Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 3 April 2012

လူငယ်

လူငယ်
ငါ့မျက်လုံးတွေ အဓိပ္ပါယ်တွေပေါ် စူးစူးရဲရဲတောက်လောင်
ငါ့နားတွေ မီးလျှံတွေပေါ် ရနံ့တွေပေါ်ဂြိုလ်တုလိုလှည့်လည်
လိုအပ်ရင်ဖြတ်တောက်ခုတ်ထစ် သန့်စင်ဖို့
ဆောင်ဓားလို သတိတစ်ချောင်းနဲ့လူငယ်
လူငယ် နှလုံးသားရေးအစ တိုင်းရေးပြည်ရေးထိ
ရေးပေါင်းများစွာမှာ ခြေချင်းလိမ်အောင် ရေးခြစ်တောက်လောင်
လိုအပ်ရင် လင်ယုန်လိုရက်ရက်စက်စက်ထိုသုတ်ဖို့
လိုအပ်ရင် ယုန်လေးလိုနားစွင့်ကုပ်ကုပ်လေး
လူငယ်ရဲ့သွေးဟာ စူလွယ် နက်လွယ်
လူငယ်ရဲ့ခွန်အားတွေ သားလျှောသလို လျှောပစ်ဖို့မဟုတ်ဘူး
လူငယ်ရဲ့ခေါင်းတွေ ကျောက်တုံးလို နလပိန်းတုံးမာကြောဖို့မဟုတ်ဘူး
လိုအပ်ရင်လျှော့ပစ်ဖို့ လိုအပ်ရင်တင်းပစ်ဖို့ ဝင်မလေးဘူး
ရေးပေါင်းများစွာ မျှတမှုကြိုးတွေကို
ဂီတသံတွေထွက်အောင် တီးခတ်ပစ်မယ် ငြိမ်းချမ်းရေးသီးချင်းနဲ့
အဲဒီလို လူငယ်တွေရဲ့လက်တွေပါ
သံမဏိဂစ်တာကြိုးလို ပျော့ပျောင်းမာကြောတယ်
စိတ်တွေ လာမလွင့်နဲ့
ရော်ရွက်တွေပဲ လွင့်တယ်ကြွေတယ်
စိတ်တွေ လာမညစ်နွမ်းနဲ့
အနည် အမှုန်တွေပဲ ညစ်တယ် နွမ်းတယ်
မီးခိုးလို ကာဗွန်လို ဟိုက်ဒြိုဂျင်လို
ပြေလို သလိပ်လို တံတွေးလို ဘာတွေပြောနေတာလဲ
သွားစမ်းပါ…
ဒီမှာ လူငယ်
ငါလုပ်ရင်ဖြစ်ရမယ်ဆိုတဲ့ မာန်နဲ့ ဥာဏ်နဲ့ ခွန်အားနဲ့
အားလုံးကိုလွှင့်ထားတယ် အားလုံးကိုထောင်ထားတယ်
သစ္စာပန်းကို နမ်းရှိုက်ပြီး
လောကကြိုးဝိုင်းထဲ မျက်နှာဖွင့်ပြီးဝင်ခဲ့တယ်
ရေလို လေလို နေရောင်လို လှည့်လည်
ခုန်ပေါက်
စီးဆင်းလို့…။ ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့