Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 6 May 2012

သူ့ အရပ် နဲ့ သူ့ ဇာတ်



တနေ့ က Shiohimatsuri လိုခေါ့်တဲ့ ပွဲတော်ကျင်းပတဲ့  Kamezakiမြို့ ကို သွားကြပါတယ်။


ကျမနေတဲ့ Takamaha မြို့ကနေ စက်ဘီးနဲ့ ၁၅ မိနစ်လောက်နင်းသွားရင်  ရောက်တဲ့ ပင်လယ်ကမ်းစပ်နားက
 ဘုရားကျောင်းရှေ့ ကွင်းပြင်မှာ လုပ်တာပါ။ကျမကြည့်ရတာတော့   နှစ်ထပ်ကျောင်းဆောင်လှည်းကြီးတွေကို 
ကွင်းပြင်မှာ ကြိုးနဲ့ လှည့်ပတ်ဆွဲ ကြတဲ့ ပွဲတော်ပါပဲ။



တစ်နှစ်တစ်ခါ လုပ်ကြတယ်တဲ့ ။သူတို့ အယူအဆ က တော့ ဂျပန်ရဲ့ ပထမဆုံးဧကရာဇ် မင်းဟာ စစ်အောင်ပြီး
ဒီပင်လမ်ကမ်းခြေက ပြန်လာတာကိုကြိုဆိုတဲ့ သဘော တဲ့။


အမယ်-တို့မြန်မာတွေကိုသာ ပွဲကြိုက်ကြတယ် ပြောတာ၊သူတို့ ဂျပန်တွေလည်း ပွဲကြိုက်တယ် သိလား

ဘာမှသာမဟုတ်တာနော်---ဒီပွဲလေးကို လာကြည့်ကြတာကြိတ်ကြိတ်တိုးပါပဲ။
 
 
သေချာ အလှပြင်ပြီး ၀တ်ကောင်းစားလှ တွေနဲ့ ကို လာကြတာ။
 
အော်--သူ့အရပ်နဲ့ သူ့ ဇာတ်တော့ ဟုတ်နေတာပဲနော်--လို့ ကျမစိတ်ထဲကတွေးမိပါတယ်။ 
 
ကဲ--ပုံလေးတွေ ကြည့်ရအောင်နော်-
 

( ပုံတွေများရင် ဆိုဒ် လေးမှာစိုးလို့  ပုံအားလုံး  Size 130KB နဲ့  ချုံ့ ပြီးတင် ထားပါတယ်ရှင်။)
 
 
 


   ပွဲလာကြည့်ကြသူတွေ

  ကျောင်းဆောင်ပေါ်က ကလေး တွေ
 
ဒီလိုမျိုး လူအများကြီး တပျော်တပါး
 
ဟိုဘက်ကားလမ်းရောက်အောင်ကြိုးနဲ့ ဆွဲကြတယ်
 



ဟိုဘက်လမ်းကနေ ဒီဘက်လမ်းကူးသွာတော့ 
ကည့်ချင်တဲ့သူတွေလိုက်ကြတာလည်း မြန်မာအတိုင်းပဲ။


ကားကြည့်ပေးရတာ ရဲတွေခမျာ အလုပ်ကိုရှုပ်နေတာပဲ--
 
ကျောင်းဆောင်ကြီးတွေကို တခုပြီးတခု ဟိုဘက် ကွင်းရောက်အောင်
 
တပျော်တပါးဆွဲနေကြတာများ
 
ပုလွေမှုတ်တဲ့သူကမှုတ်
 
နေရာမရှိလို့  အပြင် အုတ်တံတိုင်းကနေ ကြည့်ကြရတယ်
 
 သူတို့  လှည်းတွေက တစီးပြီးတစီး မပြီးနိုင်ဘူးနော်၊
မောလည်း မမောနိုင်ကြဘူး
 တော်ပြီ ပွဲဈေးလျှောက်ပြီး ပြန်တော့မယ်ဟယ်-
 ပွဲဈေးတန်းလေးကလည်းစည်လိုက်တာ--ရောင်းတဲ့ဆိုင်လေးတွေကအများကြီးပဲ

ချစ်စရာလေးတွေ ဟယ် --ဘာပါလိမ့်  -၂ ခုမှ ယန်း  ၃၀၀ တဲ့ - တန်တယ်
အော် --၀ယ်စားကြည့်မှ သိတယ်-ငှက်ပျောသီးကို ချောကလက်နဲ့  ငုံ ထားတာကိုး 

 ဒါက ရိုးရာဆိုင်လေးလေ
 
စီးကြမလား--အရင်ခေတ်က ဂျပန်တွေစီးတဲ့ ဖိနပ်တဲ့ 
 
 
အရက်စည်ပိုင်းက အလှူပေးတာတဲ့--သောက်ချင်တဲ့သူသောက်ကြပေါ့ နော်-
 
ဒါပေမယ့် သူတို့ကသောက်သာ သောက်တာနော်--
 
မူးပြီး အော်ဟစ်သောင်းကျန်းနေတဲ့သူ မရှိဘူး
 
 
ကလေးတို့အကြိုက် ဆိုင်လေးတွေ
 
 
 
ကျမတို့  ပွဲဈေးတန်းလေးဆုံးတော့ စက်ဘီးနဲ့ ပြန်လာတဲ့အထိ လူတွေက တဖွဲဖွဲ လာနေတုန်းပါပဲ။
 
သူတို့ လည်းပျော်ချင်ကြတာပေါ့ နော်--
 
 
တကယ်တော့  ဘယ်နိုင်ငံ ၊ဘယ်နေရာမှာနေနေ လူသားတွေ ဆိုတာ အတူတူပါပဲ။
 
 
ပျော်ပွဲရွှင်ပွဲလေးတွေ သွားချင်တယ်၊ လူစည်စည်ကားကားဆိုတိုးဝှေ့ ကြည့်ချင်တယ်။
 
 
မိသားစုနဲ့ ၊ ချစ်သူရည်းစားနဲ့  ၊ အပေါင်းအသင်းသူငယ်ချင်းတွေနဲ့  လျှောက်လည်လျှောက်စားချင်တယ်။
 
 ဒါမှလည်း လူ့ ဘ၀ နေရတာ ပျော်ရွှင်မှာပေါ့ --လူဆိုတာ စက်ရုပ် မှ မဟုတ်တာလေ နော့ ၊
 
 
 
သူတို့ဂျပန်လူမျိုးတွေရဲ့ ကောင်းတဲ့အကျင့်က -ဒီလိုပျော်ပါးတဲ့အချိန် ပျော်ပြီး အလုပ်လုပ်တဲ့ အချိန်လည်း 
 
အလုပ်ခွင်ထဲမှာ မပျင်းမရိ မခိုမကတ် တက်ကြွစွာနဲ့  ကိုယ့်တာဝန်ကျေအောင် အလုပ်ကြိုးစားလုပ်ပြီး ဘဝ
 
အာမခံချက် ရှိအောင် ကြိုးစားပြီး ရှာကြပါတယ်။ အတုယူစရာလေးပါ။
 
 
 
 
 
သူ့ အရပ်နဲ့  သူ့ ဇာတ် ပေါ့နော်--

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့