Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 3 April 2012

မိန်းခလေးတို့ အတွက် တသက်တာမှတ်စရာ.

ဆရာကန်ချွန်စာအုပ်မှ အကြောင်းအရာတစ်ခုကို ထုတ်နှုတ်တင်ပြလိုက်ရပါတယ်။ ဂျာနယ်တိုက်တစ်ခုမှပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင်အင်မတန်မိန်းမ ပွေတယ်ရှုပ်တယ်ဟု နာမည်ကြီးသော အဆိုတော်တစ်ယောက်ကို မေးသည်မှာ... မေးသူ......"အကို့ကို ပရိတ်သတ်တစ်ချို့က ပြောနေကြတယ် အိုင်တွေ့တိုင်းခြေဆေးတယ်တဲ့ ဒီစကားနဲ့ပတ်သက်လို့အကိုဘာများ ပြောချင်ပါသလဲ..." အဆိုတော်... "ဟုတ်ကဲ့ ပရိတ်သတ်တွေပြောနေကြတဲ့ အိုင်တွေ့တိုင်းကျနော်က ခြေဆေးတယ်ဆိုတာ မှန်ပါတယ် ဒါပေမဲ့ကျနော်ပြောချင်တာလေး တစ်ခုတော့ရှိပါတယ်။ ကျနော့အနေနဲ့အိုင်တွေ့တိုင်း ခြေဆေးတာမဆန်းပါဘူး ဘာလို့လဲဆိုတော့ ကျနော်ခြေဆေးတာ အိုင်ထဲက ရေပဲလေ သောက်ရေသုံးရေအိုးထဲက ရေမှမဟုတ်ပဲ မိန်းခလေးဆိုတာကိုယ့်ဘ၀ကို တန်ဖိုးရှိတဲ့ရေလိုနေရင်တန်ဖိုးရှိမယ် ကိုယ့်ဘ၀ကို ရေအိုင်ထဲက ရေလို့ နေရင်တန်ဖိုးမဲ့မယ်။ ဒါကို ကောင်းကောင်းသိထားဖို့လိုအပ်ပါတယ် သောက်သုံးရေကို ခြေဆေးတဲ့ယောက်ကျားဆိုတာ ရှားပါတယ် ရှိရင်လဲ အဲဒီယောက်ျားဟာ စိတ်ဓါတ်ညံ့ဖျင်းတဲ့ယောက်ျားပဲဖြစ်လိမ့်မယ် ကျနော်ပြောချင်တာ ဒါပါပဲ ။ ။ . ......ကဲ စာဖတ်သူ အမညီမတို့ ကျနော်တင်ပြတဲ့ အကြောင်းအရာလေးကို သဘောပေါက်ကြမှာပါနော်ကျနော်တို့မြန်မာမိန်းခလေးတွေရဲ့ ရှေးယခင်သမိုင်းကို ကြည့်မယ်ဆိုရင် ကိုယ့်ဘ၀ကို အသက်ထက်မြတ်နိုး တန်ဖိုးထာကြပါတယ်။ ယနေ့ခေတ်မှာတော့ အချို့သောမိန်းခလေးတွေမှာ ကိုယ့်ဘ၀ကို တန်ဖိုးထားမှုတွေနည်းလာကြပါပြီ ဒါကြောင့် ကျနော်ဖတ်ဖူးတဲ့ ဆရာကန်ချွန်ရဲ့ အတွေး လေးကို တင်ပြလိုက်ရခြင်းဖြစ်ပါတယ်......။ အမတို့ညီမတို့လည်း ကိုယ့်ဘ၀ကို အကောင်းဆုံးတည်ဆောက်နိုင်သူတွေ ဖြစ်ကြပါစေ ညီအကိုတို့လဲ မိန်းမသားတို့ဘ၀ကို စာနာနားလည်နိုင်ကြပါစေ....။ ။ ဟာသအတိုလေးဖြစ်ပေမဲ့ မှတ်သားစရာလေးပါ မိန်းကလေးတိုင်းလဲသိသင့်သိထိုက်ပါတယ် မိမိကိုယ်ကိုတန်ဖိုးထားတတ်စေဖို့...ယောကျာ်းလေးတိုင်းလဲလေ့လာသင့်ပါတယ်.

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့