Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 27 May 2012

သိသလောက် Free Download ရနိုင်တဲ့ Android Markets များ

အခု ၂သိန်း၊ ၂ သိန်းခွဲတန် ဖုန်းတွေထွက်လာတော့ လူတိုင်းလိုလို ဖုန်းတွေ ၀ယ်ကိုင်နိုင်ကြပါပြီ။ ပြီးတော့လည်း အခု tablet ခေတ်ရဲ့ ခေတ်ဦးပိုင်းကို ရောက်လာပြီလို့လဲ ပြောလို့ရပါတယ်။ အခု ဖုန်းတွေ tablet တွေမှာ အများဆုံးသုံးတာကတော့ (မြန်မာလို) စက်ရုပ်လို့ ခေါ်တဲ့ Android ပါ။ သူက Google က ထုတ်တာဖြစ်ပြီး Apple ရဲ့ iOS ကို ယှဉ်ပြီး ထုတ်ထားတာ ဖြစ်ပါတယ်။ (ပန်းသီးကတော့ ကျွန်တော် ကိုယ်တိုင်လည်း မကိုင်နိုင်သေးပါဘူး။ xD) အခု Android ကို ကလိမိတဲ့အခါ တွေ့ရတာက လူတော်တော်များများက ဆိုင်တွေမှာ Application တွေ ထည့်နေကြပါတယ်။ ဘာကြောင့်များလည်း ဆိုတာတော့ စဉ်းစားလို့ မရဘူးဗျာ... Online မှာ Apk (Android application installer) တွေ အများကြီးရှိပါတယ်။ Free, Paid and for sale ပေါ့။ အများကြီးပါ။ အဲဒီ့ အထဲကမှ နည်းနည်း လူသိများတာက...း
အဲဒီ့ ၂ ခုပါ။ သူတို့ဆီမှာလည်း အများကြီး ရှိပါတယ်။ ခုနပြောတဲ့ Free, Paid တွေလိုမျိုးပေါ့။ Paid ဆိုတာက သူက ၀ယ်ပြီး ပြန်တင်ပေးထားတာပါ။ Ads တွေ ဘာတွေ မရှိတော့ဘူးပေါ့ဗျာ။ အဲ... ဒါမယ့် အဲဒီ့ နှစ်ခုနဲ့ မကြိုက်သေးဘူး။ မလုံလောက်သေးဘူး။ အကြိုက်မတွေ့သေးဘူးဆိုရင် ကျွန်တော် အမြဲလိုလိုဝင်မွှေနေတဲ့ Website တချို့ ဖော်ပြပေးလိုက်ပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း noob တစ်ယောက်ပါ။ ဘာမှ မသိသေးပါဘူး။ Android ကို စိတ်ဝင်စားတဲ့ လူတွေအတွက် တတ်သလောက် မှတ်သလောက် တင်ပေးတာပါ။ ကျွန်တော် မွှေနေကြ Site တွေကတော့...
အစရှိတဲ့ ဟာတွေပါ။ "အစရှိတဲ့" လို့ စကားခံထားတာ ချန်ချင်လို့ မဟုတ်ပါဘူး။ အောက်မှာ ဆက်ပြီး ရေးထားပါတယ်။ တပေါင်းတစည်းတည်း ဘာလို့ မပြရလဲဆိုတော့ အောက်က Site တွက Forum သဘောမျိုးဖြစ်နေလို့ပါ။ ကျွန်တော် အမွှေနှောက်ဆုံး Website တွေလဲ ဖြစ်နေလို့ပါ။ ထူးခြားစေချင်လို့ သတ်သတ်ခွဲထုတ်ပေးလိုက်တာပါ။ အဲဒီ့ Forum Site တွေကတော့...
အဲဒီ့ နှစ်ခုပါ။ အရမ်းကောင်းလို့ တကယ်ကို Recommend ပေးလိုပါတယ်။ အဲ... Software တင်ရုံနဲ့ မကျေနပ်သေးဘူး။ Technical ပိုင်းဆိုင်ရာ အမြစ်တူးချင်တယ် (Rooting), Firmware Upgrade လုပ်ချင်တယ်ဆိုရင်တော့...
ရှိပါတယ်။ အဲဒီ့ကတော့ Android developers တွေ အကုန် စုပြီး ဆွေးနွေးကြတဲ့နေရာပါ။ Firmware Upgrade လုပ်ချင်လို့ Custom Rom တွေ ရှာမယ်ဆိုရင်တော့...
အဲဒီ့မှာ သွားရှာလိုက်ပါ။ စုံစုံလင်လင်ရှိပါတယ်။ ကိုယ့် mobile အမျိုးအစားနဲ့ ပတ်သက်ပြီး ရှာလိုက်ပါ။ တစ်ခုလောက် ကြားဖြတ်ပြီးပြောချင်တာက Firmware Upgrade ကို Custom Roms နဲ့ တင်ရင် ဖြစ်လာနိုင်တဲ့ Risk တွေကို ရေးပေးချင်ပါတယ်။ ဒါပေမယ့် အခု ဇာတ်လမ်းရှည်နေမှာစိုးတဲ့ အတွက် နောက်မှပေါ့။ အချိန်ရရင် ထပ်ရေးပေးပါဦးမယ်။
ဒီစာကိုဖတ်ပြီးတော့ လူတစ်ဦးတစ်ယောက် အဆင်ပြေသွားတယ်ဆိုရင် ကျွန်တော် ရေးရကျိုးနပ်ပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့