Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 3 April 2012

ရွေရည်လူးတဲ့နွေတန်ခူး

ရွှေရည်လူးတဲ့နွေတန်ခူး
ရွေဝါရောင်သန်းသောပိတောက်ပန်းတို့ပွင့်တော့မည်။ရိုးရာအမွေနှစ်သစ်ကူးလေက တသုန်သုန်အေး
ကြည်နူးစရာလေးမို့ နှစ်သစ်ကိုကြိုဆိုဖို့တွန်းပို့နေသည်။သင်္ကြန်တေးသီချင်းတွေကလည်းနေရာအနှံ
ပျံဝဲနေလေရဲ့။ထိုအထဲတွင်ဇော်ပိုင်၏သင်္ကြန်မိုးသီချင်းကနှစ်သစ်ကိုပို၍မြူးကြွစေသည်။ရွှေမြန်မာတို့
၏ရင်ထဲတွင်တနှစ်တခါပွဲတော်ရောက်တိုင်းအစဉ်အလာမမေ့သော ပီတိစိတ်ဇောကလေးတိတ်တခိုး
ဝင်ရောက်လာတတ်သည်သာ။နိုင်ငံတိုင်းလူမျိုးတိုင်းအမြတ်တနိုးတန်ဖိုးထားတတ်ကြသောရိုးရာအမွေ
နှစ်သစ်ကူးပွဲတော်လေးကိုသူမတူအောင်ထူးထူးခြားခြားလေးဖြစ်စေချင်ကြသည်။တနှစ်တခါပွဲတော်မ
ဟာကိုဘော်ဒါတွေစုပေါင်းပြီး ရေလောင်း၊ရေပက်၊ ခရီးထွက်ချင်သလို ကိုယ့်ရပ်ကိုယ့်ဌာနေ၊ကိုယ့်ပတ်
ဝန်းကျင်မှာလည်း ပျော်ပွဲရွှင်ပွဲလေးတွေနှင့်နှစ်သစ်ကိုကြိုအသိအမှတ်ပြုလိုကြသည်။
ထိုသို့အသိအမှတ်ပြုချင်သူတွေထဲတွင် မြင့်ဝေ တယောက်မပါဝင်ပေ။အဘယ့်ကြောင့်ဆိုသော် လွန်ခဲ့
သောတလလောက်ကမှ ရည်းစားဖြစ်သူစွန့်ပစ်ခြင်းခံခဲ့ရသည်။အဓိက ကတော့ငွေပေါ့။သူမမွေးနေ့
လက်ဆောင်မတွေ့ရလို့တဲ့။လက်ဆောင်ကလည်းတန်ဖိုးကြီးသောစိန်လက်စွပ်။မြင့်ဝေ ၀ယ်ပေးနိုင်တာ
ကဆင်မှီးလက်စွပ်။တော်တော်လေးကွာခြားနေသည်။သူမ၏မွေးနေ့အတွက်လက်ဆောင်ပေးရကောင်း
မှန်းမြင့်ဝေသိပါသည်။ထို့ကြောင့်လည်းလက်ဆောင်တွေအများကြီးဝယ်ပေးဖြစ်ခဲ့သည်။သူမလိုချင်သော
အရာနှင့်မြင့်ဝေတတ်နိုင်သောအရာ ကွဲပြားနေခြင်းကအစပြု၍မပြေလည်မှုတွေသွေးထိုးဝင်ရောက်ပြီးချစ်
သူနှစ်ဦးကိုလမ်းခွဲစေခဲ့သည်။ဒီကြားထဲမြင့်ဝေဘ၀က တနေ့လုပ်မှတနေ့စားရသောအခြေအနေ။ဖခင်မရှိ
မိခင်အိုကိုလုပ်ကျွေးနေရသည်။ထိုသို့သောအကြောင်းများကြောင့်အများသူငှာနှစ်သစ်ကိုကြိုဆိုသမှုအသိ
အမှတ်ပြုရမည့်အချိန် သူများပျော်လို့မပျော်နိုင်ဆိုသော အဖြစ်မျိုးနှင့်မြင့်ဝေဘ၀ကနုံချာလွန်းလှပါသည်။
'' မြင့်ဝေရေ...မြင့်ဝေ...'' ခေါ်သံကြား၍အသံလာရာသို့ကြည့်လိုက်မိသည်။ဇင်မောင်၊သိန်မြတ်သူ၊ကျော်မြင့်
တို့သုံးယောက်အတိုင်အပေါက်ညီညီရောက်ချလာပါသည်။သူတို့သုံးယောက်ကရိုးရာသင်္ကြန်ကိုနှစ်တိုင်း
မြင့်ဝေနှင်အတူလက်တွဲဆင်နွဲနေကျဖြစ်သည်။
'' ဒီနှစ်သင်္ကြန်အတွက်မင်းဘာတွေစီစဉ်ထားလဲ..ကွ..'' သိန်းမြတ်သူအစောတလျှင်မေးလိုက်သည်ကိုမြင့်
ဝေက - '' ငါ့မှာအစီအစဉ်မရှိပါဘူးကွာ..ငါစိတ်ညစ်နေတာမင်းတို့သိသားနဲ့..''
'' အေး..သိတာပေါ့ကွာ ဒါကြောင့်စိတ်ညစ်တာတွေပျောက်သွားအောင်လို့ ဒီတန်ခူးမှာ ပျော်မြူးကြရအောင်
ငါတို့လာခဲ့တာ...'' ထို့နောက်ကျော်မြင့်က ဆက်လက်၍-
 '' နောက်တပတ်ဆိုရင် နှစ်သစ်ကူးအကြိုစတော့မယ်..'' ဇင်မောင်က၀င်ထောက်လိုက်သည်။
'' အေး..ဟုတ်တယ် မင်းရဲ့စိတ်ညစ်မှုတွေကို သင်္ကြန်ရေနဲ့ဆေးလိုက်စမ်းပါကွာ...''
'' အင်း ဆေးတော့ဆေးချင်ပါတယ်..အနာကအသစ်ဆိုတော့မကျက်သေးဘူး..''
'' လုပ်မနေနဲ့ ပွဲတော်ကိုနွဲပျော်ဖို့ မနှစ်ကအတိုင်းစီစဉ်လိုက်ကြရအောင်..''
ဇင်မောင်အပြောကို အာလုံးကထောက်ခံကြသည်။
'' အေး..ဟုတ်တယ်..ဒါပေါ့..မြန်မြန်လေးဟေ့..'' တယောက်တပေါက်အသံတွေဆူညံသွားသည်။
''နေကြပါဦး..မင်းတို့လုပ်တာနဲ့ ငါတောင်စိတ်ပါချင်သလိုဖြစ်လာပြီ...ငါ့အပေါ်အရေးတယူအလေးထား
ဆက်ဆံတာတွေ့ရတော့ ငါဝမ်းသာတယ်..သင်္ကြန်နီးရင်ငါပိုးဝင်တတ်တယ်ဆိုတာမင်းတို့ကသိနေတော့
....အင်း....ဒီနှစ်သင်္ကြန်ကို စိတ်ညစ်စရာတွေမေ့ထားပြီး မင်းတို့နဲ့အတူပျော်ပျော်ကြီးဆင်နွဲမယ်ကွာ.....
ဟုတ်ပြီလား...ငါ့ရည်းစားက ငါ့ကိုသစ္စာဖောက်ခဲ့ပေမဲ့ နှစ်ကူးသင်္ကြန်ကိုတော့ ငါသစ္စာမဖောက်ရက်နိုင်
ပါဘူးကွာ....''   '' ကဲ ဒါဆိုရင်မနှစ်ကအတိုင်းစီစဉ်မယ်ပေါ့..ဟုတ်လား...'' သိန်းမြတ်သူအမေးကိုမြင့်ဝေက
ခေါင်းညိမ့်ပြလိုက်သည်။
''မနှစ်ကအတိုင်းစီစဉ်မယ်ဆိုရင်ဒီနှစ်လူတယောက်ထပ်တိုးတယ်ဟေ့....'' သိန်းမြတ်သူက မြင့်ဝေကိုလည်း
သိစေချင်၊အားလုံးကိုလည်းသိစေချင်သောကြောင့် စကားလမ်းကြောင်းခင်းလိုက်ခြင်းဖြစ်သည်။မြင့်ဝေက
စိတ်ဝင်စားသည့်အမူအရာမပြသော်လည်း ကျန်နှစ်ယောက်ကတော့သိလိုစိတ်ဖြင့်ပြိုင်တူမေးမိလိုက်ကြသည်။
'' တယောက်တိုးတယ်ဆိုတာ ဘယ်သူလဲကွ..'' သိန်းမြတ်သူက မြင့်ဝေကို တချက်မျှကြည့်လိုက်သည်။ ထို့
နောက် အဖြေကိုဆက်ပြန်သည်။
'' ငါတို့ရပ်ကွက်ထဲကိုမကြာသေးခင်ကပြောင်းလာတဲ့ ရွှေရည်ဆိုတဲ့ကောင်မလေးတယောက်ပါကွာ..သင်္ကြန်
ရောက်တိုင်းငါတို့တွေရပ်ကွက်ကမဏ္ဍပ်တိုင်းမှာ အနောက်တိုင်းအကနဲ့ဖျော်ဖြေတဲ့အကြောင်းပြောမိရင်းက
သူစိတ်ဝင်စားပြီး ငါတို့အဖွဲ့ထဲပါချင်တယ်ပြောတယ်လေ..သူကလည်းအနောက်တိုင်းအကဆိုဝါသနာပါတယ်တဲ့။
ကလည်းကတတ်တယ်လို့ပြောတယ်..'' မြင့်ဝေသည် သိန်းမြတ်သူအားမျက်မှောင်ကျုံ့၍ကြည့်လိုက်သည်။ထို့
နောက်အလိုမကျသည့်မျက်နှာထားဖြင့်-  '' ရှုပ်ရှုပ်ရှက်ရှက်ကွာ...အဖွဲထဲမိန်းကလေးပါလာရင်ပြဿနာတက်
တတ်တယ်..ငါတော့သဘောမတူချင်ဘူး...'' '' မင်းသဘောမတူရင်နေ ငါကတော့ကတိပေးပြီးသွားပြီ..မနက်ဖန်
ငါမင်းနဲ့မိတ်ဆက်ပေးမယ်..'' ဇင်မောင်နှင့်ကျော်မြင့်တို့ကငြိမ်နေရာမှ- '' အေး ဟုတ်တယ်..အဲဒါကောင်းတယ်..''
ဟုထောက်ခံကြသည်။ဤသို့ဖြင့်သူတို့၏စကားဝိုင်းလေးသည် နှစ်သစ်ကိုကြိုဆိုဖို့နှီးနှောတိုင်ပင်ရင်းအသက်ဝင်
လာခဲ့သည်။မြင့်ဝေ၏စိတ်ညစ်နေမှုတို့သည်လည်း မှေးမှိန်ပျောက်ကွယ်စပြုလာပါသည်။ရိုးရာအမွေဖြစ်သောနှစ်
သစ်ကူးနွေတန်ခူးသည်စိတ်ညစ်နေမှုတို့ကိုပပျောက်စေနိုင်သည့်အပြင်ပျော်ရွှင်မြူးတူးမှုကိုပါပေးစွမ်းနိုင်စွမ်းရှိပါ
သည်။
၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀
မိုးဖွဲလေးများတဖွဲဖွဲကျနေသည်။နှစ်သစ်ကိုကြိုဆိုသောမိုးပဲဖြစ်မည်ထင်သည်။နွေနှောင်း၏ပထမဆုံးရွာသွန်း
လိုက်သောမိုးကြောင့် မြင့်ဝေရင်ထဲလန်းစမ်းတက်ကြွနေသည်။လူသစ်၊စိတ်သစ်၊ဘ၀သစ်တခုကိုရလိုက်သလို
အရာရာသည်မြင့်ဝေအတွက်အသစ်အသစ်တွေဖြစ်နေသည်။ထိုအချိန်တွင် သူ့ထံသို့လူနှစ်ဦးဖြေးညှင်းစွာဦး
တည်လျှောက်လာသည်ကိုတွေ့လိုက်ရသည်။တဦးကအသက်(၄၀)လောက်၊ပိုင်ဆံအိတ်ကိုချိုင်းကြားညှပ်လျှက်
နောက်တဦးက အပျိုပေါက်အရွယ်မိန်းကလေးတယောက်ဖြစ်သည်။အနားသို့တဖြေးဖြေးနီးကပ်လာချိန်တွင်
မြင့်ဝေ ကောင်းစွာမှတ်မိလိုက်သည်။အကြောင်းမူ တက်စီပေါ်တွင်ကျန်ခဲ့သောငွေထုတ်အားပြန်ပေးခဲ့သော
ကြောင့်ဖြစ်သည်။
'' မောင်ရင့်ကိုတွေ့မှတွေပါမလားဆိုပြီးစိတ်တထင့်ထင့်နဲ့လာခဲ့တာ..လာ.လက်ဖက်ရည်ဆိုင်ထဲဝင်ရအောင်..''
မြင့်ဝေခေါင်းညိမ့်ပြရင်း ဦးလေးကြီးခေါ်ဆောင်ရာသို့လိုက်သွားလိုက်သည်။ဆိုင်ထဲထိုင်လိုက်သည်ဆိုလျှင်ပဲ
ဦးလေးကြီးမှစကားအရင်စပြောပါသည်။
'' မောင်ရင်ကတက်စီမောင်းနေတာကြာပြီလား...'' မြင့်ဝေ ခတ်သွက်သွက်ဖြေလိုက်သည်။
'' ကျနော့်သူငယ်ချင်းမောင်းနေတဲ့ကားပါ..သူနေမကောင်းလို့ဒီနေ့ကျနော်ယူမောင်းတာပါ..'' ဦးလေးကြီးကမြင့်ဝေ
အားလေးနက်သောအကြည့်ဖြင့်ကြည့်နေရင်းက- '' ဒါနဲ့..မောင်ရင်ရဲ့အလုပ်ကဘာလဲ...ဘာဖြစ်လို့ တက်စီမောင်း
တတ်ရဲ့သားနဲ့အမြဲမမောင်းတာလဲ...''  '' တက်စီမောင်းဖို့အတွက် စဘော်တင်ရတယ်လေဦးရဲ့...ဒီလောက်ဆိုသ
ဘောပေါက်ပေါ့..ဟဲ..ဟဲ... ကျနော့်အလုပ်က ပရိဘောဂအလုပ်ပါ..ဒီနေ့တစ်ရက်နားလိုက်တယ်လေ..သူငယ်ချင်း
ကိုလည်းကူညီရာရောက်တယ်..ကိုယ်လည်းငွေပိုငွေလျှံလေးရတာပေါ့..'' မြင့်ဝေထိုသို့ပြောနေစဉ် ဦးလေးကြီးက
ချိုင်းကြားမှပိုက်ဆံအိတ်ကိုဖွင့်၍တစ်ထောင်တန်သုံးအုပ်ထုတ်လိုက်သည်။ထို့နောက်-
'' ရော့...ဒီငွေတွေယူထားလိုက်..ဒါမင်းရဲ့ရိုးသားမှုအတွက်ရသင့်ရထိုက်တဲ့ဦးရဲ့စေတနာပဲ...'' မြင့်ဝေ ကြောင်
တောင်တောင်ဖြစ်သွားသည်။ဦးလေးကြီးဘေးမှမိန်းကလေးကိုလည်းမသိမသာကြည့်လိုက်မိသည်။
'' ဒီတခါတော့ယူလိုက်ပါအကိုရယ်..အဖေကအဲဒီလိုရိုးသားဖြောင်မတ်တဲ့သူတွေဆိုအရမ်းသဘောကျတာ....''
ထို့နောက်ဦးလေးကြီးက မိတ်ဆက်စကားဆိုပြန်သည်။ '' ဦးနာမည်က မောင်သာပါ..ဦးမောင်သာပေါ့...ဒါက
တော့ တဦးတည်းသောသမီးလေး စုမြတ်သာပါ..မောင်ရင့်နာမည်ကရောဘယ်လိုခေါ်ပါသလဲ...''
'' ကျနော့်နာမည်က မြင့်ဝေပါခင်ဗျာ..'' မြင့်ဝေပြန်ဖြေရင်း ငွေတွေမယူလို့တော့ရမှာမဟုတ်ဘူး ဟုတွေးနေမိသည်။
'' ဪ..အေး..ဒါနဲ့ မောင်မြင့်ဝေ ၊ ဦးအိမ်မှာ ကားမောင်းမလား...အိမ်မှာက ကားမောင်းပေးမဲ့သူမရှိဘူး..တွေက
ရာလူတွေလည်းမခေါ်ချင်ဘူးလေ..ဒါကြောင့်.....''  '' ဟုတ်တယ် အဖေ အဲဒီအစီအစဉ်ကောင်းတယ်..'' စုမြတ်သာက
ဖခင်၏စကားကိုထောက်ခံလိုက်သည်။မြင့်ဝေမျက်နှာပေါ်တွင်အပြုံးရိပ်တို့သန်းနေသည်။ထိုသားအဖနှစ်ယောက်ကို
လည်း ကျေးဇူးအရမ်းတင်နေသည်။ထို့ကြောင့်-
'' ဟုတ်ကဲ့...ကျနော်မောင်းပေးလို့ရပါတယ်..ဒါမဲ့ သင်္ကြန်ပြီးမှ ကျနော်ရောက်လာမှာနော်..''
'' အေး..ရတယ်လေကွာ..ဒီမှာဦးရဲ့လိပ်စာကဒ်..မင်းသိမ်းထားချေ..မင်းကိုဆက်သွယ်ရမဲ့ဖုန်းနံပါတ်နဲ့လိပ်စာလည်း
ဦးကိုပေးထားအုံး...'' မြင့်ဝေသည်ဦးမောင်သာပေးသောလိပ်စာကဒ်ကိုလှမ်းယူလိုက်ပြီးသူ၏ဖုန်းနံပါတ်နှင့်လိပ်စာ
ကိုစာရွက်တရွက်ပေါ်တွင်ရေးနေစဉ် စုမြတ်သာက-
'' ဟုတ်တယ်အကို..ခုတောင်ဘယ်ဂိတ်မှာတက်စီထိုးသလဲလို့မေးထားမိလို့ ရောက်လာလို့ရတာ..နို့မို့လို့ကတော့
ဘယ်မှာရှာရမှန်းမသိလို့ အဖေလည်းကျေးဇူးဆပ်ခွင့်ကြုံမှာမဟုတ်ဘူး..''
သူမ၏ကလေးဆန်သောအမူအရာကိုမြင့်ဝေတချက်ကြည့်လိုက်ပြီးဦးမောင်သာအားသူ့အိမ်လိပ်စာနှင့်ဖုန်းနံပါတ်ကို
ပေးလိုက်သည်။စကားအနည်းငယ်ပြောဆိုကြပြီးနောက် သားအဖနှစ်ယောက်ပြန်သွားသည်။
ဒီနေ့မနက်သူငယ်ချင်းဖြစ်သူသက်ထွန်းနေမကောင်းသောကြောင့်သူ့ကားကိုယူမောင်းပေးခြင်းဖြစ်သည်။ကားပိုင်
ရှင်က သဘောကောင်းသည်။ကားကိုညအိပ်ယူထားခွင့်ပေးထားသည်။နေစဉ် အုံနာကြေးတော့မှန်မှန်ပေးရသည်။
ထို့ကြောင့်သူနေမကောင်းချိန်မြင့်ဝေမောင်းခွင့်ရသည်။ဖြစ်ချင်တော့ဈေးဦးပေါက်ဆိုသလိုပဲ ဦးမောင်သာသည်သူ့
ကုမ္မဏီသို့သွားဖို့မြင့်ဝေကားကိုငှါးသည်။ပုံသဏ္ဍန်ကြည့်ရသည်မှာတော်တော်ခေါင်းရှုပ်နေသည့်ပုံဖြစ်သည်။ကုမ္မဏီ
ရောက်၍ကားပြန်မောင်းထွက်ပြီး (၁၅)မိနစ်လောက်ကြာမှဦးမောင်သာငွေထုတ်ကားပေါ်ကျန်ခဲ့မှန်းသိသည်။သိသိ
ချင်းပြန်သွားပေးခဲ့သည်။ထို့ကြောင့်မြင့်ဝေကိုကျေးဇူးတင်၍ကျေးဇူးဆပ်သော်လည်းမြင့်ဝေလက်မခံသောကြောင့်
တက်စီဂိတ်ထိုးသောနေရာအထိ သားအဖနှစ်ယောက်ရောက်လာခြင်းဖြစ်သည်။ငွေနှင့်အတူအရေးကြီးသောစာရွက်
စာတန်းတွေလည်းပါသည်ဟုဆိုသည်။
သားအဖနှစ်ယောက်ထွက်သွားပြီးနောက်မြင့်ဝေလည်းကားမောင်းထွက်၍ပြန်ခဲ့သည်။ဒီနေ့မောင်း၍ရသမျှငွေ
အားလုံးကိုသက်ထွန်းအားပေးပြီးသူ့အိမ်သို့လမ်းလျှောက်ပြန်လာခဲ့သည်။လမ်းတွင် မိန်းမလေးတယောက်ပိ
တောက်ပန်းကိုမမှီမကမ်းလှမ်းခူးနေသည်။အမြင်မတော်သောကြောင့်ကူ၍ခူးပေးလိုက်သည်။ပိတောက်ပန်းကို
လှမ်းပေးနေစဉ် သူမ၏အပြုံးကိုယခင်ကမြင်ဖူးသယောင်အတွေးထဲဝင်လာသည်။သူမကလည်းမှတ်မိသယောင်
မျက်စိအ၀ိုင်းသားနှင့်- '' ကျေး..ကျေးဇူးတင်ပါတယ်..အကို..'' သူမ၏ထစ်နေသော ကျေးဇူးတင်စကားကြောင့်
ပို၍မှတ်မိသွားသည်။ထို့ကြောင့်မြင့်ဝေက-
'' ဟိုတလောက ရပ်ထားတဲ့ကားကိုဝင်တိုက်ပြီး ဆွဲခြင်းတောင်းလွတ်ကျသွားတဲ့တယောက်မို့လား..'' မြင့်ဝေအမေး
ကြောင့်မိန်းကလေးမျက်နှာပေါ်တွင်ရှက်သွေးဖြန်းသွားသည်။ယခုမှသူမ၏အလှကိုပို၍သတိထားမိလာသည်။ဆံပင်
အရှည်ကိုအလယ်ခွဲ၍ကြိုးစည်းထားသည်။အသားကအဖြူချည်းမဟုတ်။မျက်နှာကကလေးငယ်တစ်ယောက်ကဲ့သို့
အပြစ်ကင်းစင်နေသည်။မြင့်ဝေသည်သူမနှင့်ကြုံတွေ့ခဲ့သည်မှာ နှစ်ကြိမ်တိုင်ခဲ့လေပြီ။နှစ်ကြိမ်စလုံးအကူအညီပေး
ခဲ့သည်ချည်းသာ။ပိတောက်ပန်းကိုမြင်တော့နှစ်ကူဆိုသောအသိကြောင့် ရင်ထဲပို၍မြူးကြွလာသည်။အိမ်အပြန်လမ်း
ပေါ့ပါးသွက်လက်၍လန်းစမ်းတက်ကြွနေပါတော့သည်။
၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀
မြင့်ဝေသည်ပါလာသောခေါက်ဆွဲကြော်ထုပ်နှင့်တရားစာအုပ်များကိုမိခင်အားပေးလိုက်သည်။မိခင်ကသူ့အား
ပြုံး၍သာကြည့်နေသည်။ထိုအပြုံးထဲတွင်ပီတိစိတ်ကလေးနှင့်အားရကျေနပ်မှုတို့ပါဝင်နေသည်။မိဘကျေးဇူး
သိတတ်သောသား၊မိဘကိုအမြဲဂရုစိုက်သောသား၊မိဘစကားနားထောင်သောသားဟုရင်ထဲမှချီးမွမ်းခန်းထုတ်
နေသည်။ '' သားဒီနေ့ပြန်လာတာစောတယ်နော်...'' '' ဟုတ်ကဲ့..'' ဟုပြန်ဖြေပြီး ဖြစ်ကြောင်းကုန်စင်ကို မိခင်
အားပြောပြလိုက်လေသည်။မိခင်ကသာဓုသုံးကြိမ်ခေါ်ပြီး ဆုတွေတသီကြီးပေးပြီးနောက်-
'' သားသူငယ်ချင်းတွေတောင် ရောက်လာသေးတယ်..''
'' ဟို..ကျော်မြင့်တို့အုပ်စုလား..'' '' ဟုတ်တယ်..သားရဲ့..။ မိန်းကလေးတယောက်လည်းပါလာတယ်..ဘာရည်ဆို
လားဘာလား..'' '' ရွှေရည်ဖြစ်မှာပါ..အမေရ။ ''
'' အင်း..ဟုတ်တယ်..ဟုတ်တယ်..ချောချောလေးပဲ.အမေ့ကိုတောင်နင်း၊နှိပ်ပေးသွားသေးတယ်..သားနဲ့သိလို့လား
အရင်ကတခါမှမတွေ့ဖူးပါဘူး...'' '' ဟုတ်တယ်..သားတို့အကအဖွဲထဲပါချင်လို့တဲ့ ..သိန်းမြတ်သူရဲ့မိတ်ဆွေလေ..
သားနဲ့မိတ်ဆက်ပေးရအောင်ခေါ်လာတာနေမှာပေါ့...'' '' အေး..အဲဒါသားမရှိလို့..ညကျမှပြန်လာခဲ့မယ်တဲ့..ကလေး
မလေးကရည်ရည်မွန်မွန်လေးပဲ..အမေတော့ သဘောကျသွားပြီ..'' မိခင်ဖြစ်သူပြုံးထေ့ထေ့ပြောလိုက်သည်ကိုမြင့်
ဝေက '' ဟာ..အမေကလည်းလုပ်တော့မယ်..'' ဟုရှက်ကိုးရှက်ကန်းပြောပြီးမိခင်ရှေ့မှ ထွက်ခွာသွားခဲ့သည်။ရင်ထဲ
မှာတော့ထိုရွှေရည်ဆိုသောမိန်းကလေးအား တွေချင်နေမိသည်။
ညသည်မှောင်ခါစမို့တိတ်ဆိတ်မှုမရှိသေးပေ။အိမ်ခြံဝန်းထဲတွင်တယောက်ထဲအတွေးနယ်ချဲ့ရင်းအနားယူနေသည်။
နှစ်ဟောင်းကုန်၍နှစ်သစ်ကူချိန်ရောက်တော့မည်။မြင့်ဝေအဖို့နှစ်သစ်ကူးချိန်တွင်ပျော်ရွှင်ကြည်နူးရခြင်းကိုဘယ်အ
ရာနှင့်မှမလဲနိုင်ပါ။ရိုးရာအမွေနှစ်သစ်ကူးကိုကြိုဆိုရန်အခွင့်အလမ်းရှိနေပြီမို့ ခွင့်ရက်ရှည်အနားယူရန်ဆုံးဖြတ်လိုက်
သည်။ကျော်မြင့်တို့အုပ်စုကတော့ သင်္ကြန်မတိုင်ခင်တပတ်လောက်ကတဲ့ကအနားယူပြီးဖြစ်သည်။အကတိုက်ဖို့နှင့်
အ၀တ်အစားချုပ်ဖို့အတွက်လည်းပြင်ဆင်ရဦးမည်။ရွှေရည်ဆိုသောမိန်းကလေးကိုလည်းမိခင်ဖြစ်သူချီးမွမ်းခန်း
ထုတ်ထားသောကြောင့်စိတ်ဝင်တစားတွေ့ချင်နေမိသည်။ထိုသို့မဟာသင်္ကြန်အတွက်အစီအစဉ်တွေနှင့်သူမအ
ကြောင်းစဉ်းစားနေချိန် ကျော်မြင့်တို့အုပ်စုရောက်ချလာပါသည်။ အုပ်စုထဲသို့ဝေ့၀ဲကြည့်လိုက်မိသည်။သူမကိုမ
တွေ့ရ။ထို့ကြောင့် ရင်ထဲဟာသွားသည်။အစောတလျှင်မေးချင်သော်လည်းနောက်ပြောင်မည်ကိုစိုးသော
ကြောင့်မမေးမိ။သူတို့၏အပြောကိုသာစောင်၍နားစိုက်ထောင်ရန်သာ ဆန္ဒပြင်းပြနေသည်။
'' ကဲ..ဘယ်လိုလဲ..ကိုယ်လူ..အစီအစဉ်စတော့မလား..'' ဇင်မောင်မေးလိုက်သောကြောင့်ကျန်သူနှစ်ဦးက
မြင့်ဝေကိုဂရုတစိုက်ကြည့်လိုက်ကြသည်။
'' အေး အဲဒီအကြောင်းပြောမလို့မင်းတို့ကိုစောင့်နေတာ..မနက်ဖန်ကစပြီးငါအလုပ်နားတော့မယ်..မင်းတို့
လည်းအလုပ်နားထားတယ်ဆိုတော့....'' မြင့်ဝေက အားလုံးသူ့စကားကိုစိတ်ဝင်စားလာစေရန် ခဏရပ်လိုက်
ပြီးနောက်- '' ဒီတော့ နက်ဖန်ကစပြီး အကစတိုက်ကြမယ်..နေ့ခင်းကျရင်ပိတ်စသွားဝယ်ပြီုး အင်္ကျီချုပ်ဖို့စက်
ချုပ်ဆိုင်ကိုသွားကြမယ်..ဘယ်လိုလဲ..အဆင်ပြေတယ်မို့လား..'' မြင့်ဝေကအားလုံးကိုမျက်စိဝေ့ပြီးကြည့်လိုက်
သည်။ '' အေး..အဲဒါကောင်းတယ်..ဒါဆိုရွှေရည်ကိုမနက်ဖန်မနက်ကျမှခေါ်လာတော့မယ်..ဒီညသူကမအား
ဘူးဆိုလို့ မင်းနဲ့မတွေပေးဖြစ်တာ...နေ့ခင်းကလာသေးတယ်..မင်းမရှိဘူး..'' မြင့်ဝေဘာမှပြန်မပြောပဲငြိမ်၍သာ
နားထောင်နေသည်။သူတို့အားလုံးတယောက်တပေါက်ပြောကြဆိုကြရင်း ညကလေးသည်နှစ်သစ်ကိုကြိုဆို
ဖို့အတွက်အားသစ်တွေဝင်လာခဲ့သည်။
၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀
နံနက်မိုးသောက်အလင်းရောက်ချိန် အိမ်ခြံဝန်းထဲရှိမြေကွက်လပ်တွင်အကတိုက်ရန်အတွက်သန့်ရှင်း
ရေးလုပ်နေသည်။နှစ်သစ်ကိုကြိုနိုင်ဖို့အရေး အလိုလိုဖြစ်ပေါ်လာသောဝီရိယကြောင့်လန်းဆန်းတက်ကြွ
နေသည်။ခဏကြာတော့ ကျော်မြင့်တို့အုပ်စုချီတက်လာကြသည်။ဒီတခါတော့ရွှေရည်ဆိုသောမိန်းက
လေးပါလာသည်။မြင့်ဝေသုမကိုကြည့်လိုက်စဉ် မထင်မှတ်ထားသောတိုက်ဆိုင်မှုတခုကဲ့သို့ထူးဆန်း
သွားသည်။အကြောင်းမူ ရွှေရည်ဆိုသောမိန်းကလေးသည် သူနှင့်နှစ်ကြိမ်တိုင်တိုင်တွေ့ဆုံဖူးသောမိန်း
ကလေးဖြစ်နေသည်။ရပ်ထားသောကားကိုဝင်တိုက်ပြီးချော်လဲတုန်းကတကြိမ်၊ပိတောက်ပန်းခူးပေးတုန်း
ကတကြိမ် သူမနှင့်တွေ့ဆုံဖူးသည်။
'' ကဲ..တို့အကအဖွဲ့ထဲပါချင်တယ်ဆိုတဲ့ ရွှေရည်ဆိုတာသူပဲ....'' သိန်းမြတ်သူက မိတ်ဆက်ပေးလိုက်သည်။
သူမက မြင့်ဝေကိုသေသေချာချာကြည့်နေသည်။ထို့နောက်-
'' ဒီအကို့ကို ရွှေရည်သိတယ်..ရွှေရည့်ကိုနှစ်ခါအကူအညီပေးဖူးတယ်...'' အားလုံး၏အကြည့်တို့သည် မြင့်ဝေထံ
သို့စိုက်စိုက်မြိုက်မြိုက်ရောက်လာသည်။ပြီးနောက် သူမထံသို့ မသင်္ကာသောအကြည့်ဖြင့်မေးခွန်းထုတ်နေသ
ယောင် ထင်ဟတ်လာစေပြန်သည်။ထိုစဉ်သိန်းမြတ်သူက တယောက်ချင်းစီ၏နာမည်တွေနှင့်သူမအားမိတ်ဆက်
ပေးလိုက်သည်။အာလုံးနှင့်သူမသိကျွမ်းရင်းနှီးသွားပြီမို့ မြင့်ဝေကသူ၏အစီအစဉ်ကိုထပ်မံပြောကြားရင်းနောက်
ထပ်သူစဉ်းစားထားသည့် ဆန္ဒတခုကိုထုတ်ဖော်ညှိနှိုင်းလိုက်သည်။
'' ကဲ..အားလုံးရဲ့သဘောထားကိုတောင်းခံတဲ့အနေနဲ့ ဒီနှစ်သင်္ကြန်ကို အဖြူစင်ဆုံးလေးဖြစ်အောင်ဖန်တီးတည်
ဆောက်ကြစို့..''မြင့်ဝေသည်သူတောင်းခံချင်သည့်အကြောင်းအရာမတိုင်ခင်အရင်ဆုံး စကားပလ္လင်ခံနေသည်။
ရွှေရည်မပါ။ကျန်သူအားလုံး တယောက်တပေါက်ဖြင့်အသံတွေထွက်လာသည်။ရွှေရည်ကတော့ ''သူဘာပြော
မလဲ '' ဟုလေးလေးနက်နက်ဂရုစိုက်နားထောင်နေသည်။
'' မင်းကလည်းပြောစရာရှိတာပြောစမ်းပါ..စကားတခါပြောဖို့အရေး အင်ထရိုဝင်နေရသေးတယ်..ကဲမြန်မြန်
ပြောစမ်းပါကွာ...'' စသည်အားဖြင့်တောင်းဆိုသံတွေဆူညံသွားချိန် မြင့်ဝေက သူ့စကားကိုပြန်ဆက်သည်။
'' အခုဆိုရင်..ငါတို့အဖွဲထဲကို မိန်းကလေးတယောက်အဖွဲဝင်အဖြစ်ရောက်လာပြီ..နောက်တခုကနှစ်သစ်ကို
ကြိုဆိုဖို့ ငါ့အတွက်အစစအရာရာအဆင်ပြေလာခဲ့တယ်..ငါ့အတွက်အဆင်ပြေတော့ ငါတို့အဖွဲ့အဆင်ပြေတဲ့
သဘောပေါကွာ..ဒါကြောင့် ဒီနှစ်သင်္ကြန်ကိုအသန့်ရှင်းဆုံးဖြစ်အောင်လုပ်ဆောင်ပြီးဆင်နွဲကြမယ်..အရက်နဲ့
ဘီယာမသောက်စားပဲ အလွတ်ပျော်ကြမယ်..ဘယ်လိုလဲ..ငါကတော့မင်းတို့အားလုံးကို သဘောတူစေချင်
တယ်..'' 
'' အား..ကြိုက်သွာပြီ...အရမ်းကောင်းတဲ့အစီအစဉ်ပဲ..ရွှေရည်သဘောတူတယ်ဟေ့...''
ပထမဆုံးသဘောတူသူက ရွှေရည်ပါ။နောက်ပိုင်း တယောက်ကအစအများဖြစ်ပြီးအားလုံးသဘောတူလိုက်
ကြသည်။ထိုအချိန်မှစ၍ရွှေရည်ဆိုသောမိန်းကလေးသည် မြင့်ဝေကိုအထင်ကြီးလေးစားသွားခဲ့သည်။
ယောင်္ကျားပီသပြီးတည်ကြည်လေးနက်သည့်စိတ်၊ကိုယ်ကျင့်တရားနှင့်စာနာသနားတတ်မှု၊ယဉ်ကျေးသိမ်မွှေ့
ပြီးရိုးသားဖြူစင်စွာမိခင်ကိုလုပ်ကျွေးနေသည့်သားလိမ္မာတယောက်အဖြစ် သူမရင်ထဲအလိုလိုအမှတ်တွေပေး
နေမိသည်။သူမ၏စိတ်အစဉ်တွင်အရိပ်တွေထင်လာခဲ့သည်။သင်္ကြန်မတိုင်ခင်အကတိုက်ကြသည့်အချိန်တိုင်း
တွင် သူမရင်တွေခုန်နေမိသည်။သူနှင့်စကားပြောနေရ၊အတူရှိနေကြသောအချိန်တွေကို တမ်းတတတ်လာသည်။
သူ၏အကြည့်တွေကိုလည်းသူမသိနေသည်။သူမအပေါ်စိတ်ဝင်စားနေသည့်အမူအရာသည် သိသာထင်ရှားလွန်း
လှသည်။ဘယ်နေ့ဖွင့်ပြောမည်ကိုစောင့်မျှော်ရင်းဖြင့် သင်္ကြန်ကျပြီးနောက်ဆုံးရက်သို့ ရောက်လာပါတော့သည်။
ထိုနေ့သည်သူတို့အဖွဲ၏သင်္ကြန်အတွက်နောက်ဆုံးအကဖြင့်ဖျော်ဖြေသောနေ့လေးလည်းဖြစ်၊ရွှေရည်နှင့်မြင့်ဝေ
တို့နှစ်ယောက် ချစ်သူဘ၀သို့ရောက်ရှိခဲ့သောနေ့လေးလည်းဖြစ်ပါသည်။
နှစ်ကူးသင်္ကြန်တွင် ရည်းစား၏စွန့်ပစ်ခြင်းခံခဲရသောကြောင့် ငြီးငွေ့စိတ်ပျက်ပြီး သင်္ကြန်ကိုကြိုဆို့ဖို့မေ့နေသည့်
မြင့်ဝေသည် ရိုးရာသင်္ကြန်အပေါ်သစ္စာမဖောက်ပဲ ဆင်နွဲခဲ့သောကြောင့်ကြည်နူးစရာတွေနှင့်အတူရင်ခုန်စရာ
လေးကိုပါထာဝရပိုင်ဆိုင်ခွင့်ရခဲ့သည်။သူ့အတွက်တော့အဖိုးမဖြတ်နိုင်သော ဒီနွေတန်ခူးသည်ရွှေရည်နှင့်အတူ
ရင်ခုန်ကြည်နူးခဲ့ရသောကြောင့် '' ရွှေရည်လူးတဲ့နွေတန်ခူး'' ဟုကမ္ဗည်းတပ်လိုက်ချင်မိပါတော့သည်။
။အာလုံးပဲကိုယ်စိတ်နှစ်ဖြာချမ်းသာနိုင်ကြပါစေ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့