Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 27 May 2012

ဒီလိုမျိုးဖြစ်သင့်သလား.........................

အမှတ်(၁) လျှပ်စစ်ဝန်ကြီးဦးဇော်မင်းနှင့် သမ္မတအကြံပေး ဦးကိုကိုလှိုင်တို့ ဖြေရှင်...းပါရန်..
http://www.demowaiyan.org/2012/05/blog-post_26.html
လျှပ်စစ်မီးထိန်ထိန်လင်းနေတဲ့ ပြည်ပနိုင်ငံတခုမှ မြင်ကွင်းမဟုတ်ပါ...။ တရုတ်CNICO ကုမ္ပဏီရဲ့ တကောင်းတောင် နီကယ်စီမံကိန်းမှ စက်ရုံနဲ့ ကွန်ဗေယာလိုင်း မြင်ကွင်းပါ...။ ရွှေလီ(၁) စီမံကိန်းမှ လျှပ်စစ်ဓာတ်အားတွေ ပေးပို့ရာမှာ မြန်မာ၊ တရုတ်ယူနန်နဲ့ တကောင်းတောင် စီမံကိန်းပါဝင်ပါတယ်..။

ဒီစက်ရုံအတွက် ဓာတ်အားတွေ မည်၍ မည်မျှ အသုံးပြုနေပါလဲ..။ ဒီလိုတောကြီး မျက်မည်းထဲမှာ မီးတွေထိန်ထိန်ညီးအောင် ထွန်းညှိထားတာ မည်သည့်အတွက်ကြောင့်ပါလဲ၊ ညဘက်လုပ်ငန်းခွင်လို့ ဖြေမယ်ဆိုရင်တော့ မီးချွေတာတဲ့ အနေနဲ့ နေ့ဘက်မှာ လုပ်ငန်းခွင် ဝင်လို့ မရပေဘူးလား။ ညဘက်မှ လုပ်ငန်းခွင် လုပ်ပါတယ် ဆိုရင်လည်း ရိုးသားမှုရှိပါရဲ့လား၊ လုံခြုံရေး အကြောင်းပြချက်လို့ ပြောရအောင်လည်း ပစ်မှတ်ကို မီးထွန်းပေးထား လေသလား၊ အဆိုပါ စီမံကိန်းမှာ တရုတ်ဝန်ထမ်းတွေ ၆၀ကျော်ရှိပါတယ်...။ ဖယောင်းတိုင်ထွန်းပြီး နေထိုင်နေတာ မဟုတ်ပဲ အခန်းတိုင်းမှာ လေအေးစက်နဲ့ လျှပ်စစ် မီးထိန်ထိန်လင်းလျှက်ပါ..။

ဒီစီမံကိန်းထဲက ရရှိတဲ့ အကျိုးအမြတ်တွေကို ပြည်သူတွေ ရရှိခံစားဖို့ ဘေးဖယ်ထား၊ သိရှိခွင့် ရှိပါလေလား..။ ဖြုန်းနေတာလား သုံးနေတာလားဆိုတာ ခွဲခြားသိနိုင်ဖို့ ဒီမြင်ကွင်း မှတ်တမ်းတွေကို ဖြေဆိုပေးဖို့ တောင်းဆိုပါတယ်..။

လျှပ်စစ်ဝန်ကြီးဆိုသူနဲ့ သမ္မတအကြံပေး ဆိုသူတို့ ဖယောင်းတိုင်နဲ့ နေအိမ်မှာ ခြိုးခြံချွေတာပြီး စံပြနေထိုင်ပြပါ။

မြန်မာစကားပုံမှာတော့ မြန်မာအစတကောင်းကတဲ့ခုတော့တောင်ကြောလိုက်တရုတ်ကိုရောင်းစားထားတဲ့မြန်မာအစဆိုတဲ့
တကောင်းမှာတော့လျပ်စစ်မီးတွေထိန်ထိန်ညီးတရုတ်ကုမ်ဏီတွေနေထိုင်လုပ်ကိုင်နေပြီးမြန်မာပြည်သူတွေကတော့
ထုံးစံအတိုင်းအမှောင်နဲကမဲမဲမှာငုတ်တုတ်ပေါ့...................

ဒီထက်ဆိုးတာကတော့တရုတ်ဝန်းထမ်းတွေနေထိုင်တဲ့စက်ရုံဝင်းအပြင်ဘက်မှာမြန်မာလူမျိုးတွေ
ခြံထွက်သီးနှံလေးတွေကိုဗန်းလေးတွေနဲ့ရောင်းချနေရတဲ့မြင်ကွင်းပါဘဲ...............

ယခုမြင်ကွင်းလေးကတော့ယခုလဆန်းပိုင်းကမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးထားတဲ့ပုံပါ.....................

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့