Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 6 April 2012

ဒွိဟိတ် တိဟိတ်ကုသိုလ်နှင့် ဒွိဟိတ် တိဟိတ် ဥက္ကဠ ကုသိုလ်ကံများ

ကုသိုလ်ကံများကို ပြုလုပ်အားထုတ်ရာ၌ စနစ်တကျ နည်းမှန်လမ်းမှန် ပြုလုပ်နိုင်ရန် လွန်စွာအရေးကြီး သည်။ ဒါန သီလ ဘာဝနာကုသိုလ်ကံ တခုခုကို လုပ်ရာ၌ မပြုလုပ်မီအချိန်(ပုဗ္ဗ)၊ ပြုလုပ်ဆဲအချိန်(မုဉ္စ)၊ ပြုလုပ်ပြီးအချိန်(အပရ) ဟူ၍ အချိန်ကာလ သုံးမျိုးရှိသည်။

ပြုလုပ်ဆဲအချိန်(မုဉ္စကာလ)တွင် ကံ ကံ၏အကျိုးကို ယုံကြည် သိမြင်သော ဉာဏ်(ကမ္မဿကတာဉာဏ်) ရှိရန် အထူးလိုအပ်သည်။ ထိုသို့ ကံ ကံ၏ အကျိုးကို သိမြင်သောဉာဏ်ဖြင့် ပြုလုပ်လျှင် ထိုကုသိုလ်သည် တိဟိတ်ကုသိုလ်ဖြစ်သည်။

ဤဉာဏ်မပါဘဲ မိရိုးဖလာအနေဖြင့် သာမာန်သာ ပြုလုပ်လျှင်ဖြစ်စေ၊ ကလေးသူငယ်များကဲ့သို့ အသိဉာဏ်မပါဘဲ ပြုလုပ်လျှင်ဖြစ်စေ ထိုကုသိုလ်သည် ဒွိဟိတ်ကုသိုလ်ဖြစ်သည်။ (အလောဘ အဒေါသ အမောဟ ဟူသော ကုသိုလ်ဖြစ်ရန် အခြေခံရေသောက်မြစ်ကြီးသုံးခုကို “ဟေတု=ဟိတ်=အကြောင်းရင်းကြီး”ဟု ခေါ်သည်။)

တိဟိတ်ဟူသည်မှာ အလှူဒါနပြုလုပ်သောအခါလှူဖွယ်ပစ္စည်း ၀တ္ထုများနှင့် ပတ်သက်၍ နှမြောတွယ်တာ တပ်မက်မူမရှိဘဲ စွန့်လှူလျှင် အလောဘဟိတ် ဖြစ်သည်။ မိမိအလှူနှင့် ပတ်သက်၍ စိတ်ချမ်းသာ ကြည်လင်ရွှင်ပျနေမူ အလှူခံပုဂ္ဂိုလ်များအပေါ် မေတ္တာထားမူတို့သည် အဒေါသဟိတ် ဖြစ်သည်။ မိမိပြုလုပ်သော ကုသိုလ်ကံနှင့် ကုသိုလ်ကံ၏ အကျိုးတရားများကို ယုံကြည်သိမြင်မူ အသိဉာဏ်ရှိလျှင် အမောဟဟိတ် ဖြစ်သည်။ အလှူကို လှူဆဲ သီလကို ဆောက်တည်ဆဲ ဘာဝနာကို ပွားများဆဲ ပြုလုပ်ဆဲအခိုက်တွင် ဤဒါန သီလ ဘာဝနာအမှူသည် ဧကန်မုချအကျိုးရှိသည်ဟု ကမ္မဿကတာဉာဏ်ဖြင့် သိမြင်မူမရှိဘဲ (အသိဉာဏ်မပါဘဲ) မိရိုးဖလာအနေ သာမန်လုပ်ရိုး လုပ်စဉ် အနေဖြင့် ပြုလုပ်လျှင် အလောဘဟိတ် အဒေါသဟိတ် နှစ်မျိုးရှိ၍ ဒွိဟိတ်ကုသိုလ်ကံ ဖြစ်သည်။

အလှူမလှူခင် အချိန်က အလှူနှင့် ပတ်သက်၍ စိတ်ပူပန်မူ စိတ်မချမ်းသာမူ “ငါလှူလိုက်ရတာ မှားလေခြင်း” စသည်ဖြင့် နောင်တ တဖန် ပူပန်ခြင်း စသော အကုသိုလ်များ ဖြစ်နေခြင်းဖြင့် ရှေ့နောက် အကုသိုလ်စိတ်များ ခြံရံနေလျှင် ထိုကုသိုလ်သည် “သြမကကုသိုလ်” အညံ့စားကုသိုလ် ဖြစ်သွားသည်။ “တိဟိတိ သြမက” တိဟိတ်အညံ့စားကုသိုလ်၊ “ဒွိဟိတ်သြမက” ဒွိဟိတ်အ%E

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့