Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 6 April 2012

ကကြီး ခကွေး ကောင်ကလေး

 ဘာမှ မသိသလိုနေလျှင်
အားလုံးသိလာမယ် တဲ့။
ကျွန်တော်ဖတ်ဖူးတဲ့ စာထဲမှာတွေ့ တယ်။
ဆိုကရေးတီးကတော့ ပြောသွားတယ်။
ငါသိတာတစ်ခုတည်းရှိတယ်..
ငါ ဘာမှ မသိဘူးဆိုတာပဲ တဲ့။
ကျွန်တော်လည်း မသိချင်ပါဘူး..
ထမင်းစားပြီး စပါးပင်မမြင်ဖူးတဲ့လူတွေနဲ့ 
မြစ်မြင်တိုင်း မူး(မြစ်) လို့ ထင်သူတွေအကြောင်း။
ရွှေအကြောင်း ဖယောင်းသက်သေဆိုပေမယ့်
လူ အကြောင်း   ပေါင်းကြည့်မှသိတယ် ဆိုလို့ 
သိမှာစိုး၍ မပေါင်းကြည့် ပဲနေတယ်....။
မနက်စောစော ဘုရားဒကာကြီးက
ညာဥ့်နက်ချိန်လည်းရောက်ရော..
ိဟိုဗျာ....
ကျွန်တော်မသိတဲ့ အခန်းလေးတစ်ခုထဲမှာ
သားသမီး ဇနီးမယားကိုမေ့ လို့ 
အထိအတွေ့ ကြား ပျော်နေတယ်.....။
အပြုံးချိုချိုနဲ့ 
ဂုဏ်သရေရှိ အမျိုးသမီးကလည်း
ယမကာဝိုင်းဖွဲ့ လို့ 
ခပ်နွဲ့ နွဲ့  အသံတွေနဲ့ 
ပိုကာ(ဖဲ)ချပ် ဆွဲလေရဲ့ ..။
ရေပေါ်ဆီလို လူတွေ
ဆီပေါ်ရေလို လူတွေ
လူတွေအထွေထွေကြားထဲမှာ
အရိုးကိုကြည့်ကြည့်ဝါးနေရတယ်...။
တကယ်ဆို ..ကျွန်တော်က
ကကြီး ခကွေး ကောင်ကလေးပါ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့