Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 27 May 2012

တောင်သူများ သော့ပိတ်ခံရ

မေလ၂၇ ရက်နေ့ ၂၀၁၂

မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်ရှိ တောင်သူများ စုပေါင်းကာ ဖွဲ့စည်းထားသော တောင်သူ
ကွန်ယက်အဖွဲ့က အကြောင်းအမျိုးမျိုးဖြင့် သိမ်းဆည်းခံထားရသော မြေယာများ ပြန်လည်
ရရှိစေရန်အတွက် ပြင်ဦးလွင် မြို့နယ်အ၀င် ကျောက်တော်ဘုရားပေါ်သို့ ယနေ့မနက် ၁၀နာရီ
ခန့်က ဆုတောင်းကာ ၀တ်ပြုခဲ့ကြသည်။ 

ဘုရားမှ ပြန်ထွက်စဉ် ဘုရားဝန်းတံခါးမှာ သော့ခတ်ကာ ပိတ်ထားကြောင်း အပိတ်ခံထားရသူ
တစ်ဦးက ဆက်သွယ်ပြောကြားသည်။

၎င်းတို့အနေဖြင့် “ သိမ်းဆည်းမြေယာ ပြန်ပေးပါ ” ခေါင်းစဉ်ပါဝင်သည့် တီရှပ်အင်္ကျီများဝတ်၍ 
ဘုရားဝတ်ပြုခြင်းဖြစ်ပြီး ဘုရားဝန်းအပြင်ဘက်တွင် အရပ်ဝတ် ရဲများစောင့်ကြပ်နေသည်ကို 
တွေ့ရှိရသည်။ 

တောင်သူ ၄ ဦးကို လည်း ရဲများက စစ်ဆေးရန် ခေါ်ဆောင်သွားကြောင်း ပြောကြားသည်။
ယခုအချိန်တွင် အကြောင်းစုံကိုသိရှိရန် ပြင်ဦးလွင်မြို့နယ်ရှိ လူ့အခွင့်အရေးလှုပ်ရှားသူများမှ
 ပြင်ဦးလွင်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းသော်လည်း အကြောင်းပြန်ခြင်းမရှိကြောင်းသိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့