ငါရေးတဲ့ ကဗျာနဲ့ ငါ့ပြန်သတ်လိုက်တဲ့ လက်တစ်စုံ...
ငါပေးတဲ့အားနဲ့ ငါ့ကိုအလဲထိုးတဲ့ လက်တစ်စုံ...
ငါပျိုးတဲ့ပန်းက ငါ့ကိုမူးလဲစေတဲ့ ပန်းတစ်ပွင့်...
ငါထားတဲ့စေတနာနဲ့ ငါ့ကိုမှားစေခဲ့တဲ့ လမ်း....
ငါသွေးသားကို ငါစတေးခဲ့တဲ့ ချစ်ခြင်း...
သွားစမ်းပါ...။
ဘာတွေလည်း...ဘယ်လိုယုံကြည်စွာနဲ့
အဲဒီကောင်းကင်ထဲ ပျံသန်းရမလဲ..
အော့နှလုံးချလိုက်တယ်....
ငါ့ကောင်းကင်ကို ငါမုန်းတယ်...
ငါ့အိမ်မက်ကိုငါ စုတ်ဖြဲတယ်...
စိတ်ထားဖြူစင်ခြင်းကို ငါမုန်းတယ်...။
အိုးအို....
မြင်ရကြားရပြောရရင်...
လူသားတွေရဲ့ ဟန်ဆောင်တတ်တတ်
အတွင်းလောက်ပိုးစား စိတ်ဓာတ်တွေ
ယိုယွမ်းနေတဲ့ အကျင့်တရားတွေ
မုသားစကားလုံးတွေ အလှဆင်..
ဘဝအမြင်နဲ့ပြောရရင်..
ဒါလူ့သဘော...သူတို့မနောအကြောင်း...
ပြောနေလည်းအပိုပါပဲ...။
တစ်ခါ အမြင်လွှဲမူ့...
နှစ်ခါတိုက်ဆိုင်မူ့...
သုံးခါ လိမ်လည်မူ့...
ဟန်ဆောင်အပြုတွေ သိလည်း..
မသိသလိုပဲငါတို့နေလိုက်ကြစို့...
ထားလိုက်ပါ..ဒါငါ လူအ လို့ပဲ...။
နောက်ဆုံးတော့လည်း..
ဘယ်မှာလည်း...ငါ့ရဲ့ဖြူစင်ခြင်းဆိုတာ..
တကယ် ငါတန်ဖိုးထားတတ်လာတော့မှ..
ငါ့စိတ်က အရောင်တွေဆိုးခဲ့ပြီ.....။
တချိန်က ငါ့ဖြူစင်မူ့ကို ပြန်ပေးပါ...
တစ်ချိန်က ငါ့ရဲ့ ရိုးသားမူ့ကို ပြန်ပေးပါ...
တစ်ချိန်က မိုက်မဲမူ့တွက် ငါ့အသွေးသားတစ်ခုရဲ့
ရူးသွပ်မူ့ကို စင်ကြယ်စေဖို့..ပြန်ပေးပါ..။
ငါ့ကဗျာ ငါပြန်ရေးမယ်..
ငါ့ဘဝ ငါအပြန်အသက်သွင်းမယ်...
ငါ့လမ်းငါလျှောက်မယ်...။
သူခိုးဓားရိုးကမ်း..
နောက်ကျောဓားနဲ့ထိုးတဲ့လက်ကိုဆွဲ..
ကမ္ဘာကြီးထဲတော့ စိတ်ချလက်ချငါမပျော်ရဲတော့ဘူး။
မအံသြလိုက်နဲ့ ...
ဒါ ကျူပ်ရလိုက်တဲ့ ဘဝထဲက
အမှန်တရားတွေဆိုတာ...။
No comments:
Post a Comment