Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 4 April 2012

ချစ်သူရဲ့...စိတ်ကုန်ခြင်း...မခံရလေအောင်


ဒီစာလေးကတော့ချစ်သူကိုအမြဲလက်တွဲဖို့ရည်ရွယ်ထားတဲ့သူတွေဖတ်ဖို့ရေးလိုက်တာပါ။ ချစ်သူတွေဖြစ်လာပြီးဆိုရင်
အချင်းချင်းပဋိပက္ခဖြစ်လို့ စိတ်ညစ်ရတာတွေတော့ရှိကောင်းရှိမှာပါ။ ဒါပေမယ့်သင့်ကြောင့် လွန်ကြူးတဲ့စိတ်ညစ်စရာတွေ
များလာရင်တော့ သင့်ရဲ့ချစ်သူကသင့်ကို စိတ်ကုန်တဲ့အဆင့်ရောက်လာပါလိမ့်မယ်။ စိတ်ကုန်တာတွေစုလာရင်တော့
သင့်ကိုစိတ်ထဲကပါ ထုက်လိုက်ပါလိမ့်မယ်။ ဒါကြောင့်ချစ်သူရဲ့စိတ်ကုန်ခြင်းမခံရလေအောင်၊ ချစ်သူကိုစိတ်မညစ်စေရ
အောင် အတက်နိုင်ဆုံးဂရုစိုက်သင့်ပါတယ်။



အလွန်အမင်းသ၀န်တိုခြင်းကိုရှောင်ကြဉ်ပါ။


တကယ်တော့သ၀န်တိုတယ်ဆိုတာက အချစ်ကြီးလို့ဖြစ်လာရတဲ့ ခံစားမှုမျိုးပါ။ သင့်တင့်မျှတသောသ၀န်တိုခြင်းကတော့
သင့်ချစ်သူသင့်ကို ပိုချစ်အောင်စွမ်းဆောင်ပေးနိုင်ပေမဲ့၊ သူ့ရဲ့သိက္ခာနဲ့အရှက်ပါ ထိခိုက်စေလောက်အောင် သ၀န်ကြောင်
လာရင်တော့ သင့်ချစ်သူ့ကသင့်ကို စိတ်ကုန်သွားပါလိမ့်မယ်။




သဘောထားမကွဲလွဲအောင်ဂရုစိုက်ပါ။

သင့်ချစ်သူရဲ့ဆုံးဖြတ်ချက်တစ်ခုက မမှားဘူးဆိုရင်၊ သင်လက်ခံနိုင်တဲ့အတိုင်းအတာတစ်ခုမှာပဲ ဆိုရင်တော့
သင့်သဘောထက်ချစ်သူရဲ့သဘောထားကို အတက်နိုင်ဆုံးလိုက်လျောပေးပါ။ ဒါမှလဲ သဘောထားချင်းကိုက်ညီမှုရပြီး
ချစ်သူနဲ့အဆင်ပြေနိုင်ပါ။ ဒီနေရာမှာသူ့သဘောတရားကို လက်ခံနိုင်ရဲ့သားနဲ ကိုယ့်စိတ်တိုင်းကျမဖြစ်လို့ အပြင်းအထန်
မဆန့်ကျင်ပါနဲ့။ ချစ်သူကိုနားမလည်ပဲသင်ထင်တာတွေကိုပဲ တစ်ယူသန်နေရင်တော့ သင့်ချစ်သူကသင့်ကို
စိတ်ကုန်သွားပါလိမ့်မယ်



ချစ်သူကိုလျစ်လျူရှုမထားမိပါစေနဲ့

မင်းအချိန်တွေကိုလဲ ချစ်သူအတွက်ပေးနိုင်အောင်ကြိုးစားပါ။ တကယ်လို့ မင်းကအရမ်းအလုပ်များတဲ့သူ ဖြစ်ရင်တောင်
သီးသန့်အချိန်တော့ပေးနိုင်ပါစေ။ တကယ်လို့ချစ်သူကို အချိန်မပေးနိုင်တဲ့အကြောင်းပြချက်နဲ့ လျစ်လျူရှုထားမိရင်တော့
သူ့အနေနဲ့ပထမဆုံးဝမ်းနည်းခံစားရမှာပါ။ လျစ်လျုရှုတာ များလာရင် သူ့အနေနဲ့ဝမ်းနည်းတာတွေက ဒေါသအဖြစ်
ပြောင်းလဲပြီးသင့်ကိုစိတ်ကုန်သွားပါလိမ့်မယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့