Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 11 April 2012

သက်တန့်ဖြာသော မိုးသည်းညနေ

* အဲသည်နေ့က

တိမ်တွေ အလိပ်အလိပ်


ကြက်ဥဆီရောင်ဝင်းဝင်းပ


ဆည်းဆာရောင် တောက်ပပနဲ့


မည်းမည်းစက်ဝန်းငယ် တစ်ခုနိမ့်ဆင်း


မိုးဖြူဖြူ တွေပြိုကျ…..။


* ဆန့်ကျင်ဖက်မှာတော့ ရောင်စဉ်တွေဖြာရင်း


ပုစဉ်းရေသောက်ဆင်းသတဲ့။




* အားတဲ့အချိန် ဖြုန်းနေတဲ့ကျွန်တော်တို့တွေ


မိုးသည်းသည်းမှာ ပုန်းစရာရှာကြ


သဘာဝရဲ့ အလှအပတွေကြား


ပျော်ပဲ ပျော်ရမလိုလို


မိုးသည်းသည်းကြား


ရွှဲရွှဲစိုလို့ အော်ပဲအော်ပစ်လိုက်ချင်သလိုလို…။




* မိတ်ဆွေ


မိုးလည်းရွာ နေလည်းပူတဲ့


အူတူတူအချိန်မှာ ခင်ဗျားသာဆို ဘာလုပ်မိမလဲ။






* ရွှဲချင်ရွှဲ ဆိုပြီး ကဲချင်ကဲမိမှ ကွက်ကြားမိုးဖြစ်နေလို့

* ကျွန်တော် အရှက်ရခဲ့ဖူးတယ်။



* မိုးတွေခိုရင်း နေလည်းညိုတော့

* အမေ့အဆူ ခံရခဲ့ဖူးတယ်။



* သဘာဝအလှကို ငေးနေရင်း

* တကယ့်အလှကို မေ့နေမိလို့
* ချစ်သူ့အငြူအစူ ခံရဖူးတယ်။



* နေပူမိုးရွာ သူခိုးလာလို့

* တူပြိုင်အော်ရင်း ပျော်ခဲ့ဖူးတယ်။



* ဆန့်ကျင်ဖက် ရောင်စဉ်တွေဖြာဆင်း


သက်တန့်တွေနဲ့ လင်းတဲ့


မိုးသည်းတဲ့ညနေမှာ


ခင်ဗျား ရော ဘာလုပ်မိမလဲ။


ကျွန်တော်ရော ဘာလုပ်မိမယ်ထင်ပါသလဲ။




* မိုးမှုန်တွေဖွဲဖွဲအောက်မှာ


ရောင်စဉ်တွေရဲ့ သရုပ်ကိုခွဲလို့


တိမ်စိုင်တွေရဲ့ အလှကို


စိတ်နဲ့ပန်းချီ ရေးခြယ်နေမိ ပါတယ်။


မိုးသည်းသည်းက ရွှဲရွှဲစိုလို့ပေါ့။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့