Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 10 April 2012

ငွေတံငါနှင့် " ဖက်ရှင်ကျွန်း"




ငွေတံငါနှင့် " ဖက်ရှင်ကျွန်း"


"ဘ၀" ကျန်းမာရေးအတွက် လိုအပ်တဲ့ဆေးက
ငွေဆိုတဲ့ သတ္တ၀ါမှန်းငါသိလိုက်တော့ ....
ငါ့ရဲ့ ပိုင်ဆိုင်မှု တစ်ချို့ ဟာ
လှေတစ်ဆင်း အဖြစ်သို့ဘ၀ပြောင်းခဲ့တယ်...
မျှော်လင့်ချက်များစွာနဲ့ လှေပေါ်တက်
ပင်လယ်ပြင်ဆီ ထွက်ခဲ့တာပေါ့....
ရှာခဲ့တယ်.........
ဖွေခဲ့တယ်...............
မပွေခဲ့ပါဘူး....................
ရုန်းကန်နေတုန်းမှာပဲ
ဝုန်းခနဲ ၀င်ရောက်တိုက်ခတ်ခဲ့တဲ့
ကံကြမ္မာလှိုင်းလုံး က
စာနာခြင်း ကင်းမဲ့စွာနဲ့ ......
တလိမ့်လိမ့်နဲ့ ပြောက်ဆုံး
ငါ့လှေငယ် ငါ့ကိုစွန့်ခွာသွားခဲ့......
သြော်.....
ငါလို တံငါ ဒီပင်လယ်မှာ
မြောက်များစွာရှိနေဆဲမို့
အားမန်ကိုတင်း
ကျွန်းတစ်နေရာမှာခိုနားဖို့ 
နေ့ မစေ့ လမစေ့
မျှော်လင့်ချက်လေး မွေးဖွားခဲ့တာပေါ့....
အနာဂါတ်အတွက် မျှော်ကိုးပြီး
ကြိုးစားနေတုန်းမှာဘဲ
ကြမ္မာဆိုးက လန့် လန့် နိုးတော့
ဝါသနာဆိုးကဖောက်ပြန်လာတယ်.....

ညမရှိတဲ့ အရသာနဲ့
တားမြစ်ထားတဲ့ အရာက
ဖြောက်မရတဲ့ "ဇ" ကို
လက်ခမောင်းလာလာခတ်တော့
သက္ကရာဇ်ပေါင်းများစွာ ခွဲခွာနေရတဲ့ ချစ်သူလိုမျိုး
အချိန်တိုင်း နမ်းရှိုက်ချင်တော့တာပေါ့ .....

ရောက်နေတဲ့ကျွန်းရဲ့ ဖက်ရှင်အလှက
ငါ့ကိုမြှူဆွယ်တယ်
မလှပတဲ့ ဘ၀ကို ဖြတ်ကျော်ရတာထက်
လျှောက်လှမ်းနေတဲ့ ခြေလှမ်းတွေက
တိမ်လွှာမျဉ်းကွေးလေတွေကြားမှာ....
ဒီလိုနဲ့ 
မုဆိုးနားနည်းတော့လည်း
ငါမုဆိုးကြီးလုံးလုံးဖြစ်နေခဲ့ပြီလား
မဟုတ်သေးဘူး မဟုတ်သေးဘူး
ငါ့လက်မောင်းသွေးပြန်ဖောက်ကြည့်တော့
ငါ့ရောင်နီက ငါပဲဖြစ်နေပြန်ရော....
ငါ့သွေးကငါ့ကို စကားပြန်ပြောနေတယ်
အဲ့ဒါငါ့ရဲ့ သွေးအစစ်ပဲ
ငါ့သွေးကိုငါပြန်ရှာတွေ့ ပြီ
ငါ့သွေးလို.......
.........................
တံငါသည် တံငါ
မုတ်ဆိုးသည် မုတ်ဆိုး
ငါသည်လဲ ငါပင်ဖြစ်သည် ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့