မြတ်နိုးမိသူ
ကြင်နာသူနှင့်
လျှောက်ဖူးသည့်လမ်း
ရောက်ဖူးသည့်နန်း
နွေပင်ငှာန်းထက်
ပိတောက်ခက်ဝေ
ပန်းတွေကြွေသည့်
ထိုသစ်ပင်အောက်
နောက်တစ်ခေါက်လှည့်
သခင်မေ့ပြီ......။
သင်္ကြန်ရေအေး
ရင်၌အေးလေ
ချစ်သူခြွေသည့်
နှလုံးသားက
စဉ်အေးမြဟု
ထင်မိမှားသော်
နွေသည် ပူလွန်း
လွမ်းတိမ်ထွန်း၏ ။
ပိတောက်ပန်းဝေ
သည်ခါနွေတွင်
တစ်ခါပျော်ဖူး
အတာဦးဝယ်
ချစ်သူနှင့်ကြင်
ထုဖြစ်အင်ကို
ရင်၌အောက်မေ့
ပြန်တွေ့ နိုးမျှော်
ရော်ရည်လွမ်းသော်
သောကမျက်ရည်
ကြွေကျပင်အောက်
ပိတောက်ကောက်သူ
ပန်းကောက်သူလည်း
ကျွန်လျှင် မမြင်မိပါတကား......။
No comments:
Post a Comment