Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 3 April 2012

ငါ.ရင်ခွင်

နင်ကြိုက်တဲ့ မိုးရေစက်တွေ
ငါ့နှလုံးသားမှာ ခိုးနားတော့
တတောက်တောက် နဲ့ လေ..
ဖွင့်ချင်မှ ဖွင့်မဲ့တံခါး
အမြဲပိတ်ထားတာ ဘာဆန်းလဲ..

အာဒံက ဧ၀ ကိုချစ်တယ်..
ရိုမီယို က ဂျူးလိယက်ကိုချစ်တယ်..
မင်းနန္ဒာ က ရှင်မွှေးလွန်းကိုချစ်တယ်..
ငါကလည်း နင့်ကိုချစ်တာပဲ..

ဧ၀ က တုံပြန်တယ်..
ဂျူးလိယက်က လည်းတုံပြန်တယ်..
မွှေးလွန်းက လည်းတုံပြန်တယ်..
နင်ကလည်းတုံပြန်တာပဲ..
ကွာခြားသွားတဲ့တုံပြန်ပုံက
ငါ့ဘ၀နဲ့ ငါ့ကုသိုလ်..

လသာတုန်းအူတဲ့ ခွေးအူသံမှ
ဆွေးစရာကောင်းတာ မဟုတ်ဘူး..
နွေရောက်တိုင်း ဥသြငှက်ရဲ့အသံမှ
လွမ်းစရာကောင်းတာ မဟုတ်ပါဘူး..

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့