။။..
နင့်လိုစိတ်ဓာတ်မျိုးနဲ့ ငါလောကဓံဆိုတာကိုကြံ့ကြံ့ခံနို
င်ရည်ရှိအောင်ဖြတ်သန်းနေပါတယ်။။။..
ငါစိတ်ဓာတ်ကျအားငယ်နေချိန်တိုင်
း နင်ကိုတမ်းတ သတိရမိတယ် ဗေဒါရယ်။။
ငါနင်ရှိတဲ့အရပ်ကို အရောက်ပြန်လာခဲ့မယ်။။။ အဲအချိန်ဗေဒါ ငါနင်နဲ့စကားတွေအများကြီးပြောမယ်။။


လမင်းရူးနေပြီထင်ကြတော့မယ်နော်။။ ပြောစရာရှားလို့ ဗေဒါနဲ့ စကားပြောရတယ်လို့ ဘယ်သူမှမပြောရင်
တောင်ပြောမယ့်သူကိုသိနေတယ် :D တကယ်တော့ဗေဒါပန်းနဲ့ ပတ်သက်ပြီ ကဗျာလေးရေးချင်တာပါ။။
ကဗျာရေး စာရေးကမကောင်းတော့ဗေဒါပန်းလေးတန်ဖိုးမဲ့သွားမှာစိုးတာကြောင့် စိတ်ထဲရှိတာလေး
ရေးမိပါတယ်။။ သူငယ်ချင်းတို့ များ ဗေဒါပန်းနဲ့ ပတ်သက်တဲ့ကဗျာလေးရေးတာဖတ်ချင်မိပါတယ်။။။
သူငယ်ချင်းညီကိုမောင်နှမအားလုံးကျန်းမာပျော်ရွှင်နိုင်ကြပါစေ....

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့