Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 26 May 2012

ယောက်ျားတစ်ယောက်ရဲ့မာန

နားလည်မူ့ လွဲမှားစွာနဲ့
ကျောခိုင်း ထွက်ခွာသွားတဲ့
မိန်းမတစ်ယောက်ကို
လိုက်ညှိ ဖြေရှင်းနေတဲ့
ခပ်ညံ့ ညံ့ ယောင်္ကျားတွေထဲမှာ
ငါ…ဟာ…ထိပ်ဆုံးကိုရောက်နေတယ်
ငါအရမ်း ချစ်ပေမဲ့
 စော်ကားမူတွေ များလာတဲ့အခါ
နှလုံးသား ကွဲကြေသွားပြီး
လိုက်ဖြေရှင်းရင်းနဲ့…….။
ငါ….ဟာ…………..
ဘာလို့လဲ ဆိုတော့
ငါက အင်မတန်မှ မာနမကြီးတတ်တဲ့
ခပ်ညံ့ညံ့ ယောင်္ကျားထဲကဆိုတာ
မင်းသိနေပါတယ်
နှလုံးသားထဲမှာ
အမာရွတ် တစ်ခုထင်ကျန်ရစ်ခဲ့မယ်ဆိုရင်
အဲ့ဒီအမာရွတ်ကို
မာနနဲ့ ဖျက်ပြစ်လိုက်မယ်လို့
ငါခံယူမထားပါဘူး
သိပ်ချစ်တတ်တဲ့မိန်းကလေးတွေ............လောကမှာ အင်မတန်ရှားတယ်။ ။
ငါ့အတွက်တော့ မင်းဟာ………
အလိုအပ်ဆုံးဆိုတာ…..နားလည်မူ့လေးနဲ့……..။

(ပြန်လိုချင်တယ် အရင်က....ရဲ့ ဂရုစိုက်မှု၊ခင်မင်မှုနဲ့ဂရုစိုက်မှုတွေ)

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့