Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 10 April 2012

မှတ်သားစရာလေးတွေပါနော်...။

ပင်လယ်ကြီးဟာ မြစ်ချောင်းအင်းအိုင်တွေက စီးဆင်းဝင်ရောက်လာသမျှ ရေတွေအပေါ် အလိုမပြည့်သလို ၊ မီးပုံကြီး
ဟာ ထည့်လိုက်သမျှ လောင်စာတွေအပေါ် အလိုမပြည့်သလို လောဘဟာလည်း ရစရာအာရုံတွေ ရစရာပစ္စည်းဝတ္တု
တွေအပေါ် ဘယ်တော့မှ အလိုမပြည့်ပါဘူး။


-လုပ်ပိုင်ခွင့်ရှိသလောက် ကိုယ်လုပ်ခဲ့လို့ ရပိုင်ခွင့်ရှိသလောက် ကိုယ်ရခဲ့ပြီးပြီပဲ။ မလုပ်နိုင်တော့တာ၊ မရနိုင်တော့တာကို
ဘာလို့ မျှော်လင့်တမ်းတပြီး စိတ်ညစ်နေရမှာလဲ။


-ရသင့်တာထက်ပိုလိုချင်ရင် ရသင့်တာပါ ဆုံးရှုံးတတ်ပါတယ်။ -ဒေါသ ဆိုတဲ့စကားလုံးကိုယ်တိုင်က အပြစ် လို့
အဓိပ္ပါယ်ထွက်နေတော့ ဒေါသသမားတစ်ယောက်က သူတစ်ပါးအပေါ် အရာရာအပြစ်မြင်တတ်တာဟာ သိပ်တော့
မဆန်းလှပါဘူး။ ဒါပေမယ့် သူတစ်ပါးရဲ့ အမှား ရံခါ အမှန်ကို အပြစ်မြင်၊ အပြစ်တင်မယ်ကြံတိုင်း ငါ့မှာရော အမှားလုံးဝ
မရှိဘူးလားလို့ ဆင်ခြင်နှလုံးသွင်းနိုင်မယ် ဆိုရင်တော့ သူတစ်ပါးရဲ့ လုပ်ရပ်တွေအပေါ် သည်းခံခွင့်လွှတ်နိုင်စွမ်း တိုးပွား
လာမှာ အမှန်ပါပဲ။


-အမှားဆိုတာ မောဟမကုန်သေးတဲ့ လူသားမှန်သမျှမှာ အနည်းနဲ့အများ ရှိတတ်စမြဲပါ။ တစ်ခါတစ်ရံ တမင်ရည်ရွယ်ပြီး
မှားတာရှိသလို တစ်ခါတစ်ရံတော့လည်းလုံးဝ မရည်ရွယ်ဘဲ မတော်တဆ မှားသွားတတ်ပါတယ်။ ဘယ်လိုပဲမှားမှား
မှားတယ် ဆိုမှတော့ မသိလို့မှားတာပါ။ မသိတဲ့သူရဲ့အမှားကို သိတဲ့သူက သည်းခံခွင့်လွှတ်ရပါမယ်။ မသိလို့ မှားတာ
ကို သည်းခံခွင့်လွှတ်နိုင်စွမ်းမရှိဘူးဆိုရင် ကိုယ်လည်း မသိတဲ့သူစာရင်းထဲ ၀င်သွားပါလိမ့်မယ်။ တကယ်တော့ မသိလို့
မှားသူထက် အမှားကို ခွင့်မလွှတ်နိုင်သူက ပိုပြီး မသိရာရောက်ပါတယ်။


-လောကမှာ ကိုယ်ပြုဆိုးပြီး နှုတ်ပြောကောင်းတဲ့သူ၊ ကိုယ်ပြုကောင်းပြီး နှုတ်ပြောဆိုးတဲ့သူ၊ ကိုယ်ပြုနှုတ်ပြောဆိုးပြီး
စိတ်ထားကောင်းတဲ့သူ၊ ကိုယ်ပြုနှုတ်ပြော စိတ်ထားသုံးမျိုးဆိုးတဲ့သူ၊ ကိုယ်ပြုနှုတ်ပြောစိတ်ထား သုံးမျိုးလုံးကောင်း
တဲ့သူရယ်လို့ လူငါးမျိုးရှိပါတယ်။ မှော်ဖုံးနေတဲ့ရေကန်ကို တွေ့ရင် မှော်တွေကို လက်နှစ်ဖက်နဲ့ အသာဖယ်ပြီး
လက်ခုပ်နဲ့ရေကို ယူသောက်ရသလိုပဲ အဆိုးအကောင်းတွဲနေတဲ့ လူတွေကိုတွေ့ရင် အဆိုးကို လျစ်လျူရှုပြီး အကောင်း
ကို နှလုံးသွင်းနိုင်ရပါမယ်။ အဆိုးချည်းပဲထင်ရှားနေတဲ့လူတွေကို တွေ့ရင်ရောဂါပြင်းထန်နေတဲ့ ကူရာမဲ့ ခရီးသွားဖော်
တစ်ယောက်လို့ သဘောထားပြီး သနားကရုဏာစိတ် မွေးမြူနိုင်ရပါမယ်။ အဲဒီလိုဆိုရင် ဘယ်သူ့အပေါ်မှာမှ ဒေါသ
အပြစ် မဖြစ်တော့ဘဲ လူသားအားလုံးအပေါ် မေတ္တာသက်ဝင် ချစ်ခင်နိုင်လာပါလိမ့်မယ်။



ဆရာတော်အရှင်ဆန္ဒာဓိကရဲ့ အနှိုင်းမဲ့ချမ်းသာ စာအုပ်မှ

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့