Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 7 April 2012

ငါစိတ်ဝင်စားတာကအများကြီး

ငါစိတ်ဝင်စားတာကအများကြီး
=================
တကယ်ပြောကြေးဆိုရင်ကိုယ်ကဘာမှမဟုတ်ဘူး
သူဆိုတာလဲတကယ်ဘာမှမဟုတ်ဘူး
အိုကွာ......အားလုံးဟာဘာမှမဟုတ်ဘူး
ဒီလိုပြောလို့စိတ်မဆိုးကြေးပေါ့သူငယ်ချင်း
စိတ်ဝင်စားခြင်းတွေအများကြီးထဲမှာ
ငါစိတ်ဝင်စားနေတာက ဘာမှမဟုတ်ခြင်းပဲ
မင်းလဲဘာကိုစိတ်ဝင်စားသလဲ
သူလဲဘာကိုစိတ်ဝင်စားသလဲ
ကိုယ်စိတ်ဝင်စားတာတွေကိုချခင်းဖို့
ငါတို့သတ္တိတွေရဲတင်းဖို့လိုအပ်လာတယ်
ခေတ်ကတောင်းဆိုလာတဲ့လိုအင်ထဲမှာမင်းပါသလား
သူကောပါသလား ငါရောလား
စဉ်းစားသေချာစဉ်းစား အဖြေတစ်ခုအတွက်
ငါတို့ကဘာမှမဟုတ်ဘုးသေချာစေဖို့
နောင်တစ်နေ့မှာအဖြေပေါ်မှာပဲဆိုတာမမေ့နဲ့
နောင်တရတယ်ဆိုတာဘာလဲ
မဖြေချင်လဲရတယ် ဖြေလဲရတယ်
ကိုယ့်ကိုယ်ကို အကြည်ညိုမမဲ့ရင်ပြီးတယ်
ငါတို့ဝါဒဘေးတွေက ငါတို့ရှာဖွေခဲ့တာကစတယ်
ငါတို့ယုံကြည်ခဲ့တာက ငါတို့လေ့လာခဲ့တာနဲ့ဆိုင်တယ်
အားနာလို့ပါလာတဲ့မိတ်ဆွေတစ်ယောက်တွက်
ခိုင်မာတဲ့ လုံခြုံရေးတစ်ခုကိုတာဝန်ယူရမယ်
ဒါဟာသဘာဝပဲ ......ဒါဟာတည်ဆောက်ခြင်းပဲ
မင်းလဲမမေ့နဲ့ သူလဲမမေ့စေနဲ့
ငါလဲမလွှဲမှားစေနဲ့
သမိုင်းမှာသမိုင်းမဆန်တာတွေအများကြီး
အမေတွေမျက်ရည်ကျခြင်းအကြောင်းက
ငါတို့မိုက်တာက ငါတို့မသိတာက
ငါတို့ရင့်တာက ငါတို့ဆုတောင်းမှားတာက
အဓိကအကြောင်းခံခဲ့တာပါကွာ
ငါမမူးပဲရေးတဲ့ကဗျာတစ်ပုဒ်ကိုပြမယ်
ငါမရေးချင်တဲ့ကဗျာတစ်ပုဒ်ကိုမပြောဘူး
ဘာတွေလဲမစဉ်းစားနဲ့ဟာ
အဲဒါတွေသည်ပင် ငါစိတ်ဝင်စားတဲ့အများကြီးထဲက
ရင်နာနာနဲ့အံထုက်လိုက်ဖြစ်တဲ့
ငါစိတ်ဝင်စာတာတွေအများကြီးဆိုတဲ့တစ်စိတ်တစ်ဒေသပဲ။    ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့