ကွန်ပျူတာ သည် အချက်အလက် data များကို တွက်ချက်ရန် ညွှန်ကြားချက် အစဉ်များ အတိုင်း အလုပ်လုပ်ပေး
သော စက် ဖြစ်သည်။
ကွန်ပျူတာ နှင့် ဆင်သော စက်ကိရိယာများစွာ ရှိခဲ့သော်လည်း ပထမဆုံး ယခုခေတ် ကွန်ပျူတာ နှင့် တူသော စက်ကို
၂၀ ရာစု နှစ်လယ် (၁၉၄၀ - ၁၉၄၅) တွင် တွေ့ရသည်။ အဦးပိုင်း လျှပ်စစ် ကွန်ပျူတာ များ၏ အရွယ်မှာ အခန်းကြီးကြီး
တစ်ခုနှင့် အပြည့်ရှိပြီး ယခုခေတ် ကွန်ပျူတာများ အလုံးရာပေါင်း များစွာ သုံးသော လျှပ်စစ် စွမ်းအင်ကိုသုံးသည်။
ခေတ်ပေါ် ကွန်ပျူတာများသည် အလွန်သေးငယ်သော အိုင်စီ (integrated circuit) များကို အခြေခံတည်ဆောက်
ထားပြီး နေရာ အနည်းငယ်သာယူ၍ အဆပေါင်း သန်း မှ ကုဋ္ဋေ များစွာအထိ ပိုမိုမြန်သည်။ ယခုခေတ်တွင် ကွန်ပျူ
တာကို လက်ပတ်နာရီ အတွင်းဝင်အောင် လုပ်နိုင်ပြီး လက်ပတ်နာရီ ဓာတ်ခဲ ဖြင့်ပင် အားယူ သုံးစွဲနိုင်သည်။
နေသော်လည်း တကယ်တမ်း အသုံးအများဆုံး ကွန်ပျူတာ ပုံစံမှာ အသေပိတ် ကွန်ပျူတာ
(embedded computer) ဖြစ်သည်။
ညွှန်ကြားချက်များကို သိမ်းဆည်း လုပ်ဆောင် ခြင်းကို ပရိုဂရမ် ဟုခေါ်ပြီး အမျိုးမျိုးလုပ်ဆောင်နိုင်သော ကွန်ပျူတာ
ကို ဂဏန်းတွက်စက် ဖြင့် ခွဲခြားခေါ်သည်။ Church–Turing thesis သည် အမျိုးမျိုးလုပ်ဆောင်နိုင်သည့် သဘော
ကို သင်္ချာ နည်းဖြင့် ဖော်ပြပြီး ကွန်ပျူတာ တစ်ခုတွင် အနည်းဆုံး အရည်အချင်းမှာ အခြား ကွန်ပျူတာ တစ်ခု လုပ်
ဆောင်နိုင်သည့် အတိုင်း လုပ်ဆောင်နိုင်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ကွန်ပျူတာ တစ်ခု၏ လုပ်ဆောင်နိုင်သော
အရည်အချင်းမှာ ရှုပ်ထွေးသော စူပါ ကွန်ပျူတာ မှ ပီဒီအေ (personal digital assistant) အထိ ကွဲပြားသော်လည်း
လုံလောက်သော အချိန်နှင့် သိုလှောင်နိုင်မှု ပေးလျှင် အတူတူ ပင် လုပ်ဆောင်နိုင်သည်။
Contents[ide] |
ကွန်ပျူတာ သမိုင်း
ရှေးယခင်က ကွန်ပျူတာ ကို သတ်မှတ်ဖို့ ရန်အလွန်တရာမှခက်ခဲ ခဲ့ သည်။ယခုအချိန်တွင်မူကွန်ပျူတာကို အမည်
အမျိုးမျိုး ခေါ်ဝေါ်သတ်မှတ်ခဲ့ကြပြီဖြစ်သည်။ ယခုအချိန်တွင်မူကိရိယာများ (Devices) တော်တော်များများကို
ကွန်ပျူတာ တပ်ပြီးခေါ်နေကြပြီဖြစ်သည်။အစောဆုံး ကွန်ပျူတာ သည် တွက်ချက်မှုပိုင်းကို ပေသီး(Abacus)များမှ
စခဲ့သည်။ ပေသီး(Abacus)သည် ပထမဆုံးဂဏန်းပေါင်းစက် ပင်ဖြစ်သည်။ ပေသီးကို တရုတ်ပြည်တွင်
စတင်အသုံးပြုခဲ့သည်။
အလယ်ခေတ်အရောက်တွင် ဥရောပ သချာင်္ နှင့် အင်ဂျင်နီယာ ပညာရှင် Wilhelm Schickard က ၁၆၂၃ခုနှစ် တွင်
ပထမဆုံး စက်ပစ္စည်းနှင့်တွက်ချက်သောဂဏန်းပေါင်းစက်(Calculators) တစ်ခုကို တည်ဆောက်ခဲ့သည်။ သို့သော်
လည်းယခုခေတ်တွင် ၎င်း ကိရိယာDevice ကို ကွန်ပျူတာ လို့ခေါ်ဆို၍ မရတော့ပေ။အဘယ်ကြောင့်ဆို သော်၎င်း
ကိရိယာသည် Programmed ပါဝင်ခြင်းမရှိသောကြောင့်ဖြစ်သည်။ ၁၈၀၁ ခုနှစ် တွင် Joseph Marie Jacquard
သည် Textile ယက်ကန်းစက်ကို အခြေခံပြီး Punched Paper Cards Series ကို အသုံးပြုပြီး သူ့၏ ယက်ကန်း
စက်ကို အလိုအလျှောက် အလုပ်လုပ်စေခဲ့သည်။ Jacquard ၏ ယက်ကန်းစက်မှ ရလဒ်သည် ကွန်ပျူတာ ဖြစ်ပေါ်
တိုးတက်လာစေဖို့ရန် အကြောင်းရင်း တစ်ရပ်ဖြစ်သည်။ ၁၈၃၇ ခုနှစ် တွင် Charles Babbage သည်
Programmable Mechanical Computer ကို စတင် Design ရေးဆွဲခဲ့သည်။ Analytical Engine ဟုအမည်ပေးခဲ့
သည်။ ၁၈၉၀ ခုနှစ် အရောက် တွင်US Census က Punched Card အတွက် ကြီးမားသော Scale Automated
Data Processing စွမ်းဆောင်ရည်ရှိအောင် Tabulating Machines ကို Herman Hollerith က Designed ရေး
ဆွဲခဲ့သည်။ Computing Tabulating Recording Corporation ( ယခုအခါ IBM ဖြစ်လာသည် ) က ထုတ်လုပ်ခဲ့
ပါသည်။ ၁၉ ရာစု အကုန်အရောက် တွင်ကွန်ပျူတာ တွေဟာ အသုံးဝင်သောအရာတစ်ခုဖြစ်လာခဲ့သည်။
ကွန်ပျူတာ သည် လူတို့ အတွက်လိုအပ်နေပြီဆိုတာက သက်သေပြလိုက်ပြီးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်
ပေါ်ပေါက်ခဲ့သောကြောင့်ဖြစ်သည်။၂၀ ရာစု အတောအတွင်းတွင် သိပ္ပံပညာသည် များစွာတိုးတက်မှုရှိလာခဲ့ပြီး
Analog Computer များလည်း တိုးတက်ပေါ်ပေါက်ခဲ့သည်။ သို့သော်လည်း၎င်း ကွန်ပျူတာများသည်
Programmable မဖြစ်သည့်အပြင် အခုခေတ် Digital ကွန်ပျူတာ များ၏ တိကျသော စွမ်းဆောင်ရည် များလည်း
ပါဝင်ခြင်းမရှိသေးပေ။
အမည် | ပဋ္ဌမဆုံး အသုံးပြုခြင်း | ဂဏန်း စနစ် | တွက်ချက်ပုံ စက် | ပရိုဂရမ် | Turing complete |
---|---|---|---|---|---|
Zuse Z3 (ဂျာမဏီ) | May 1941 | Binary | Electro-mechanical | Program-controlled by punched film stock | Yes (1998) |
Atanasoff–Berry Computer (US) | Summer 1941 | Binary | Electronic | Not programmable—single purpose | No |
Colossus (UK) | January 1944 | Binary | Electronic | Program-controlled by patch cables and switches | No |
Harvard Mark I – IBM ASCC (US) | 1944 | Decimal | Electro-mechanical | Program-controlled by 24-channel punched paper tape (but no conditional branch) | No |
ENIAC (US) | November 1945 | Decimal | Electronic | Program-controlled by patch cables and switches | Yes |
Manchester Small-Scale Experimental Machine (UK) | June 1948 | Binary | Electronic | Stored-program in Williams cathode ray tube memory | Yes |
Modified ENIAC (US) | September 1948 | Decimal | Electronic | Program-controlled by patch cables and switches plus a primitive read-only stored programming mechanism using the Function Tables as program ROM | Yes |
EDSAC (UK) | May 1949 | Binary | Electronic | Stored-program in mercury delay line memory | Yes |
Manchester Mark I (UK) | October 1949 | Binary | Electronic | Stored-program in Williams cathode ray tube memory and magnetic drum memory | Yes |
CSIRAC (Australia) | November 1949 | Binary | Electronic | Stored-program in mercury delay line memory | Yes |
ကွန်ပျူတာ အလုပ်လုပ်ပုံ
ယေဘုယျသုံး ကွန်ပျူတာ တွင် အဓိက လေးမျိုးမှာ ဂဏန်း သင်္ချာ နှင့် လော့ဂျစ် အစိတ်အပိုင်း
(arithmetic and logic unit)၊ ထိန်းချူပ် အစိတ်အပိုင်း (control unit)၊ မှတ်ဥာဏ်(Memory Device) နှင့် အသွင်း
အထုတ် ကိရိယာ (I/O) များတို့ ဖြစ်သည်။ ၄င်း အစိတ်အပိုင်း တို့ကို ဝါယာကြိုးများ အတွဲလိုက်ဖြစ်သော
ဘတ်စ် များ ဖြင့် တွယ်ချိတ်ထားသည်။
[ပြင်ဆင်ရန်] ထိန်းချူပ် ဌာန
ဗဟိုထိန်းချူပ် ဌာန (control unit, often called a control system or CPU) သို့မဟုတ် စီပီယူ သည် ကွန်ပျူတာ
၏ အစိတ်အပိုင်း မျိုးစုံကို လမ်းဆောင်သည်။ ၄င်းသည် ပရိုဂရမ် ၏ ညွှန်ကြားချက်များကို တစ်ကြောင်းခြင်း ဖတ်ရှူ
ပြီး အဓိပ္ပါယ် ပြန်သည်။ ထိန်းချူပ် ဌာနသည် အဆင့်မြင့်သော ကွန်ပျူတာများတွင် ၄င်းညွှန်ကြားချက် အစဉ်များကို
မြန်ဆန်စေရန်အတွက် ခုန်ကျော် ဖတ်ရှူ ခြင်း လုပ်လေ့ရှိသည်။
ထိန်းချူပ် ဌာန ၏ အဓိက မှာ ပရိုဂရမ် ကောင်တာ၊ နောက် ညွှန်းကြားချက် ကို ဘယ်နေရာမှ ဖက်ရှူမည် ကို မှတ်
သားထားသော အထူး သိုလှောင်ရာ ရာဂျစ်စတာ တို့ဖြစ်သည်။
ထိန်းချူပ် ဌာန၏ အလုပ်များမှာ နောက် စီပီယူများတွင် ကွာခြားနိုင်သော်လည်း အခြေခံမှာ အောက်ပါအတိုင်းဖြစ်သည်။
- ပရိုဂရမ် ကောင်တာ ညွှန်ပြသော အခန်းမှ လာမည့် ညွှန်ကြားချက် (instruction) ကုဒ်ကို ဖက်ပါ။
၎င်းညွှန်ကြားချက် ကုဒ်ကို အဓိပ္ပါယ် ပြန်ပြီး အမိန့်ပေးချက် (command) များ သို့မဟုတ် အခြားစက်များ၏ အဝင်
လှိုင်း (signal) များ အဖြစ် လုပ်ဆောင်ပါ။
- ညွှန်ကြားချက် အသစ်ရေးရန် ပရိုဂရမ် ကောင်တာကို တစ်ခုမြင့်ပါ။
- ညွှန်ကြားချက် ပါလျှင် မှတ်ဥာဏ်(Memory Device) အခန်းများမှ အချက်အလက်များကို ဖက်ပါ။
များသောအားဖြင့် ၄င်းဖက်ရှူရမည့် အခန်းနံပါတ်ကို ညွှန်ကြားချက် ကုဒ် ထည်မှာပင် သိမ်းဆီးလေ့ရှိသည်။
- ညွှန်ကြားချက် သည် အေအယ်လ်ယူ သို့မဟုတ် အထူးစက်များမှ လုပ်ဆောင်ချက်များ လိုအပ်လျှင် ၄င်းစက်
အား မောင်းနှင်ပါ။
- အေအယ်လ်ယူမှ အဖြေကို မှတ်ဥာဏ်(Memory Device)တွင်းသို့ ပြန်လည်သိမ်းဆည်းပါ သို့မဟုတ်
ပရင့်တာ ကဲ့သို့ ပုံနှိပ်စက် များတွင် ထုတ်ပါ။
- အစ အဆင့် (၁) သို့ ပြန်သွားပါ။
ဂဏန်း သင်္ချာ နှင့် လော့ဂျစ် ဌာန
ဂဏန်း သင်္ချာ နှင့် လော့ဂျစ် အစိတ်အပိုင်း (Arithmetic and logic unit, ALU) ခေါ် အေယ်လ်ယူ သည် ဂဏန်း
သင်္ချာ နှင့် လော့ဂျစ် ဆောင်ရွက်မှု အပိုင်း နှစ်ခု ကိုလုပ်ဆောင်သည်။
တြီဂိုနိုမေတြီ ဖန်ရှင်များ နှင့် square root တို့ လုပ်ဆောင်သည်။ အချိုသော လုပ်ဆောင်မှု များမှာ ကိန်းပြည့်များ
(real number) များအထိ လုပ်ဆောင်နိုင်သည်။ သို့သော်၊ မည်သည့် ကွန်ပျူတာမဆို မည်မျှပင် ခက်ခဲသော
အလုပ်ဖြစ်ပါစေ တစ်ဆင့်ခြင်း လွယ်ကူသော အဆင့်များအဖြစ် ပြောင်းလည်းစေခြင်းဖြင့် စွမ်းဆောင်နိုင်သည်။
ထို့ကြောင့် မည်သည့် ကွန်ပျူတာမဆို ဘယ်လို ဂဏန်းသင်္ချာပြဿနာမဆို ဖြေရှင်းနိုင်ပြီး ၄င်း၏ အေယ်လ်ယူ က
တိုက်ရိုက် ဖြေရှင်၍မရပါက သွယ်ဝိုက်သော်နည်းဖြင့် ဖြေရှင်းနိုင်သည်။
အေယ်လ်ယူသည် ဂဏန်းများကို နှိုင်းရှင်ပြီး အဖြေကို လော့ဂျစ်များဖြစ်သည့် မှားမှန် တန်ဖိုး အဖြစ်လည်း အဖြေ
စဉ်းစား စဉ်ချင်မှုများ နှင့် လော့ဂျစ် လုပ်ဆောင်မှုများ အတွက် အသုံးဝင်သည်။
စူပါ ကွန်ပျူတာများသည် အေယ်လ်ယူ များစွာပါပြီး တစ်ပြိုင်နက်တည်း များစွာသော ညွှန်ကြားချက်များကို
လုပ်ဆောင်နိုင်သည်။ ကွန်ပျူတာတွင် SIMD နှင့် MIMD များပါလျှင် ဂျီပီယူ ခေါ် ရုပ်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုများ
မှတ်ဥာဏ်(Memory Device)
ကွန်ပျူတာ မှတ်ဥာဏ် တစ်ခုကို ဂဏန်းများ ပို့သွင်း သို့မဟုတ် ဖတ်ရှူနိုင်သည် အခန်းငယ် အတန်းများ အဖြစ် မြင်
နိုင်သည်။ အခန်းတိုင်းတွင် လိပ်စာ (address) တစ်ခု ရှိပြီး ဂဏန်းတစ်လုံးသာ မှတ်ယူနိုင်သည်။ ကွန်ပျူတာကို
အခန်းနံပါတ် ၁၃၅၇ တွင် ဂဏန်း ၁၂၃ ရေးပါဟု၎င်း၊ အခန်းနံပါတ် ၁၃၅၇ မှဂဏန်းကို အခန်းနံပါတ် ၂၄၅၆ မှ
ဂဏန်း ဖြင့်ပေါင်း၍ အခန်းနံပါတ် ၁၅၉၅ သို့ ရေးပါဟု၎င်း ညှန်းကြားနိုင်သည်။ ၄င်းဂဏန်းမှာ လက်တွေ့အားဖြင့်
မည်သည့်ကိုမဆှိုရည်ညွှန်းနိုင်သည်။ ဂဏန်းနံပါတ်များသာမက ကွန်ပျူတာ ညွှန်ကြားချက် များပင် ဂဏန်း အဖြစ်
အလွယ်တစ်ကူ မှတ်ယူနိုင်သည်။ စီပီယူ အနေဖြင့် ၄င်းဂဏန်းမှာ မည်သည့် အကြောင်းဖြစ်သည်ဟု မခွဲခြားသော
ကြောင့် ပရိုဂရမ်ရေးသူ အနေဖြင့် မှတ်ဥာဏ် ကို ဂဏန်းအဖြစ်ထားပြီး စွယ်စုံ သုံးနိုင်သည်။
အစုအဖြစ် ထားရှိသိမ်းပေးသည်။ ဘိုက် တစ်ခုသည် ၀မှ ၂၅၅ အထိ၎င်း သို့မဟုတ် -၁၂၈ မှ +၁၂၇ အထိ၎င်း
၂၅၆ မျိုး မှတ်ယူနိုင်သည်။ ပို၍ကြီးသော ဂဏန်းများ ကိုမှတ်ယူရန် နောက် ဘိုက် တစ်ခု ထပ်ယူနိုင်သည်။ များ
သောအားဖြင့် ၂ ခု၊ ၄ ခု သို့မဟုတ် ၈ ခု တို့ဖြစ်ကြသည်။ အနူတ် ဂဏန်းများကို မှတ်ယူရန် Two's complement
သင်္ကေတ ကို အသုံးပြုရန်လိုအပ်သည်။ ကွန်ပျုတာ တစ်ခုသည် မည်သည့် အကြောင်းအရာမဆို ကိန်း ဖြစ်သာ
ဖေါ်ပြ၍ရပါက သိမ်းပေးထားနိုင်သည်။ ခတ်ပေါ် ကွန်ပျုတာများသည် မီမိုရီ ဘိုက်ပေါင်း ဘီလီရမ် သို့မဟုတ်
ထရီလီရမ် အထိပင် ရှိကြသည်။
CPUတွင် အထူးပြုလုပ်ထားသော ပင်မ မီမိုရီထက် များစွာ လျှင်မြန်စွာ ရေးဖတ်နိုင်သော ရီဂျစ်စတာ မီမိုရီ ပါရှိသည်။
များသောအားဖြင့် စီပီယူ အမျိုးအစားပေါ် မှုတည်၍ ရီဂျစ်စတာ မီမိုရီပေါင်း တစ်ရာမှ နှစ်ရာ အထိ ပါရှိသည်။
ရီဂျစ်စတာ မီမိုရီကို မကြာခဏ အသုံးပြုသော ဒေတာ များကို ပင်မ မီမိုရီ သုံးရန်မလိုပဲ ဖတ်ရှုရန် သုံးသည်။
ကွန်ပျုတာ memory တွင် အဓိက နှစ်မျိုးတို့မှာ random access memory ခေါ် RAM နှင့် read-only memory
ခေါ် ROM တို့ ဖြစ်ကြသည်။ RAM ကို စီပီယူ အနေဖြင့် လိုအပ်သလို ရေးနိုင်ဖတ်နိုင်သော်လည်း ROM သည် အပြီး
ရေးသွင်းထားပြီး စီပီယူ အနေဖြင့် မရေးသားနိုင်ပဲ ဖတ်ရုံသာ ဖတ်နိုင်သည်။ များသောအားဖြင့် RAM ရှိ မှတ်သား
ထားသည်များကို ကွန်ပျုတာပိတ်သည်နှင့် ပျက်သွားသည်။ ROM ရှိ မှတ်သားထားသည်များမှာ ဆက်လက်ကျန်ရှိ
ပေါ်သို့ တင်ရန် ကွန်ပျုတာ ဖွံ့တိုင်း သုံးသည်။
အသွင်း အထုတ် ကိရိယာများ
I/O ခေါ် အသွင်း အထုတ် ကိရိယာများ သည် ပြင်ပ အရာများနှင့် ကွန်ပျူတာ တို့ သတင်း အချက်အလက် အပြန်
အလှန် သယ်ယူရာ အစိတ်အပိုင်း ဖြစ်သည်။ ကွန်ပျူတာ၏ အသွင်း အထုတ် ပြုရာ ကိရိယာ ကို peripheral ဟု
အခြား အကြောင်းအရာများ
အမာထည်များ
Computer ရဲ့ထိတွေ့ကိုင်တွယ်နိုင်သော အစိတ်အပိုင်းများသည် Computer Hardware များဖြစ်သည်။ သို့မဟုတ်
လျှပ်စစ်ပတ်လမ်းတွေကို အနုစိတ် ဖန်တီးပြီးတော့ Micro Chip Integrated Circuit တွေအဖြစ် ပေါင်းစပ်ဖွဲ့စည်း
အလုပ်လုပ်စေတဲ့ (I/O Device) တွေကို Hardware ဟုခေါ်ဆိုသည်။
အပျော့ထည်များ
Computer Hardware များကိုအလုပ် ခိုင်းစေနိုင်ရန်အတွက် စီစဉ်ဖန်တီးထားသော ညွှန်ကြားချက်များ
(Instructions) အမိန့်များ (Commands) သည် Computer Software များဖြစ်ကြသည်။ ဥပမာတစ်ခုပြရလျှင်
စီဒီချပ်သည် အမာထည်(Hardware) ဖြစ်ပြီး၊ ယင်းစီဒီထဲရှိ သီချင်းများ၊ ရုပ်ရှင်များသည် အပျော့ထည်
(Software) များဖြစ်ကြသည်။
Firmware
Firmware သည် ပထမဦးစွာ Hardware များကို သက်ဝင်လှုပ်ရှားစေပြီး Software များကအလုပ်စေခိုင်းစေ
နိုင်ရန် ကြားခံ ဆောင်ရွက်ပေးသော ညွှန်ကြားချက်များ (Instructions) ဖြစ်သည်။ Firmware သည် Hardware
နှင့် Software ကြားမှ Interface တစ်ခုဖြစ်သည်။
How computers work
အခြေခံအားဖြင့် ကွန်ပျူတာမှာ the arithmetic and logic unit (ALU), the control unit, the memory, and
the input and output devices (collectively termed I/O) ဆိုပြီး အပိုင်းလေးပိုင်း ပါဝင်ပါတယ်။အဲဒီ အပိုင်းများ
ကိုတော့ wire များကိုစုစည်းပြီးပြုလုပ်ထားတဲ့ Buses များနဲ့ဆက်သွယ်ထားပါတယ်။
[hide] |
|
---|---|
Input devices |
Keyboard · Pointing device ( Light pen · Mouse · Touchpad · Touchscreen) · Microphone · scanner · Webcam
|
Output devices | |
Removable data storage | |
Computer case | |
Data ports |
No comments:
Post a Comment