Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 26 May 2012

ပြင်လိုက်ရင် ကောင်းသွားမယ့် ဟာလေးတွေ

ကျနော်တို့ မြန်မာနိုင်ငံမှာပြင်သင့်တာတွေ ကတော့များတယ်ဗျ
၁။  ကျနော် တို့  ရန်ကုန်လေဆိပ်ကိုရောက်ရောက်ခြင်းဘဲ တွေ့ ရမှာက အင်္ကျီအပြာနု လေးတွေနှင့် service  လို့ ရေးထားတဲ့ အင်္ကျီ တွေဝတ်ပြီး ကျနော်တို့ အိတ် လေး ကို ပေ၂၀လောက်လေးရွေ့ ပေးတာနှင့် ငွေတွေ မတရား ရုပ်ပျက်ဆင်းပျက်တောင်းတာပါ ရန်ကုန်လေဆိပ်မှ မဟုတ်ပါဘူး ရန်ကုန်ဘူတာကြီးမှာရောပါ
၂။  လေဆိပ်ဝန်ထမ်းတွေဆိုတာနိုင်ငံရဲ့တခါးပေါက်မှာနေသူတွေပါ တခြားဝန်ထမ်းတွေကပါ နိုင်ငံခြားမှာအလုပ် လုပ်နေသူတွေ ကို အဆင်ပြေလား မပြေလားမသိ တောင်းတော့တာပါဘဲ၊ နဲနဲပါးပါး အဆင်မပြေ မှားယွင်းခဲ့ရင်တော့ ကြမ်းပိုး လိပ်လုပ်ပီး တောင်းပီတာ မှတ်ပေရော့။ နိုင်ငံခြားမှာအလုပ် လုပ်နေသူတွေ ဟာ ရင်တမမ အလုပ်လုပ်နေရတဲ့သူတွေပါ ပြန်လာရင်လဲ နိုင်ခြားလေဆိပ်မှာ အဆင်ပြေချောမွေ့ သလောက် ရန်ကုန် လေဆိပ်ကိုကြောက်နေကြတာ နိုင်ငံခြားအလုပ်လုပ်နေသူ ၁၀၀မှာ ၉၈ယောက်လောက်က ကြောက်နေကြသူတွေပါ
၃။ အစိုးရ၀န်ထမ်း လုပ်ကတည်းက ဘာကြားပေါက်ရှိလဲမေးပီးမှ ၀င်လုပ်ကြတာပါ နောက်ပီး ရုံးချိန်ကို ဘယ်လို စစ်လဲ မစားလောက်တော့တာလူကြီးတွေ ကကြည့်ပေးတာပါ ရုံးချိန်ကြတော့ တိကျမှုကြတော့အားနဲနေပါတယ် ။ တနေ့ တနေ့ အလုပ်ဘယ်လောက်ပီးလဲ ဆန်းစစ်ကြည့် ပေးကြပါ ငါဒီနေ့ နိုင်ငံအတွက် ဘယ်လောက်အလုပ်လုပ်လဲပေါ့ ဌာန အားလုံးကိုပါ
၎။ နိုင်ငံခြားမှာ ပြည်သူ့ ရဲတွေဟာ သူတို့ နိုင်ငံသားကို အင်မတန်ကူညီ ကာကွယ်ပေးကြတာပါ မြင်နေကြားနေရပါတယ် ကျနော်တို့ ဆီမှာတော့ ပြဿနာမဖြစ်လိုက်နှင့် အထုတ်လိုက် လိုက်ကြပေတော့
၅။ နောက်ပီး ဆေးဘက်ကူညီမှု ပညာရေး ကူညီမှု တို့ ကအစပါ ဆေးရုံတက်မလား ငွေလေး၂ကျပ်နှင့် မှတ်ပုံတင်လိုက်  ဆေးထိုးမလား ဆေးဝယ်ဆရာမလိုပါဘူး သူနာပြုတွေ ကလိုသလို ပြုစုသွားတာပါ လူနာစောင့်မလိုပါဘူး ကျနော်တို့ နိုင်ငံခြားသားတွေတောင် ဆေးအာမခံလုပ်ထားရင် အဲလိုပြုစုပါတယ် လူနာစောင့်မယ်ဆိုရင်လဲ ခွင့်မပြုပါဘူး မင်းဘာလုပ်တတ်လဲ လို့ မေးခံရပါတယ် ။ သူနာပြုတွေကလဲစိတ်ရှည်ပါတယ် လိုအပ်ရင် ကုတင် ထိပ်မှာခလုတ်လေးနှိပ်လိုက်ရင် လာမေးပါတယ် အိမ်သာသွားတာကအစ အကုန်ပြုစုပေးပါတယ် ကျနော်တို့ ဆီမှာ တံခါးပေါက်စောင့်ကတောင် အထူးကု ဆရာဝန်လောက် ပါဝါရှိကြပါတယ် မယဉ်မကျေးပြောတာကတော့ ရိုးနေပါဘီ
ကဲ ဆက်ရေးရ ရင် မောတော့မယ် ပြင်သင့်တာတွေ ကအများကြီးပါ  ပညာတတ်တွေ ကို ပြန်ခေါ်တာလက်ခံပါတယ် ပြန်သင့်ကြပါတယ် ပညာတတ်တွေရဲ့ အကြံညဏ်လိုပါတယ်ခုချိန်မှာ ဒါပေမယ့် အဲဒီပညာတတ်တွေကို လစာဘယ်လိုပေးမယ် ကုမ္မဏီတွေမှာလုပ်ရင်တောင် လစာဘယ်လို သတ်မှတ်ပေးမလဲ ဒါတွေလဲစီစဉ်ပေးသင့်ပါတယ် ပညာရေးမှာ ဂရန်တီရှိသင့်ပါတယ် ဥပမာ စီးပွားရေးမေဂျာနှင့် ပီးတဲ့သူ တစ်ယောက်ဟာ ဘယ်လောက်အဆင့်ဘာတွေ ဘယ်လိုစာရင်းတွေ ဘယ်လိုနိုင် တယ်ဆိုတာ သက်ဆိုင်ရာ တက္ကသိုလ် ကလဲ အာမခံ ပေးနိုင်ရပါမယ် ခေါင်းပေါ်ခမောက်ချပ်တင်ပေးနိုင်ရုံလောက် မေးခွန်း ၃စုံလောက်ဘဲသင် ဒီ၃စုံထဲကနေ အောင်မှတ်မရလို့ ဆရာကိုကန်တော့ပီး ဘွဲ့ ယူလာကြရင် နိုင်ငံခြားလဲရောက်ရော အင်္ဂလိပ်လိုတောင်မပြောတတ်ကြတော့ မြန်မာပြည်က ဘွဲ့ ၇တွေ ကို အထင်မကြီးကြတော့ဘူးပညာအဆင့် ကို ဘယ်သူတွေဖျက်ဆီးကြပါသလဲ
 နောက်ပီး ဒီဘွဲ့ ရရင် လစာဒီလောက်ရ ရမယ် လို့ သတ်မှတ်ကြေးလဲ ရှိသင့်ပါတယ် ၂ဘွဲ့ ရရင် ဒီလောက်ရ ၇မယ် ပညာကလဲ တကယ်စစ်မှန်စွာတတ်ကြရမယ် ကဲ......ပြင်ပေးကြပါဗျာ
စစ်မှန်သောစေတနာဖြင့်................

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့