အပျိုဖြန်းတောအုပ်တွေကြားက
ကပိုကရို တိုက်ခတ်လာတဲ့
တောင်လေရူး
ဒီ...နွေဦး
ကိုဆွဲဖွင့်လိုက်တယ်...။
အကြိမ်ကြိမ်လျှော်ဖွတ်နေရပေမယ့်
စိုထိုင်းညစ်ထေးနေတဲ့
ငါတို့ရဲ့ စိတ်တွေကို
နွေရောက်တော့မှ
ထုတ်လှန်းခွင့်ရကြတယ်...။
နွေ.....တဲ့....
နွေတံခါးကို ခေါက်
ရော်ရွက်တွေကြွေ
ဥသြတွေ ငိုစေခဲ့...။
ရိုးတံပြိုင်းပြိုင်းထ
ဖုန်ငွေ့တွေလှိုင်းလှိုင်းကြွ
နွေဟာ နွေပီသကြောင်း
လစ်ဟပြနေလိုက်တာများ
ကန္တာရတွေတောင် ရေစာတတ်လာခဲ့.....။
ဘယ်လိုနွေပါလိမ့်
မြွေအလမ္ပယ် ပချုပ်တောင်းထဲက
မွတ်သိပ်နေတဲ့ ပုံစံမျိုးထောင်း
ငါ့တို့ရင်တွေညိုးလို့။
အပ်ချည်ကြိုး ခါးထောင်းကျိုက်ထားလိုချင်ရဲ့
တောင်လေရူး ဝေ့အရမ်းမှာ
ညီးငွေ့ဖွယ် သွေ့နွမ်းသွားတဲ့စိတ်
နွေသရုပ်ရဲ့ ပန်းချီကား
ချစ်သူဆီ ၀တ်ထွားလို့...။
ပုဇင်းရင်ကွဲ တစ်သိုက်က
အလွမ်းမီးမြိုက်ထားသလို
သီဆိုဟစ်ကြွေး
နွေတေးကို ဆိုလို့၊။
ဥာဏ်မခိုင်ဈာန်ယိုင်လဲတော့လည်း
အော်.....ဒီနွေပါပဲတဲ့လား
ဥတုတွေ အကြိမ်ကြိမ်အိပ်တန်းတက်ကြ
ဒါပေမယ့်
ဘ၀တွေက
စိုထိုင်းထိုင်းဖြစ်နေဆဲပေါ့။
သိကြတဲ့အတိုင်း
မြားတပ်တွေလို မိုးတွေ
ထိုးစစ်ဆင်ပြန်တော့
ခဏတစ်ဖြုတ်
ပြန်ပြန်ရုတ်ကြရပြန်တယ်။
ကြည့်စမ်းပါဦး
ဇာပုဝါခြုံနှင်းတွေ
ထူပိန်းစွာ ခါချပြန်တော့လည်း
စွတ်စိုပြီး ထိုင်းမှိုင်းရပြန်တယ်...။
ဟော.......
ဒီနွေ...
ဒီမိုး....
ဒီဆောင်း..
ဘယ်လိုပဲပြောင်းပြောင်း
အောက်သိုးသိုး အနံ့တွေနဲ့
ငါတို့ဘ၀တွေကတောဆန်နေဆဲပေါ့
ဘယ်အခါများခြောက်သွေ့နိုင်ပါ့မလဲလေ..။
ဆရာဇော်ဂျီက
ဗေဒါပျံအံကိုခဲ ပန်းပန်လျက်ပဲ တဲ့
ကျုပ်ကတော့ဒအော်...နွေရယ်....
ဆယ်စကဲ
ခြောက်သွေ့ခက်ခဲ...သရော်လိုက်ချင်ရဲ့။
သိကြတဲ့တိုင်း
ဘ၀တွေက
ညှီစော်နံနေတုန်းလေ......။
No comments:
Post a Comment