Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 8 April 2012

ကာမသုဂတိ(၇)ဘုံ

ကာမကုသိုလ်၏ အကျိုးပေးရာ ဘုံများကို ကာမသုဂတိ(၇)ဘုံဟု ခေါ်သည်။ ၎င်းတို့မှာ - လူ့ဘုံနှင့် နတ်ဘုံ(၆)ဘုံတို့ ဖြစ်ကြသည်။

လူ့ဘုံ
လူကို ပါဠိဘာသာဖြင့် မနုဿဟု ခေါ်သည်။ ထက်မြက်သော စိတ်ဓာတ်ရှိသောကြောင့် မနုဿဟု ခေါ်သည်။ ထက်မြက်သော စိတ်ဓာတ်ရှိသောကြောင့် မနုဿဟု ခေါ်သည်။ လူတို့သည် မကောင်းမူ အကုသိုလ် အရာဝယ် မိဘသတ်မူ စသော ပဉ္စာနာရိယကံ တိုင်အောင်ပင် ပြုနိုင်ကြ၍ ကောင်းမူ အကုသိုလ်အရာဝယ် ဘုရားဖြစ်သည့်တိုင်အောင်ပင် စွမ်းနိုင်ကြသဖြင့် ထက်မြက်သော စိတ်ထားရှိကြသည်။ သို့ဖြစ်၍ မနုဿ = လူ ဟူ၍ ခေါ်သည်။ လူဘုံသည် ကံ ဉာဏ် ၀ီရိယ ညီမျှစွာ အားထုတ်ရသော ဘုံဖြစ်သည်။ ချမ်းသာ ဆင်းရဲ ဒွန်တွဲခံစားရသော ဘုံဖြစ်သည်။

နတ်ပြည်ခြောက်ထပ်
ကုသိုလ်ကောင်းမူကြောင့် နတ်ပြည်တို့၌ ဖြစ်ကြရသည်။ ထိုနတ်ပြည်တို့မှာ စတုမဟာရာဇ်၊ တာဝတိံသာ ၊ ယာမာ၊ တုသိတာ၊ နိမ္မာနရတိ၊ ပရနိမ္မိဘ၀သ၀တ္တိ ဟူ၍ ခြောက်ထပ်ရှိသည်။

စတုမဟာရာဇ်နတ်ပြည်
ဓတရဋ္ဌ၊ ၀ိရုဠှက၊ ၀ိရူပက္ခ၊ ကုဝေရ နတ်မင်းကြီးလေးပါး စိုးစံအုပ်ချုပ်သော နတ်ဘုံဖြစ်သည်။ မြင်းမိုရ်တောင်အလယ်လောက်မှ တောင်ခြေတလျှောက် တည်ရှိသည်။ ဘုမ္မစိုးနတ်၊ ရုက္ခစိုးနတ်၊ နတ်ဘီလူး၊ ကုမ္ဘဏ်၊ ရက္ခိုသ်၊ ဂန္ဓဗ္ဗ စသော နတ်မျိုးစုံ ပါဝင်ကြသည်။ လူ့သက်တမ်း နှစ်(၅၀)သည် တုမဟာရာဇ်နတ်ပြည်၌ တစ်ရက်အချိန်ဖြစ်၍ နတ်သက် နှစ်(၅၀၀)ကြာအောင် အသက်ရှည်ကြသည်။

တာဝတိံသာနတ်ပြည်
သိကြားမင်းသည် နတ်မင်းကြီး(၃၃)ပါးနှင့် စီမံအုပ်ချုပ်ရာဘုံဖြစ်၍ တာဝတိံသာခေါ်သည်။ မြင်းမိုရ် တောင်ထိပ်၌ တည်ရှိသည်။ လူတို့ အရေအတွက်အားဖြင့် အနှစ်(၁၀၀)သည် တာဝတိံသာနတ်ပြည်၌ တစ်ရက် ဖြစ်သည်။ နတ်သက် နှစ်(၁၀၀၀) သက်တမ်းရှည်ကြာကြသည်။ စတုမဟာရာဇ်နှင့် တာဝတိံ သာနတ်တို့သည် ဘူမဋ္ဌကဘုံများဖြစ်ကြ၍ မြင်းမိုရ်တောင်ခြေ၌ တည်ကြရသည်။ စူဠာမဏိစေတီတော် တည်ရှိသည်။ ဘုရားအလောင်းဆံတော်နှင့် လက်ျာစွယ်တော်မြတ် ကိန်းဝပ်သည်။

ယာမာနတ်ပြည်
ဆင်းရဲဒုက္ခမရှိ၊ နတ်စည်းစိမ်ကိုသာ အချိန်ပြည့် ခံစားကြသော နတ်တို့ဖြစ်သည်။ သုယာမနတ်မင်းသည် ထိုဘုံ၏ အကြီးအကဲဖြစ်၍ လူတို့အရေအတွက်အားဖြင့် အနှစ်(၂၀၀)သည် ထိုနတ်ပြည်၌ တစ်ရက် ဖြစ်သည်။ နတ်သက်နှစ် (၂၀၀၀) သက်တမ်းရှည်ကြသည်။

တုသိတာနတ်ပြည်
များစွာ နှစ်သက်ရွှင်လန်းပျော်ရွှင်ကြသော နတ်တို့၏ ဘုံဖြစ်သည်။ သန္တုသိတနတ်မင်းသည် အကြီးအကဲဖြစ်သည်။ လူတို့၏ အရေအတွက်အားဖြင့် အနှစ်(၄၀၀)သည် ထိုဘုံ၌ တစ်ရက်ဖြစ်သည်။ နတ်သက်နှစ် (၄၀၀၀) သက်တမ်းရှည်ကြသည်။


နိမ္မနရတိနတ်ပြည်
ပင်ကိုရှိပြီးသား ကာမဂုဏ်စည်းစိမ်ထက် အလွန်အကဲ ခံစားလိုသောအခါ စိတ်တိုင်းကျ ဖန်ဆင်း၍ မွေ့လျော်သော နတ်တို့နေရာ ဘုံဖြစ်သည်။ အောက်နတ်ပြည် (၄)ထပ်တို့၌ ကိုယ်ပိုင် ဇနီးမောင်နှံရှိကြသော်လည်း ဤနတ်ပြည်၌မူ မိမိလိုရာ အဆင်း အသံ စသည်ကို ကိုယ်တိုင် ဖန်ဆင်း၍ ထိုအာရုံ၌ မွေ့လျော်ကြကုန်၏။ လူတို့အရေအတွက်အားဖြင့် အနှစ်(၈၀၀)သည် ထိုဘုံ၌ တစ်ရက်ဖြစ်၏။ နတ်သက်နှစ် (၈၀၀၀)သက်တမ်းရှည်ကြသည်။

ပရနိမ္မိတ၀သ၀တ္တီနတ်ပြည်
နိမ္မာနရတိ နတ်တို့ကံသို့ ကိုယ်တိုင် မဖန်ဆင်းဘဲ အစေအပါးနတ်များက စိတ်တိုင်းကျအောင် ဖန်ဆင်းပေးရသော အာရုံကာမဂုဏ်တို့၌ မိမိအလိုရှိတိုင်း ခံစားမွေ့လျော်ကြသော နတ်တို့ ဘုံဌာနဖြစ်သည်။ လူတို့အရေအတွက်အားဖြင့် အနှစ်(၁၀၀၀)သည် ထိုဘုံ၌ တစ်ရက်ဖြစ်သည်။ နတ်သက် နှစ်(၁၆၀၀၀) သက်တမ်း ရှည်ကြသည်။

ရှေးကုသိုလ်ကံကြောင့် နတ်ပြည်များ၌ ဖြစ်ကြရသဖြင့် နတ်ယောက်ျားတို့မှာ အသက်(၂၀)အရွယ်၊ နတ်မိန်းမတို့မှာ(၁၆)နှစ်အရွယ် အမြဲတည်ရှိလျက် သွားကျိုး၊ ဆံဖြူ၊ နားအူ၊ မျက်မွဲ၊ အရေတွန့်တွဲခြင်းမရှိ၊ အမြဲတမ်း လှပနေကြသည်။ နတ်သြဇာများကိုသာ (၇)ရက်တစ်ကြိမ် စားသုံးသဖြင့် ခန္ဓာကိုယ်ထဲ၌ အညစ်အကြေးမရှိ၊ စင်ကြယ်ကြသည်။ ကုသိုလ်ကံချင်း ကွာခြားသလောက် ဥယျာဉ်ဗိမာန်၊ ပဒေသာပင်၊ သားသမီး၊ ဇနီး မယား အခြွေအရံတို့ ကွာခြားကြသည်။ သက်တမ်းပြည့် ကာမဂုဏ်စည်းစိမ်တို့ကို နည်းမျိုးစုံဖြင့် ခံစားကြသော ဘုံများဖြစ်လေသည် ။

ဤသို့လျှင် ဒုဂ္ဂတိဘုံခေါ်သည့် အပါယ်လေးဘုံ၊ ကာမသုဂတိဘုံခေါ်သည့် လူ့ပြည့် နတ်ပြည်(၇)ဘုံ၊ စုစုပေါင်း(၁၁)ဘုံကို ကာမ(၁၁)ဘုံ ခေါ်သည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့