Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 27 May 2012

အမှားမြင်လျှင် အမှန်ပြင်

                                            
မမှားသော ရှေ.နေ - မသေသော ဆေးသမား” ဤလောကသားများအလယ်မှာမရှိသလောက်ကို ရှားလှမယ်ထင်ပါတယ် ။ လူ.အသိုင်းအဝန်းမှာကြည့်ပါက လည်း “အမှား” ကင်းသူဟူ၍ ရှာမတွေ.နိုင်ပါ။ 
အနည်းနဲ.အများ ကွာခြားချက်သာရှိကြမှာဖြစ်ပါတယ်။
အရေးကြီးသည်က “မိမိအမှားကို အမြန်သိပြီး အမှန်ရောက်တဲ့အထိ ပြင်ကြည့်ကြ” ဖို.လို
ပါတယ် ။ “မှားမှန်းသိလျက် ပြင်ရန်ခက် “ နေပါကလည်း ဘဝအတွက် ရတက် မအေး စရာ ဖြစ်လာ
တော့မှာအမှန်ပါ ။
ဒီလို မိမိအမှားကို “အမှား” ရယ်လို. မိမိကိုယ်တိုင် သိနိုင်ဖို.ဆိုတာကလည်း အင်မတန်.
ကို မလွယ်တဲ့ကိစ္စပါ။ လူ အများစုအနေနဲ.က ကိုယ်လုပ်တာသာ”အမှန်” ပါလို.တယူသန်နေ တတ်ကြတာမဟုတ်ပါလား ။
ဒါ့ကြောင့် “အမှားကို အမှား“ပါလို. မိမိအကျိုးကိုသာ လိုလိုလားလားနဲ. ပြောဆိုညွှန်ပြ ဆုံး မပေးနိုင်တဲ့ “ဆရာကောင်း- မိတ်ဆွေကောင်း” ဆိုတာလည်း အရေးတကြီးကို လိုအပ်လှပါတယ်။
နေရာတကာ”မှန်ပါ့-ဟုတ်ပါ့“ လုပ်ပြ-ပြောဆိုပြီး ညာစား ဝါစား နေကြတဲ့ ကပ်ဖါး-ကပ်စားတွေက လည်း ဒီလောကထဲ နည်းမှ မနည်းတာကလား ။
သက်ကြီးစကား တစ်ဆင့်ကြားထားတဲ့ “မြှောက်တိုင်းလည်း မမြောက်နဲ “ ဆိုစကားကလည်း မှတ်သား မှတ်သားလောက်ပါပေတယ်။ရာထောင်များစွာသောကျောင်းသားတွေထဲမှာအတော်
ဆုံး အထူးချွန်ဆုံးဖြစ်နေတဲ့ “အဟိံသက” ဆိုတဲ့ကျောင်းသားကို နာမည်ကျော် ” ဒိသာပါ
မောက္ခဆရာကြီး” က-“ ငါ့တပည့်က လူရည်ချွန်ကြီးဆိုတော့ အတတ်ပညာပန်းတိုင်ရောက်
အောင်ချီးမြှောက်ရမယ်-ဒါ့ကြောင့် လက်တွေ.ပညာအနေနဲ.”လူပေါင်းတစ်ထောင်ပြည့်အောင် သတ်ရမယ်“ 
တဲ့။
“အဟိံသက” ကလည်း ပထမ ငြင်းပေမဲ့ သူ.ကိုမြှောက်ပင့်နေတဲ့ဆရာကြီးကို မလွန်ဆန်နိုင်တဲ့အဆုံး “လူ သတ်သမားကြီး” လုံးလုံးဖြစ်သွားခဲ့ရပါသတဲ့။
သူကတော့ “အင်္ဂုလိမာလ” ပါပဲ ။
နာမည်ကျော် တက္ကသိုလ်ကျောင်းက ဒိသာပါမာက္ခဆရာကြီး ကလည်း “အဟိံသက”ရဲ့ ပညာ ထူးချွန်မှုကို မနာလိုဖြစ်နေကြတဲ့ ကျောင်းသားများရဲ့ ဂုံးစကားကို နှသုံးသားမှာ အမှတ်မှားလို. “အဟိံသက” ရဲ့ဘဝအား ပညာဓါးနဲ.ပါးပါးလှီးဖြစ်လိုက်ခြင်းပါ။ 
မကြာခဏ ဆိုလာကြတဲ့ကျောင်းသားများရဲ့စကားကို အဟုတ်ကိုအယုံမှားတဲ့ ဆရာကြီးဟာလည်း
“မကောင်းတဲ့ မိတ်ဆွေများရဲ့အနီးကပ် ပေါင်းကြံမှုကိုခံလိုက်ရတာပါပဲ။
အဲဒီနောက်လူတော်လူကောင်းလေး“အဟိံသက”တစ်ယောက် ထောကြီးထဲ ရောက်သွားပါတယ်။
လူတွေသတ်ပြီးမှတ် လို.မရတော့ လက်ညှိုးတွေဖြတ်-ကြိုးနဲ.သီပြီးမှတ်ပါသတဲ့။ “အင်္ဂုလိမာလ” ဆိုတဲ့အဓိပ္ပါယ်ကလည်း “လူသေတွေရဲ့ လက်ညှိုးကို ပန်းကုံး လိုသီ လည်မှာဆွဲတဲ့ လူမိုက်ကြီး
ဖြစ်ပါတယ်။
ဒီလိုနဲ.လူဆိုးလူမိုက်ကြီးဖြစ်သွားတဲ့ “အင်္ဂုလိမာလ”အဖြစ် ဘုရင်ကအစ အကြောက်ရ အလန်.
ရဆုံး လူသတ် သမားကြီးအဖြစ် သတ်မှတ်ခံလိုက်ရပါတော့တယ်။
သူရှိနေတဲ့တောကြီးကိုလည်း ဘယ်သူမှဖြတ်မသွားရဲ မလာရဲကြတာ့ဘူးပေါ့။ လူတစ်ထောင်ပြည့်
ဖို.တစ်ယောက် သာလိုတဲ့အချိန်မှာ သူ.ရဲ့မိခင်ဖြစ်သူကလည်းသားရဲ့သတင်း ကိုကြားပြီးသားကို
ခေါ်ဖို.တောထဲကိုလိုက်သွားပါတယ်။
ဒီအချိန်မှာ ဗုဒ္ဓမြတ်ဘုရားကလည်း ကျွတ်ထိုက်သူကို ချွတ်ဖို.ဥဏ်တော်နဲ. အကြည့်---လူ.အသိ
မရှိတော့တဲ့ “အင်္ဂုလိမာလ” ဟာ “အမေ” ကိုမြင်လို.တောင် သတိရှိမှာ မဟုတ်ပဲ သတ်မိ 
တော့မှာကိုလည်းမြင်ရော တန်ခိုးတော်နဲ.“အင်္ဂုလိမာလ” ထံအရောက်ကြွတော်မူခဲ့ပါတယ်။
“အင်္ဂုလိမာလ”လည်း ဘုရားကိုမြင်တာနဲ.အတင်း ပြေးလိုက် တော့တာပေါ့ ။ ဖြေးဖြေးချင်း ကြွ လှမ်းတော်မူနေတဲ့ မြတ်ဘုရားကို အစွမ်းကုန် အပြေး လိုက်နေတဲ့ “အင်္ဂုလိမာလ” က မမှီနိုင်ပါ ။ တကယ်တော့ မြတ်ဗုဒ္ဓက ခန္တီမေတ္တာဓာတ် နဲ. တန်ခိုးတော်ကိုလည်းသုံးခဲ့ပါတယ်။“အင်္ဂုလိမာလ” သွားနေတဲ့ မြေကြီးကို လှိုင်းထ အောင်ဖန်ဆင်းလိုက်တဲ့ အပြင် မြေပြင်ကို ခေါက်လိပ်ဖြစ်စေပြီး
“အင်္ဂုလိမာလ” ဖက်မှာအတွန်. အလိပ်တွေဖြစ်စေပါတယ် ။ ဒါကြောင့် “အင်္ဂုလိမာလ" လည်း ပင်ပန်းဆင်းရဲကြီးစွာနဲ.ပြေးလိုက်နေရရှာပြီဖြစ်ပါတယ်။ သူ.ခမြာဘယ်လောက်ပြေး လိုက်လိုက်
မြတ်ဘုရားကို အမှီမလိုက်နိုင်ပါ။ အတော်ကြာတဲ့အခါ အင်္ဂုလိမာလ”က မောလွန်းလို.မလိုက်နိုင်
တော့ပဲ ”အို-ရဟန်းကြီးရပ်ပါတော့ - ရပ်ပါတော့” လို.ဆိုလာပါတယ် ။
“ချစ်သား“ အင်္ဂုလိမာလ”ငါဘုရားက ရပ်နေပြီးဖြစ်ပါတယ်-ရပ်ရမှာက သင်ချစ်သားပါ” လို.
မိန်. ကြားလိုက်ပါတယ်။ ဒါကိုနားမလည်လို.“အင်္ဂုလိမာလ”ကပြန်မေးလိုက်တဲ့အခါ “ချစ်သား 
အင်္ဂုလိမာလ” ငါဘုရားရပ်နေတာက ဘဝသံသရာလမ်းဆုံး အရဟတ္တမဂ် အရဟတ္တဖိုလ်ကိုရပြီး ခန္တီ
မေတ္တာ ဂရုဏာစတဲ့ သူတော်ကောင်းတရား အပေါ်ရပ် တည်နေပြီးဖြစ်လို. ဘဝသံသရာမှာ
ပြေးဖို.မလိုတော့ဘူး-ဒီဘဝနောက် ဆုံးပဲ--ဒါကြောင့် ငါဘုရားရပ်နေတယ်လို. ပြောတာ။
သင်ကတော့ မပြေးနိုင်လောက်အောင် ဖတ်ဖတ်မောနေလို. ရပ်နေပေမဲ့သတ္တဝါများအပေါ် စောင့်
စည်း ထိန်းချုပ်မှုမထားပဲ လူတစ်ထောင်ကို မိုက်မိုက်ကန်းကန်း အရမ်းသတ်ခဲ့တယ်။ ခန္တီ မေတ္တာ ဂရုဏာစတဲ့သူတော် ကောင်းတရားအပေါ်ရပ်တည်နိုင်စွမ်းမရှိဘူး။ ဒီသင့်ရဲ့ မကောင်းမှုတွေကြောင့် ဘဝသံသရာမှာရော- အပါယ် ၄-ဘုံမှာရော ဆင်းရဲပူလောင်စွာနဲ. မဆုံးနိုင်အောင် ပြေးသွားနေ ရဦးမှာ-သင်လုပ်နေတဲ့အလုပ်တွက ပြေးရမယ့်အလုပ်တွေ ဖြစ်တယ်။ အကု သိုလ်ဆိုတာ ကြွေးယူ တာပဲ- 
မဆုံးနိုင်အောင် အတိုးနဲ.ဆပ်ရမှာပဲ။ ဒါ့ကြောင့် သင့်ကိုအပါယ် သံသရာမှာ ပြေးကြောင်း
မကောင်းတဲ့ ရက်စက်
ကြမ်းကြုတ် သတ်ဖြတ်မတဲ့ အလုပ်ကို ခုချက်ခြင်းရပ်လိုက်ပါဆို တဲ့အနေနဲ. ရပ်ခိုင်းတာ”ဒီလို မြတ်ဘုရားရဲ့တရားစကားကိုနာကြားလိုက်ရတယ်ဆိုတာနဲ.အခြေခံပညာကောင်း
တဲ့ “အင်္ဂုလိမာလ” ဟာအသိတရားချက်ခြင်းရသွားပါတာ့တယ် ။ ဒါ့ကြောင့်သာပဲ ဘုရားထံမှာ အမှား
ကိုဝန်ခံပြီး ရဟန်းအပြီးဝတ်သွားခဲ့ပါတယ် ။
လောကမှာ အမှားကိုအမှန်ထင်နေရင် အင်မတန်ကြောက်စရာကောင်းပါတယ်။ တက်လမ်းလည်း ပိတ်သွားးပြီဖြစ်ပါတယ်။ အမှားကိုမှားမှန်းသိတာနဲ. တစ်ပြိုင်နက် ချက်ချင်း ပြင်လိုက်ပါ။ အမှား
ကို အမှန်ပြင်တာ ဘယ်အခါမှ နောက်ကျတယ်လို.မရှိ- အသိ တရားနဲ.အပေါင်းအသင်းကိုလည်း သတိထားရွေးတတ်ဖို.လိုပါတယ် ။
”ဘယ်သူမှ အတိတ်ကို ပြန်သွားပြီး ဆိုးရွားတဲ့အစကို ပြင်လို့မရပါဘူး။ ဒါပေမယ့် အောင်မြင်တဲ့ 
အဆုံးသတ်ရဖို့ အခုချက်ချင်းစတင် လှုပ်ရှားတာကိုတော့ လူတိုင်းလုပ် လို့ ရပါတယ်” လို.ပညာ
ရှင်များက ဆိုထားကြပါတယ် ။
ရွှင်လန်းချမ်းမြေ့ကြပါစေ

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့