Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 5 April 2012

ဒင်းတို့ကိုမယုံတော့ဘူး

အနောက်နိုင်ငံတွေက မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ခဲ့တာ တော်တော်ကြာပါပြီ။ အစိုးရမကောင်းလို့ စီးပွားရေးပိတ်တယ်ဆိုပေမယ့် တကယ်တမ်း ထိခိုက်နစ်နာရတာက ပြည်သူတွေပဲ ထိခိုက်ရတာပါ။ သူတို့ အဲဒီလို စီးပွားရေးပိတ်လို့လဲ မြန်မာအစိုးရက ဘာမှ ထူးလာတာ မဟုတ်ပါဘူး။ မြန်မာပြည်မှာက စားကုန်သောက်ကုန် အစုံ ရှိပြီးသားဆိုတော့ အစိုးရအတွက် ဘာမှကို အခက်အခဲ မတွေ့ဘူး။ တိုင်းပြည်စီးပွားရေး တိုးတက်မှု နှေးကွေးတာပဲ ရှိတယ်။
ပြီးတော့ စီးပွားရေးပိတ်ထားလို့ မတိုးတက်တာဆိုတဲ့ အကြောင်းပြချက် ကောင်းကောင်း ရသွားတာပဲရှိတယ်။ သူတို့တွေကတော့ ချမ်းသာချင်တိုင်း ချမ်းသာနေတာပဲ။ ဒါဆို အနောက်နိုင်ငံတွေက မြန်မာပြည်သူပြည်သားတွေကို စေတနာရှိလို့ စီးပွားရေးပိတ်တယ်လို့ ပြောလို့မရတော့ဘူး။ သူတို့အဲဒီလိုပိတ်တော့ ပြည်သူတွေမှာ အလုပ်အကိုင် အခွင့်အလမ်းနည်းသွားတယ်။ စားဝတ်နေရေးကြပ်တည်းလာတယ်။ ကြပ်တည်းလာတော့ နိုင်ငံရေးအပေါ်မှာလဲ စိတ်ဝင်စားမှု နည်းလာတယ်။ စားဖို့ကိုပဲ မနည်းလုံးပမ်းနေရတော့ တခြားဘာကိုမှတောင် အာရုံမစိုက်နိုင်တဲ့လူတွေ အများကြီးပဲ။ သူတို့ အဲလို စီးပွားရေးပိတ်တာက စစ်အစိုးရသက်တမ်းကို ပိုလို့တောင် ရှည်စေတယ်။
အခု သိသာထင်ရှားတဲ့ အပြောင်းအလဲဖြစ်လာပြီ။ အားလုံး မျှော်လင့်ထားကြတဲ့ ဒေါ်စု ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီ။ ကြားဖြတ်ရွေးကောက်ပွဲကို ကြည့်ချင်တဲ့နိုင်ငံခြားသားတွေလဲ ကြည့်ခွင့်ရကြပီ။ တကယ်တော့ သူများပြည်တွင်းရေးကို သူတို့ အဲလောက်တောင် တောင်းဆိုခွင့်မရှိပါဘူး။ အထင်သေးသလိုလို မယုံကြည်သလိုလိုနဲ့ အခွင့်အရေးယူ ချယ်လှယ်ချင်ကြတယ်။ အခု ရွေးကောက်ပွဲ ပြီးပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ နိုင်သွားပြီ။ ဘာတွေများ ထူးလာလဲ။ စီးပွားရေးပိတ်တာတွေ ဆို့တာတွေ ရုတ်သိမ်းမယ်လို့ အင်္ဂလန်ကလဲ မပြောဘူး။ အမေရိကန်ကလဲ မပြောဘူး။ ဆိုင်းထားမှာလိုလို လျှော့ပေးမှာလိုလိုနဲ့ မျှော်လင့်ချက်တွေပဲ ပေးနေတယ်။ ကလေးကစားသလို လာလုပ်နေတယ်။
မြန်မာပြည်သူပြည်သားတွေကို ဒင်းတို့တကယ်ချစ်တယ်ဆိုရင် အခု ဒေါ်စုနဲ့ ဦးသိန်းစိန်တို့ ပူးပေါင်းနေတဲ့အခါမှာ ဘယ်လို ကူညီမယ်။ ဘယ်လိုအားပေးမယ်ဆိုတာမျိုး ဘယ်နိုင်ငံတွေကမှလဲ အသံထွက်မလာပါလား။ အာဆီယံကဆို ကမ္ဘောဒီးယားပဲ အသံထွက်လာတယ်။ တရုတ်ကြီးတို့လဲ ငြိမ်နေတယ်။ ရုရှားကြီးလဲ ငြိမ်နေတယ်။ ငြိမ်မှာပေါ့။ ခါတိုင်းလို ဂုတ်သွေးစုပ်လို့ လွယ်လွယ်မရတော့မှာစိုးပြီး ရင်ထိတ်နေကြတာလေ။
အင်္ဂလန်တို့ အမေရိကန်တို့ ဆိုတဲ့ကောင်တွေရော။ ခု အကျဉ်းသားတွေလဲ လွှတ်ပေးလိုက်ပီ။ ဒေါ်စုလဲ လစ်လပ်နေရာအားလုံးနီးပါး သူ့အဖွဲ့ဝင်နိုင်ပီ။ မင်းတို စီးပွားရေးပိတ်ဆို့ဒဏ်ခတ်တာတွေက မရုတ်သေးဘူးလား။ တိုင်ပြည်တပြည်မှာ လူအမျိုးမျိုး ရှိတယ်။ ဒါတွေ အကုန် ညီရမယ်ဆိုတာ ချက်ချင်းတော့ မဖြစ်နိုင်ဘူး။ အစိုးရအဖွဲ့မှာလဲ ဒီလိုပဲ။ ချက်ချင်းတော့ နတ်ရေကန်ထဲ ချသလို ပြောင်းချင်မှ ပြောင်းမယ်။ ဒါပေမယ့် ခုလုပ်နေတာတွေကို ကြည့်ကြပါ။ ဘာပဲဖြစ်ဖြစ် အပြုသဘောကို ဆောင်တဲ့ လုပ်ဆောင်ချက်တွေပါ။ ကောင်းတဲ့လမ်းကို လျှောက်နေတဲ့လူတယောက်ကို ၀ိုင်းဝန်းအားပေးဖို့တော့ လိုပါတယ်။
ခုတော့ဥရောပတွေလဲ သြဇာထူထောင်ချင်ကြလား မသိဘူး။ ငြိမ်နေကြတယ်။ အာရှကလဲ တူတူပဲ။ ဒီတော့ ဒင်းတို့ကို မယုံတော့ဘူး။ ဒင်းတို့ပိတ်ထားလဲ ဂရုမစိုက်ဘူး။ ဦးသိန်းစိန်နဲ့ ဒေါ်စုတို့ သင့်မြတ်မယ်ဆိုရင် ငါးပိရည်စားပြီးတော့လဲ ပြုံးပျော်နေမယ်။ ဒါပါပဲ။ ကျွန်တော်စာမရေးတတ်ဘူး။ ခံစားရသလိုပဲ ရေးပြတာပါ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့