Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 26 May 2012

❤❤❤ နောင်ဘဝမှာ ❤❤❤

လူတွေက ပြောတယ်……..
 အချစ် ” ဆိုတာ “ ပူလောင်မှု ” တဲ့…..
ဒါဖြင့်…… “ အမုန်း ” ဆိုတာကရော  “ ပူလောင်မှု ” ပဲလား???
 အချစ် ” ရှိရင် “ အမုန်း ” ရှိလာမှာပဲလား???

လောကကြီးရယ်…….ရက်စက်လိုက်တာ
 ဆုံဆည်းခွင့် ” မရှိဘဲနဲ့ "ဆုံတွေ့ခွင့်"တွေပဲ ပေးခဲ့လို့…….
မဆုံပေးတဲ့  ကံကြမ္မာကိုပဲ  အပြစ်တင်ရမလား??
မထားသင့်တဲ့  “ မာန ” ကြောင့်ပဲလား?

အခုဆို……….
မင်းအကြောင်းတွေ မတွေးဖြစ်တော့ပေမယ့်….
နာမည် ကြားလိုက်တိုင်း ရင်နာနေဆဲပဲ…..
မင်းးးးးးးးငါ့ကိုသိပ်မုန်းနေမှာပဲနော်……
ဒါတွေ အားလုံးဟာ အိမ်မက်ဖြစ်ရင် သိပ်ကောင်းမှာ.
နိုးသွားရင်  ပျော်ရွှင်ရမှာလေ…..။

မဖြစ်နိုင်မှန်း  သိရက်နဲ့ မလှမ်းသင့်တော့တဲ့ ခြေလှမ်းတွေ
မပြောသင့်တော့တဲ့ ငါ့ရင်ထဲက မှတ်တမ်းရာဇဝင်တွေ…
အားလုံးကို……….
အတိတ်ရဲ့ အခန်းလေးထဲမှာပဲ …ထာဝစဉ်…
သော့ခတ်သိမ်းဆည်းထားလိုက်တော့မယ်……………..။

ရင်အနာရဆုံးသူ “ ငါ ” အဖြစ်နဲ့….
အတိတ်ရဲ့ နှိပ်စက်မှုတွေကို  ရပ်စဲလိုက်တော့မယ်……
 ရေစက် ” ရှိဦးမယ်ဆိုရင်တော့လဲ………
 နောင်ဘဝ ”  မှာ ပြန်ဆုံချင်ပါတယ်…………..။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့