Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 9 April 2012

အပ်စစ်စားသောအိမ်မက်များ

မျှော်လင့်ချက်တွေ ... ကမ်းပါးတစ်ခုအပေါ် က နေပစ်ချလိုက်တော့ ...
အဲဒီမှာ မျက်ရည်မြစ်ကြီး စီးဆင်းသွားတယ်
တစ်ခုခု ကို စွန့်လွှတ်လိုက်ရတာလေ
လက်ထဲမှာ လစ်ဟာသွားတာထက်
ရင်ထဲမှာ လစ်ဟာသွားတာပိုဆိုးတယ်ဟာ
သံယောဇဉ်တွေပါလို့ ဟစ်ကြွေးပြီး အမြစ်ကိုတူးကြည့်တော့
ရေသောက်မြစ်တွေ ခြောက်ကပ်လို့
အမြင်မှာသာ အရွက်တွေ တစ်ဖါးဖါးနဲ့
တစ်ကယ်တန်းကျတော့ မရှင်သန်နိုင်တော့ပါလား ...
လမ်းခွဲခြင်းဆိုတဲ့ ဒီသတ္တု တစ်တုံးကိုပေါ့
အက်စစ်တွေနဲ့ အရည်ဖျော်ဖို့ကြိုးစားကြည့်တာပါ
အစိုင်အခဲတွေ မာသထက်မာလာတာကလွဲရင်
ငါ့ မျက်ဝန်းက ထွက်တဲ့ အက်စစ် တွေ
ငါ့ အိမ်မက်တွေကိုသာ စားသွားတယ်( ဒီနေ့အထိ ဘာမှဖြစ်မလာခဲ့ဘူး)
တမ်းတခြင်း ၀တ်ရုံအောက်မှာ
ငါ့ မာနတွေကို ၀ှက်လို့ မီးရောင်မှိန်မှိန်အောက်မှာ
ဆုတောင်းတွေ ခြွေခဲ့ဖူးတယ် ...
နင့် နဖူးထက်ကဆံနွယ်စလေး ငါ့ပခုံးထက် ထမ်းပိုးရပါစေသားလို့
ဖယောင်းတိုင်လိုဘ၀ မျိုးနဲ့ နင့်အတွက် အလင်းတွေပေးရင်း
ငါ တစ်ဖြည်းဖြည်းအရည်ပျော်ကျ လာခဲ့ပါရဲ့
ဒီ အရောင်လေးကိုပဲ မှိန်တယ်လို့ အပြစ်ဖွဲ့ ရစ်တာလား
နင် လုပ်ရက်လိုက်တာလို့ ငါပြောချင်တယ်ဟာ...၊            ၊

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့