Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 17 May 2012

စကားကြီးဆယ် ခွန်း

၁ ရေကူးညာတင်
၂ ကောက်ပင် ရိတ်လှီး
၃ ရေစီးဖောင်ဆန်
၎ အိုးတန် ဆန်ခပ်
၅ ဆီပွတ် ကျည်ပွေ့
၆ ဆင်ဝှေ့ရန်ရှောင်
၇ တောင်သူ ယာခုတ်
၈ ကြက်ဆုတ် ခွပ်ပစ်
၉ ရေစစ်သည့်အင်
၁၀ ခတ်တင်မောင်းနင်း

စသည်တို့ဖြစ်သည်.....အနက်အဓိပ္ပာယ်များး
၁။ရေကူးညာတင် စကားပြေနည်း
ရေကူးရာတွင် ရေညာမှ ကြိုတင်ကူးသွားမှ လိုရာ ရောက်နိုင်သကဲ့သို့ စကားအရာတွင် မိမိ ဆိုလိုချက်သို့
ရောက်အောင် အထက်က ကြိုတင်ပြောဆိုခြင်း ဖြစ်သည်။

၂။ကောက်ပင်ရိတ်လှီး စကားပြေားနည်း။
ကောက်ပင်များကို လက်တစ်ဖက်ဖြင့် မြဲမြံစွာ ဆုပ်ကိုင်ကာ ကျန်လက်တစ်ဖက်မှ တံစဉ်ကိုကိုင်ကာ တိခနဲနေအောင် ရိတ်ဖြတ်သကဲ့သို့ စကားအရာတွင် သူတပါးပြောသော စကားကို ချုံငုံမိအောင် သိမ်းကျုံး
ဖမ်းယူပြီးမှ မိမိက ပိုင်ပိုင်နိုင်နိုင် ပြောဆိုခြင်း ဖြစ်သည်။

၃။ ရေးစီးဖောင်ဆန် စကားပြောနည်း
လိုအပ်သော ပစ္စည်းများကို ဖောင်ပေါ်တင်ဆောင်ပြီး ရေဆန်သို့တက်လျှင် လိုရာခရီးကို ကောင်းစွာ
ရောက်နိုင်သကဲ့သို့ စကားအရာတွင် အောက်ခြေသိမ်း အကြောင်းအရာများကို ဥပမာ၊သာဓကတို့ဖြင့်
ဖြည်းညှင်းသာယာစွာ လိုရာရောက်အောင် ဝေဆာစွာ ပြောဆိုခြင်းဖြစ်သည်။

၎။ အိုးတန်းဆန်ခတ် စကားပြောနည်း
ထမင်းချက်သောအခါ အိုးနှင့်ဆန်တန်းရုံထည့်ကာ ချက်ပါက နူးနပ်စွာ သုံးဆောင်ရသကဲ့သို့ စကားအရာတွင်လည်း မယုတ်မလွန်နှင့် လိုရင်းရောက်အောင် ကိုယ်ဂုဏ်နှင့် တန်ရုံပြောဆိုခြင်း ဖြစ်သည်။
၅။ဆီပွတ်ကျည်ပွေ့ စကားပြောနည်း
ဆီကို ရအောင် ပွတ်သည့်အခါတွင် အထပ်ထပ်အခါခါ ပွတ်ရသကဲ့သို့ စကားအရာတွင်လည်း မိမိရည်မှန်ချက် ပြီးစီးအောင် အထပ်ထပ်ပြောဆိုခြင်း ဖြစ်သည်။

၆။ဆင်ဝှေ့ရန်ရှောင် စကားပြောနည်း ။
ဆင်က မိမိကို ဝှေ့ရန် လိုက်သောအခါ လွတ်ရာလွတ်ကြောင်း ရှောင်ခွာပြေးရသကဲ့သို့ စကားအရာတွင် မိမိထံသိုံ ကျရောက်လာမည့် စကား ဝါး မိမိအဖို့ ဘေးရောက်လာမည့် စကားကို ရှောင်လွှဲပြောဆိုခြင်း ဖြစ်သည်။

၇။တောင်သူယာခုတ် စကားပြောနည်း
တောင်သူတို့သည် ယာခုတ်လျှင် ခြုံငယ် သစ်ပင်တို့ကို ဦးစွာရှင်လင်းခုတ်ထွင်ပြီးမှ သစ်ပင်ကြီးငယ်များကို လှဲသကဲ့သို့ စကားအရာတွင် စကးငယ် အသေးအဖွဲများကို ပြောကြားပြီးမှ စကားကြီး စကားကျယ်တို့ဖြင့် အနိုင်ယူပြောဆိုခြင် ဖြစ်သည်။

၈။ရေစစ်ပမာ စကားပြောနည်း
ရဟန်းသံဃာများ သုံးသော ရေစစ်တစ်မျိုးကဲ့သို့ ထိုရေစစ်ကို ရေထဲတွင်နှစ်ကာ ရေပြည့်မှထိပ်က အပေါက်ကိုလက်ညှိးဖြင့် ပိတ်ပြီးဆွဲပါက ရေထွက်မကျပဲ အပြည့်ရှိသကဲ့သို့ စကားအရာတွင် သူတပါး ပြောဆိုခွင့် မရအောင် ပိတ်ဆို့ ပြောဆိုခြင်း ဖြစ်သည်။

၉။ကြက်ဆုတ်ခွပ်ပစ် စကားပြောနည်း
ကြက်များခွပ်သကဲ့သို့ နောက်ဆုတ်အားယူပြီး နိုင်လောက်မှ ခွပ်သကဲ့သို့ စကားအရာတွင်လည်း သူ့စကားကို အလိုက် အထိုက်ပြောကာ အသာစီးရမှ စကားကိုပြီးစီးအောင် ပြောဆိုခြင်းဖြစ်သည်။

၁၀။ခတ်တင်မောင်နင်း စကားပြောနည်း
ဆန်ပဲတို့ကို ထောင်းသော မောင်းနင်းသူသည် တဖတ်သို့ လိုက်ပါမသွားအောင် ကောင်းစွာဖိနင်းရသကဲ့သို့ စကားပြောဆိုရာတွင် မှန်သည့်ဖြစ်စေ မှားသည်ဖြစ်စေ စကားကို တက်သာ ဆုတ်သာဖြစ်အောင်မတင်မကျပြောရခြင်းဖြစ်သည်။ အဆုံးတိုင်လေ့လာသောသူကိုကျေးဇူးတင်ရှိပါသည်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့