Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 6 April 2012

ဇာတ်သိမ်း။

• အဲသည်နေ့က
နွေခေါင်ခေါင်မှာ မိုးတွေသည်းခဲ့တယ်။
မည်းမှောင်မှောင် တိမ်တိုက်တွေ ပြိုဆင်း ထစ်ချုန်းပြီး
လျှပ်ပန်းတွေလည်းလက်၊ မိုးကြိုးတွေလည်းပစ်ခဲ့ပေါ့။
• ကျွန်တော် အဲသည်မိုးရေတွေကို မြတ်နိုးစိတ်နဲ့
လက်နှစ်ဖက်ကိုဖြန့် ခေါင်းမော့ရင်း
မျက်နှာကိုရိုက်ခတ်လာတဲ့
မိုးပေါက်မိုးစက်လေးတွေကိုငေးကြည့်နေမိတယ်။
လမ်းဘေးဝဲယာက အုန်းခက်အုန်းလက်တွေ
လေပြင်းအဝှေ့မှာ ပလူပျံလို့ပေါ့။
• ချမ်းအေးတုန်ခိုက်လာတဲ့အခါ
လက်ကိုပြန်ပိုက်ရင်းပဲဖြစ်ဖြစ်၊
လက်ဝါးနှစ်ဖက်ကို လေပူမှုတ်ရင်းဖြစ်ဖြစ်
အနွေးဓာတ်ရဖို့ ကြိုးစားမိပြန်တယ်။
တကယ်က နွေခေါင်ခေါင်ရယ်ပါ။
• ပူအိုက်လွန်းလို့ မနေတတ် မထိုင်တတ် ဖြစ်နေရတဲ့ နွေခေါင်ခေါင်မှာ
အဲသလိုမိုးအေးလေး ရွာခဲ့ရင်တောင်မှ ချမ်းတတ်သလားလို့ပါ။
• တကယ်လည်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးခဲ့တာလား။
• ကျွန်တော်တွေးနေမိပါတယ်။
• ဘေးကင်းမှု၊ လုံခြုံမှု၊ အေးမြမှု၊ အေးချမ်းမှု၊ နွေးထွေးမှု အရာရာ ကိုယ်ပေးခဲ့သလို
• အသိအမှတ်ပြုမှု၊ ကျေနပ်နှစ်လိုမှု၊ သံယောဇဉ် တွေနဲ့ တုံ့ပြန်မှုတွေ ရခဲ့တယ်။
• ဇာတ်ညွှန်းဆရာ မသိလိုက်တဲ့
ပတ်ဝန်းကျင်တစ်ခုကအဖြတ်မှာ
နွေခေါင်ခေါင် မိုးတွေရွာခဲ့၊
လေပြင်းတွေက အုန်းခက်ကိုခြွေချ
တိမ်တွေပြိုကျ၊
လျှပ်ပန်းတွေလက်ကြ၊
မိုးကြိုးတွေပစ်ချ
• ကဲ…
မဖြေရှင်းတော့ပါဘူး၊ သည်ဇာတ်သိမ်းလေးကို ကြိုက်တယ်။
နွေနေအပူနဲ့ မိုးသည်းသည်း တွဲဖက်တာကို ကြိုက်တယ်။
ဆန့်ကျင်ဖက်အလှတရားတို့နဲ့ လှပနေခဲ့
ဒါ လောကပဲလေ…။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့