Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 1 April 2012

“မင်းအခန်းထောင့်က အမှိုက်ပုံးလေးကို မုန်းတယ်”



“မင်းအခန်းထောင့်က အမှိုက်ပုံးလေးကို မုန်းတယ်”
||||||||||||||||||||||||||||||||||||
=====================================
♥ အိပ်မက်တွေ ယစ်မူး
ချစ်စစ် ချစ်ဦးရေ

သစ်သစ် ဖူးပွင့်လာတဲ့

ကျူးရင့်ကဗျာတစ်ပုဒ်ဟာ

ကိုယ်သာဖြစ်ချင်မိတော့တယ်။....
♥ လေချိုလေးသွေး
စကား အေးအေးလေးတွေထက်

စာလုံးလှလှလေးတွေ ယှက်ထားတဲ့

ခက်ဆစ်ကဗျာလေးတွေကိုမှ

မင်းက နှစ်သက် ရက်တာလေ။....



♥အသိမခက်လှတဲ့

အကြည့်တစ်ချက်ဆိုတာတွေထက်

သတိရခြင်းလေးတွေ ဆက်ထားတဲ့

ဖတ်လက်စ ကဗျာစာအုပ်လေးကို

မင်းပိုချစ်တာ ကိုယ်သိတယ်။...


♥ ကောင်းကင်ပြာပြာကြီးရယ်

သက်တံ့ကွေးကွေးလေးတစ်ခြမ်းရယ်

အစိမ်းရောင် မျက်ခင်းလေးတွေရယ်

ကော်ဖီခါးခါးလေးတစ်ခွက်ရယ်

မင်းအတွက် ပါဆယ်ပို့ပေးရင် မင်းပျော်နေမှာ။....


♥ ထိုင်နေတဲ့ ခုံတန်းလျားလေးဘေးမှာ

သစ်ရွက်လေးတွေ ကြွေကြရင် ငေးလို့

ဆွေးဆွေးလေးတွေးနေတတ်တဲ့သူ....

မင်းကြည်ဖြူဖို့အတွက်

အဲဒီ သစ်ရွက်လေးကို ကိုယ်က အားကျတယ်။...



♥ မနေ့ညက

မင်းရေးရခက်တဲ့ ကဗျာလေးမှာ

ကိုယ်ပါဝင်နေခဲ့တဲ့အခါ

အကြိမ်တစ်ရာမက

မင်းရေးပြီးဖွထားခဲ့တဲ့

ဒွိဟ စာရွက်အလုံးလေးတွေလို

မင်းအခန်းထောင့်က အမှိုက်ပုံးလေးကို မုန်းတယ်။..

မင်းရင်သွေး
(ကဗျာရေးတဲ့ ကောင်မလေးအတွက်)



No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့